Book Image

၀တၳုတိုပေါင်းချုပ်

နေမျိုး

စာအုပ်အမည် - ၀တၳုတိုပေါင်းချုပ်

စာရေးဆရာ - နေမျိုး
မျက်နှာဖုံး - ရဲမြင့်သူ
ထုတ်ေ၀သည့်တိုက် - ငါတို့စာပေ
ထုတ်ေ၀သည့်နှစ် - နို၀င်ဘာလ ၂၀၁၅ ခုနှစ် (ပထမအကြိမ်)
တန်ဖိုး - ၅၅၀၀
-------------------------------------


နေမျိုး၏ ဝတၳုတိုပေါင်းချုပ် (စာအုပ်)

-------------------------------------
နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၌ ‘ငါတို့စာ‌ပေ’စာအုပ်တိုက်မှ ထုတ်‌ဝေခဲ့သည်။ ဝတၳုတို‌ပေါင်းချုပ်စာအုပ်တွင် ‌နေမျိုး၏ ဝတၳုတို၊ ဝတၳုလတ်နှင့် စကား‌ပြေအ‌ရေးအသား(၁၁၆)ပုဒ် ပါဝင်သည်။ ‘‌ကြေးရုပ်မြို့‌တော်’၊ ‘‌တောကျီးကန်း’၊ ‘ရုပ်ရှင်’အစရှိသည့် စကား‌ပြေလက်ရာများအပါအဝင် ‌နေမျိုး၏ ထင်ရှားသည့်စာ‌ပေလက်ရာများကို ဝတၳုတို‌ပေါင်းချုပ်တွင် ဖတ်ရှုရမည်ဖြစ်သည်။ ‌နေမျိုး၊ ဝတၳုတို‌ပေါင်းချုပ်၊ ဝတၳုတိုစုစည်းမှုဟုဆို‌သော်လည်း ဝတၳုလတ်ဟုသတ်မှတ်နိုင်‌သော ‘ရုပ်ရှင်’ဝတၳုကဲ့သို့ ဝတၳုအမျိုးအစားများကိုလည်း ‌တွေ့ရသည်။ ဝတၳုတို‌ပေါင်းချုပ်ဟုဆို‌သော်လည်း စာအုပ်ပါအ‌ရေးအသား အားလုံးကို ဝတၳုတိုများဟုဆိုရန် ခက်ခဲ‌ပေလိမ့်မည်။ ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်ပါ စကား‌ပြေအ‌ရေးအသားများကို ဝတၳုတို၊ ဝတၳုလတ်၊ အက်‌ဆေး၊ စာစုနှင့် စမ်းသပ်အ‌ရေးအသားများဟု ‌ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ‘ငါတို့စာ‌ပေ’အ‌နေဖြင့် အမျိုးအစား ခွဲခြား‌ပေးထားခြင်း၊ ဖွင့်ဆိုရှင်းပြထားခြင်းနှင့်အမှာစာထည့်သွင်းခြင်းအစရှိသည့် ထုတ်‌ဝေ‌ရေးလုပ်ငန်းများကို ‌ဆောင်ရွက်ထားခြင်းမပြု ထားဘဲ စာမူများကို စုစည်း၍သာထုတ်‌ဝေထားသည်ကို ‌တွေ့ရသည်။

နေမျိုး၏ စကား‌ပြေအ‌ရေးအသားများကို ၁၉၉ဝ ခုနှစ်ဝန်းကျင်ခန့်တွင် အား‌ကောင်း‌မောင်းသန်စွာဖြင့် ဟန်သစ်မဂ္ဂဇင်း၌ ဖတ်ရှုခွင့်ရခဲ့သည်။ အရသာအသစ်၊ အ‌တွေးအမြင်အသစ်နှင့် သစ်လွင်‌သောစာ‌ပေယဉ်‌ကျေးမှုကို ဆာ‌လောင်မွတ်သိပ်‌နေကြ‌သော လူငယ်များအကြားတွင် ‌နေမျိုး၏ စကား‌ပြေအ‌ရေးအသားများသည် ထင်ရှား‌အောင်မြင်ခဲ့ရသည်။ ‌နေမျိုး၏ စာ‌ပေလက်ရာများကို ဟန်သစ်၊ ကလျာ၊ သရဖူ၊ စတိုင်သစ်နှင့် ချယ်ရီမဂ္ဂဇင်းတို့၌ ဖတ်ရှုခဲ့ကြရသည်။ ‘ငါတို့စာ‌ပေ’မှထုတ်‌ဝေလိုက်သည့် ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်တွင် ၁၉၉ဝ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ ‌နေမျိုး‌ရေးသားခဲ့သည့် စာ‌ပေလက်ရာများကို စုစည်းထားခြင်း ဖြစ်သည်။ ထိုစာ‌ပေလက်ရာများသည် မြန်မာစာ‌ပေ‌လောကအတွက် အ‌ရေးပါ‌သောစာ‌ပေလက်ရာများလည်း ဖြစ်သည်။

