အာမိတ်”” ””
✴ချင်းရွာလေးတစ်ရွာမှ မောင်လူအေး၏ ခေါ်ယူမွေးစားချင်းခံခဲ့ရသော ခွေးငယ်လေး။ ငါးလခန့်ငယ်သော လွေဇောလေးမှာလည်း အာမိတ်နှငိ့အတူ ချင်းရွာလေးတစ်ရွာကနေ ခေါ်ယူမွေးခဲ့ချင်းဖြစ်သည်။
အမွှေးဖားဖားနှင့်ခွေးထီးလေး အာမိတ်၊ မျက်နှာသွယ်သွယ်ခွေးမလေး လွေဇော...
သခင်ကိုကြောက်ပြီး သဘောကောင်းသောအာမိတ်၊လူမကြောက် ဒေါသနှင့်အငြိုးကြီးသော လွေဇော...
✴မောင်နှမလို ငယ်စဉ်ထဲကနေခဲ့သော အာမိတ်နှင့်လွေဇောတို့အား မောင်လူအေး၏ ဇနီးဒေါ်ခင်သန်းမြင့်မှ ထိမ်းမြားလက်ထပ်ဖို့ရန်အတွက် ရည်ရွယ်ထားသော်လည်း နှစ်ဦးကား၅၂၈မေတ္တာထက် မပိုခဲ့။
အာမိတ်ချစ်သော အိမ်နောက်ဖေးအစေခံတန်းလျားက ခွေးပိန်မလေး၊
လွေဇောမြတ်နိုးသော အိမ်နောက်ဖေးအစေခံတန်းလျားမှ ခွေးနက်ကြီးတို့အား ကိုယ်စီမေတ္တာမျှခဲ့ကြသည်။ မိဘလိုဖြစ်သော သခင်မဒေါ်ခင်သန်းမြင့်၏ နားတော်ဝ ပေါက်ကြားသောအခါ 'အဆင့်အတန်းမတူသဘောမတူနိုင်' ဟု အမိန့်ချမှတ်ပြီး ခြံဝန်းထဲ အာမိတ်နှင့်လွေဇောကို အတူထည့်၍ ချစ်ခြင်းကို ခွဲစေသည်။
✴ ခွေးနက်ကြီးမှလွဲလျှင် ''ဖွဲနှင့်ဆန်ကွဲ''ဟု သတ်မှတ်ထားသော
လွေဇော...၊ အာမိတ်၏ မေတ္တာစစ်မေတ္တာအမှန်အား သိပြီးနောက်
အာမိတ်အပေါ်တွင် မေတ္တာသက်ဝင်လာပြီး အိမ်ထောင်မှုတစ်ခုကို တည်ထောင်လိုက်လေသည်။
✴ ဇနီးဖြစ်သူ လွေဇော၊ သက်ဦးအမွှာများဖြစ်ကြတဲ့ အောင်း၊ဒိုင်း၊ချီ၊ဘူး၊ ဒွေးတို့၏ ဖခင်တစ်ဦးဖြစ်သည်တိုင် ဇနီးနှင့်သားသမီးများအပေါ်တွင်လည်း သစ္စာရှိရှိ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် အမြဲကာကွယ်စောင့်ရှောက်ခဲ့သည်။
✴လွေဇောမှာမူ သားသမီးကို ထားရစ်ကာ ခွေးနက်ကြီးနောက် ကောက်ကောက်ပါအောင် လိုက်သွားသော်လည်း အာမိတ်ကမူ ဖခင်တစ်ဦးပီပီ ပိုမို သိက္ခာရှိလာခဲ့သည်။
✴အချိန်ကြာညောင်းလာသောအခါ ခွန်အားဗလနှင့်ပြည့်စုံပြီး ဖခင်ကောင်းပီသသည့် အာမိတ်နှင့် မယားခိုးခွေးနက်ကြီးတို့
စစ်ဖြစ်ကြလေရာ ခွေးနက်ကြီးမှာ ရာဂတိုက်စားမှုကြောင့်
မယှဉ်နိုင်ပဲ ဒဏ်ရာပြင်းစွာဖြင့် ကျဆုံးလေသည်။
✴ငါးစိမ်းမြင် ငါးကင်ပစ်၊ အသစ်မြင် အဟောင်းမေ့သော လူတို့၏ချစ်ခြင်းမေတ္တာအကြောင်းကို မောင်လူအေး မရှင်းပြတတ်သလို၊ အာမိတ်လည်းနားမလည်။
သခင်ကိုလူအေးက ပူးပူးကပ်ကပ်ပွတ်သီးပွတ်သပ်မနေသော
အာမိတ်အား အပြစ်ဆိုပြီး၊ မောင်လူမွှေးရပြီးနောက်
မိမိအပေါ်ပြောင်းလဲပြီး သူစိမ်းဆန်သွားသော
သခင့်အားရှင်းပြသော အာမိတ်။
အပြောင်းအလဲမြန်တဲ့ လူ့စိတ်အကြောင်း အာမိတ်
နားမလည်သော်လည်း ပြန်လည်မဖြေရှင်းနိုင်သော မောင်လူအေး။
မုသားပြောသော သခင်၏ သားငယ်လေးမောင်မွှေးရဲ့
ရောဂါဒဏ်ကို အစားခံပေးလိုက်သော အာမိတ်။
သခင်ပေါ်ထားရှိသော မေတ္တာနှင့်သစ္စာတရားအား အနည်းငယ်မှမလျော့သည်ကို အာမိတ်သေမှ မောင်လူအေးများစွာ
သိနားလည်ခဲ့လေပြီ။
…………
မြန်မာစာ ဖတ်စာအုပ်ထဲက 'အာမိတ်'ဝတၳုတိုက ဒီစာအုပ်ထဲက အခန်းငယ်တစ်ဖြစ်ပါတယ်။ ဖတ်လိုက်ရတဲ့အချိန်မှာ အာမိတ်အကြောင်းအပြည့်စုံကို သိရှိသွားခဲ့ပြီး လူတွေရဲ့ပြောင်းလဲခြင်းသဘောတရားကို ပိုမိုသိရှိလာခဲ့ပါတယ်။
စာအုပ်ကောင်းတစ်အုပ်ဖြစ်သောကြောင့်
ဖတ်စေချင်သော စေတနာဖြင့်...
သဉ္ဇာ(Nyo????)