ဒီစာအုပ်က ဆရာ မောင်အေးကို ( ပေါင်းတလည် ) ရဲ့ ( ၆) အုပ်မြောက် စာအုပ် ဖြစ်ပါတယ်။
ဒီစာအုပ်က ဝတ္ထုတိုဆိုင်ရာ အသိအမြင်၊ အတွေးအခေါ်၊ ဝတ္ထု တို သဘောတရားတွေကို စာရေးသူရဲ့စာပေဖြတ်သန်းမှု၊ စာပေ လေ့လာ ဆည်းပူးမှုတွေကို ပြန်လည် မှတ်တမ်းပြုထားတဲ့ ဝတ္ထုတို ရေးသား ချဉ်းကပ်နည်းဆိုင်ရာ လမ်းညွှန်း စာအုပ်တစ်အုပ်ပါ။
ဝတ္ထုတို စတင် ဖန်တီး ရေးသားကြမဲ့
ကလောင်သစ်တွေရဲ့ အားနည်းချက်တွေအပေါ် လက်တွေ့ကျကျ ချဉ်းကပ်၊ လေ့လာ၊ မှတ်သားပြီး ပြုပြင်၊ လိုက်နာသင့်တဲ့ အကြောင်းအရာတွေကို
စနစ်တကျ ရေးသားထားတဲ့အတွက်ကြောင့်
ဝတ္ထုတို စတင် ရေးသားခါစ ကလောင်ရှင်တွေအတွက် အထူး အကျိုးရှိနိုင်တဲ့ စာအုပ်လဲ ဖြစ်ပါတယ်။
အခုစာအုပ်မှာက -
????ကလောင်သစ်တို့ ထားရှိအပ်သောအခြေခံသဘောတရားများ၊
????စာပေဆုဆိုင်ရာ သိမှတ် ဖွယ်ရာများ၊
????ဝတ္ထုတိုတစ်ပုဒ်အလျားအနံ၊
????စု၊ တု၊ ပြု နဲ့ ကိုယ်ပိုင်ဟန်၊
????ဘယ်နေရာမှာရပ်မှာလဲ အစရှိတဲ့
ဝတ္ထုတို အသိအမြင်ဆိုင်ရာ ခေါင်းစဉ်ပေါင်း ၃၂ ခု ပါဝင်ပါတယ်။
????စာရေးသူ ကိုယ်တိုင်ကလည်း
“ကျွန်တော့်စာအုပ်တွင် ပညာရှင်ဆန်သောတင်ပြချက်များကို တွေ့ရမည် မဟုတ်ပါ။
ခြေ တစ်လှမ်း၊ နှစ်လှမ်းသာ လျှောက်ခဲ့ဖူးသော အစ်ကိုကြီးတစ်ယောက်က ခြေတစ်လှမ်းမျှ မလှမ်းရသေးသော (တစ်နည်းအားဖြင့် စတင်ခြေလှမ်းရန် ကြိုးစားနေသော)ညီငယ် နှမငယ်များအတွက် သိသမျှ ဝေငှထားသည့်ဝတ္ထုတို ဆိုင်ရာ အတွေးအမြင်များကို မြင်တွေ့ရမည်ဖြစ်ပါသည်” ဆိုပြီး သူ့ရဲ့ အမှာစာမှာ ဖော်ပြထားတယ်။
ဒါအပြင်
????ဝတ္ထုတိုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အသိအမြင်တွေသာ မကဘဲ မြန်မာစာရေးထုံးဆိုင်ရာ သတိပြု၊ ဆင်ခြင်၊ လိုက်နာဖွယ်ရာတွေကိုပါ အလျင်းသင့်သလို ထည့်သွင်းဖော်ပြပေးထားပါတယ်။
စာတည်းအဖြစ် ‘ဆရာအေးကျော်မင်း’က
တာဝန်ယူပေးထားပါတယ်။
လက်ရှိမြန်မာစာရေးထုံးတွေနဲ့ ကိုက်ညီအောင်
ကြိုးစားအားထုတ်ထားတဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ပါတယ်။
Publisher Name: ကောင်းဆုသာစာပေ
Publisher Address: အမှတ် ၁၇၃ ၊ ပထမထပ် ၊ ၃၁လမ်း (အထက်) ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ဖုန်း -09420083482, 09268519996
Publisher Phone Number: 09420083482, 09268519996