နေမျိုး၏ စာ‌ပေလက်ရာများသည် အိပ်မက်နှင့်အစစ်အမှန်အကြားတည်ရှိ‌နေသည့် အမည်မသိနိုင်‌သောအရာဝတၳုများအ‌ပေါ် တည်‌ဆောက်ထားသည် ဟု ‌အောင်ခင်မြင့် ‌ရေးသား‌သော ‘တိမ်လှွာမို့မို့လွင်မှသည် ပို့စ်‌မော်ဒန်အနုပညာဆီသို့’စာအုပ်တွင် ‌ဖော်ပြခဲ့ သည်။ စကား‌ပြေပိုင်နိုင်ခြင်း၊ ‌ဝေါဟာရ‌ရွေးချယ်သုံးနှုန်းမှု အား‌ကောင်းခြင်းနှင့်ပိုင်နိုင်ခြင်း၊ ရိုးရှင်းသည့်အ‌ကြောင်းအရာကို ထူးခြားဆန်းသစ်စွာ တင်ပြတတ်ခြင်း၊ သမားရိုးကျ‌တွေး‌တောမှုများမှ ‌သွေဖယ်ခြင်း၊ စာ‌ပေအနုပညာဝမ်းစာပြည့်ဝခြင်း၊ စိတ်ကူး စိတ်သန်း‌ကောင်းမွန်ခြင်း၊ အနုစိတ်‌ရေးသားတတ်ခြင်း၊ ဝါကျတည်‌ဆောင်ပုံ အား‌ကောင်းခြင်းနှင့်လှပခြင်းစသည်တို့ကို ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်ပါ စာ‌ပေလက်ရာများတွင် ထင်ရှားစွာ‌တွေ့ရသည်။

အိမ်ရှင်အဖိုးကြီး၊ အမျိုးသမီးတစ်ဦး၊ ‌တောကျီးကန်း၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာပို့သမား၊ အယ်ဒီတာ၊ ဇနီး၊ ဆာ‌လောင်‌နေသူ၊ ‌ခွေး၊ ဘုရား သခင်၊ ကျွန်‌တော်၊ နီဂရိုနှင့် မြသန်း တို့သည် ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်ပါ စကား‌ပြေအ‌ရေးအသားများတွင် ‌တွေ့ရသည့် ဇာတ်‌ကောင်များ ဖြစ်သည်။ နီဂရိုနှင့်မြသန်းတို့ပါဝင်‌သော စကား‌ပြေများကို ‌နောက်ပိုင်းအ‌ရေးအသားအချို့တွင် ‌တွေ့ရသည်။ ထိုဇာတ်‌ကောင်နှစ်‌ကောင်ကို ‌နေမျိုးအ‌နေ ဖြင့် ဇာတ်‌ကောင်အဖြစ် ‌မွေးမြူထားပြီး သူ၏ စကား‌ပြေအ‌ရေးအသားအချို့တွင် ပင်တိုင်အသုံးပြုခဲ့သည်ကို ‌တွေ့ရသည်။ ‌နေမျိုး၏ ဇာတ်‌ကောင်များ သည် ထူးခြားသည့် ဇာတ်‌ကောင်များဖြစ်သည့်အပြင် ဆာ‌လောင်မွတ်သိပ်‌နေကြသည့် ဇာတ်‌ကောင်များလည်းဖြစ်သည်။

ဆာ‌လောင်မွတ်သိပ်‌နေကြ‌သော ဇာတ်‌ကောင်များနှင့်ပတ်သက်၍ ‘ဆာ‌လောင်မွတ်သိပ်မှုသည် ‌မွေးရာပါ ကျွမ်းကျင်မှုဖြစ်ပြီး သဘာဝတရားနှင့်လိုက်‌လျောညီသည်ဟု ‌နေမျိုးက သူ၏ စကား‌ပြေအ‌ရေးအသားဖြစ်‌သော ‘‘King of the Writers, စာ‌ရေး ဆရာ’’(စာ-၁၆၄)တွင် ထည့်သွင်း‌ရေးသား ခဲ့သည်။ ပန်းချီဆရာ၊ စာ‌ရေးဆရာ၊ အနုပညာသမားဘဝ၏ အခက်အခဲ၊ အနုပညာ သမားနှင့် သာမန်သူတို့အကြား ကွာဟချက်၊ အနုပညာထက် ‌ငွေကြေးပြည့်စုံမှုကို ရံဖန်ရန်ခါတွင် ဦးစား‌ပေးလိုက်ရသည့် အ‌ကြောင်း အရာများကိုလည်း ‌နေမျိုး၏ အ‌ရေးအသားများတွင် ‌တွေ့ရသည်။ ‘‘ကျွနု်ပ်‌အောင်မြင်လာရတာ ကျွနု်ပ်‌အောင်မြင်လာတာဟာ အဲဒီဇာတ်‌ကောင်‌တွေနဲ့ အဲဒီအ‌ကြောင်းအရာ‌တွေကို ခင်ဗျားတို့ ‌ပြောချင်လာ‌အောင် ‌ရေးနိုင်လို့ပါပဲ ‌ဘေဘီ’’(စာ-၂ဝ၈)ဟု ‘‘စာ‌ရေးဆရာ N နှင့် အင်တာဗျူး’’စကား‌ပြေအ‌ရေးအသားတွင် ‌နေမျိုးက ‌ရေးသားခဲ့သည်။ ‘‘‌နေမျိုးရဲ့ ဇာတ်‌ကောင်‌တွေဟာ အလွန်တရာ ဆာ‌လောင်မွတ်သိပ်‌နေတဲ့ ဇာတ်‌ကောင်‌တွေဖြစ်တယ်။ အစားအစာ၊ ‌ငွေ‌ကြေး၊ လုံခြုံမှု၊ ‌အောင်မြင်မှု၊ အဓိပ္ဋါယ်‌တွေကို ဆာ‌လောင်‌နေကြတာ’’ဟု ‌အောင်ခင်မြင့် ‌ရေးသား‌သော ‘တိမ်လှွာမို့မို့လွင်မှသည် ပို့စ်‌မော်ဒန်အနုပညာဆီသို့’စာအုပ်တွင် ‌ဖော်ပြခဲ့သည်။

လက်ဖက်ရည်ဆိုင်၊ နယ်မြို့၊ အရက်ဆိုင်၊ စာတိုက်၊ အိမ်ခန်း အစရှိသည့် အခင်းအကျင်းများသည် ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်ပါ စကား‌ပြေအ‌ရေးအသားများတွင်‌တွေ့ရသည့် အခင်းအကျင်းများဖြစ်သည်။ ထိုအခင်းအကျင်းများနှင့်အတူ ‘ဓား’တစ်လက်ကိုလည်း သူ၏ စကား‌ပြောအ‌ရေးအသားများတွင် ထည့်သွင်း‌ရေးသားသည်ကို ‌တွေ့ရသည်။ ဝတၳုလတ်ဖြစ်‌သော ‘ရုပ်ရှင်’အမည်ရသည့် စကား‌ပြေအ‌ရေးအသားတွင် ‘ဓား’ကို သိသာထင်ရှား စွာထည့်သွင်း‌ရေးသားထားသည်။ ဝါကျအတို၊ အရှည်များကို ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုတတ်‌ကြောင်းကိုလည်း ‌နေမျိုး၏ စကား‌ပြေအ‌ရေးအသားများတွင် ‌တွေ့ရသည်။ ဝါကျတည်‌ဆောက်ပုံနှင့်အ‌ရေးအသားတင်ပြပုံလှပမှုအဖြစ် ‘ထရပ်ကား’အမည်ရ‌သော စကား‌ပြေအ‌ရေးအသား၌ ‘‘ထိုခဏ၌ ညအ‌မှောင်သည် သားရဲတိရစၦာန်တစ်‌ကောင်ပမာ ခုန်ဝင်လာပြီး လမ်း‌ပေါ်လဲကျ‌နေသူနှစ်ဦးအား အငမ်းမရ ခုန်အုပ်လိုက်‌လေ‌တော့၏’’ဟု ‌တွေ့ရသည်။ ထို့အတူ ‘‘အပူ‌ငွေ့များ လုံးဝ ‌သေဆုံး‌နေပြီဖြစ်‌သော ‌ကော်ဖီခွက်ကို ကျွန်‌တော်‌ကောက်ယူ ‌မော့ချလိုက်သည်။ ဟိုး…‌အေးလိုက်တာ။ ‌ကော်ဖီက ‌ရေခဲ‌ရေတစ်ခွက်လို စီးဆင်းသွားသည်။ လည်‌ချောင်းထဲအ‌ရောက် တစ်ဝက်‌လောက်အ‌ရောက်မှာ ပြန်ပြီးဆန်တက်လာ၏။ ‌ဝေါ့…ခနဲ စားပွဲ‌ပေါ်မှာ ‌ကော်ဖီအ‌သေ‌တွေ’’(စာ-၁၃၅)ဆို‌သောအ‌ရေး အသားကို ‘သံနဲ့လုပ်ထားတဲ့ အိပ်မက်’အ‌ရေးအသားတွင် ‌တွေ့ရသည်။ ‘‘အိပ်မက်ထဲမှာ ဆာ‌လောင်‌နေသူ‌တွေကို အစာ‌ကျွေးဖို့အတွက် ‌ရေတစ်ခွက်‌သောက်ပြီး ကျွန်‌တော်အိပ်စက်လိုက်ရ‌တော့မှာလား။ နှစ်‌ပေါင်းများစွာ’’(စာ-၁၅၈)ဆို‌သောအ‌ရေးအသားကို ‘အိပ်မက်အမှတ် ဝဝ၉ N တွင် ‌တွေ့ရသည်။ ထိုကဲ့သို့ ဆန်းသစ်လှပသည့် အ‌တွေး၊ အ‌ရေးအသားနှင့် ဝါကျများကို ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်၏ စာ‌ပေလက်ရာများတွင် ‌မြောက်မြားစွာ ‌တွေ့ရသည်။

 ‘မြင်ကွင်းကျယ်အချစ်နှင့်အခြားဝတၳုတိုများ’အမည်ရ‌သောစာအုပ်ကို ၁၉၉ရ ခုနှစ် ဇွန်လ၌ စာ‌ပေလက်ရာ(၁၅)ပုဒ်ဖြင့် ထုတ်‌ဝေခဲ့သည်။ ထို့‌နောက် ‘မြည်‌နေတဲ့ထရမ်းဗက်’အမည်ရ‌သော စာအုပ်ထွက်ခဲ့သည်။ ထိုစာအုပ်နှစ်အုပ်တွင်ပါဝင်ခဲ့‌သော စကား‌ပြေအ‌ရေးအသားများအပါအဝင် အခြား‌သောအ‌ရေး အသားများကိုစုစည်း၍ ‌နေမျိုး၏ ဝတၳုတို‌ပေါင်းချုပ်စာအုပ်ကို ထုတ်‌ဝေထားခြင်းဖြစ်သည်။ ‌နေမျိုးသည် ရသစာ‌ပေ‌ရေးသားခြင်းအပြင် ကဗျာ‌ရေးခြင်းနှင့် ပန်းချီ‌ရေးခြင်းအနုပညာတို့ကိုလည်း ‌လေ့လာလိုက်စားဖန်တီးသူဖြစ်သည်။ ‘ဆိုင်းသမား’စာအုပ်ကို ‌ရေးသားခဲ့‌သော ရွာစားစိန်တင်ဟန်သည် ‌နေမျိုး၏ ဖခင်ဖြစ်သည်။ မိခင်မှာ ‌ဒေါ်စိန်တင်ဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ မတ်လ ၁၄ ရက်၌ မန္တ‌လေးမြို့တွင် ‌မွေးဖွားခဲ့သည်။ ပန်တျာနှင့်ပန်းချီပန်းပု‌ကျောင်းမှ လုပ်ငန်းပန်းချီအထူးပြုဖြင့် ‌အောင်မြင်ခဲ့သည်။ ၁၉၈၉ ခုနှစ်၌ မဝင်း‌မေနှင့်လက်ထပ်ခဲ့သည်။ စာအုပ် ၁၄ အုပ် ‌ရေးသားထုတ်‌ဝေခဲ့သည်။ မန္တ‌လေးမြို့ တွင် သားသမီးများနှင့်အတူ ‌နေထိုင်လျက်ရှိသည်။

‘‌နေမျိုး၊ ဝတၳုတို‌ပေါင်းချုပ်’စာအုပ်ကို ငါတို့စာ‌ပေက ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ်အဖြစ် ထုတ်‌ဝေဖြန့်ချိခဲ့သည်။

ဟန်‌ဇော်
http://www.hansann.com/?p=1048 တွင် ရေးသားခဲ့သော
စာမူကို ထပ်မံမျှေ၀ပါသည်။


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး