Book Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်

ရန်ကုန်မြစ်၏ တစ်နေရာ - မိုးကျော်ဇင်


(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

ဆရာမိုးကျော်ဇင်ရဲ့ ဝတ္ထုတိုတွေထဲမှာဆိုရင် အရင်ဆုံး ကြွေမိတာကတော့ ဆရာ့ရဲ့ အရေးအသားတွေကိုပါပဲ။မတူညီတဲ့ စကားလုံးအတွဲအဆက်တွေကို အသုံးပြုပြီး ဆိုလိုတဲ့အဓိပ္ပါယ်ကို ပုံဖော်သွားတဲ့ ရေးဟန်ကို ဆရာ့ရဲ့ အရေးအသားပုံစံများစွာထဲက တစ်ခုအဖြစ် စွဲလမ်းမိပါတယ်။ဆရာ့ရဲ့ ဘဝသရုပ်ဖော်အရေးအသားတွေနဲ့ မတူညီတဲ့အတွေးအမြင်ရှု့ထောင့်တွေဟာ ခေတ်ပြိုင်ခံစားမှုဝေဒနာတွေကို ထင်ဟပ်ကိုယ်စားပြုနေတဲ့အထဲမှာ ပါဝင်နေပါတယ်။မလွတ်တမ်း လေ့လာဖတ်ရှု ခံစားရမယ့်စာတွေထဲမှာ ဆရာ့ ရဲ့ဝတ္ထုတိုတွေ၊ ဝတ္ထုရှည်တွေ၊ အက်ဆေးတွေနဲ့ စာပေအနုပညာဝေဖန်ရေးဆောင်းပါးတွေဟာလည်း အပါအဝင်ပါပဲ။ရန်ကုန်မြစ်၏ တစ်နေရာ ဆိုတဲ့ ဒီစာအုပ်လေးဟာလည်း မဂ္ဂဇင်းအသီးသီးမှာ ဖော်ပြပါဝင်ခဲ့တဲ့ ဝတ္ထုတို၁၅ပုဒ်ကို စုစည်းထားတာပဲ ဖြစ်ပါတယ်။




ပထမဆုံးဝတ္ထုတိုလေးဖြစ်တဲ့ နယ်နိမိတ်မရှိတဲ့နိုင်ငံ ဆိုတဲ့ ဝတ္ထုလေးမှာဆိုရင် အမေနဲ့သားကြားမှာ တည်ရှိနေတဲ့ မေတ္တာတရားကို လှစ်ဟဖော်ပြထားတာကို ဖတ်ရှုရမှာပါ။အဲ့ဒီ့ဝတ္ထုတိုလေးကအစပြုပြီး ဆွဲဆောင်မှုကိုယ်စီနဲ့ မတူညီတဲ့ ခံစားမှုတွေကိုပေးနေတဲ့ ဝတ္ထုတွေကို ဆက်တိုက်တွေ့ရှိရမှာပဲဖြစ်ပါတယ်။ဆရာ့ရဲ့ ဝတ္ထုတိုတွေထဲမှာ သတိပြုမိတာတစ်ခုက ဇတ်လမ်းရဲ့နောက်ခံအခင်းအကျင်းကို စာဖတ်သူကို မြင်ယောင်လာအောင် ရေးဖွဲ့ထားတာကိုပါပဲ။ဥပမာပြောရရင် ဒီနေ့ပြဇာတ်နဲ့ စျေးကြီးတဲ့ဖိနပ်တစ်ရံ ဝတ္ထုတိုလေးတွေပဲ ဖြစ်ပါတယ်။ဒီနေ့ပြဇတ်မှာဆိုရင် နယ်မြို့တစ်မြို့မှာ တည်ရှိနေတဲ့ ဘူတာရုံလေးတစ်ခုရဲ့ အခင်းအကျင်းလေးတွေကို မျက်လုံးထဲမြင်ယောင်လာရသလို စျေးကြီးတဲ့ဖိနပ်တစ်ရံဝတ္ထုလေးမှာဆိုရင်လည်း ကြီးမားကျယ်ပြန့်လှတဲ့ သင်္ဘောကျင်းကြီးရဲ့ လုပ်ငန်းခွင်တွေထဲကို ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားလိုက်ရမှာပါ။

စွန်လွှတ်သူနဲ့ မျှားသူ ဝတ္ထုနှစ်ပုဒ်ကတော့ ချစ်မေတ္တာဖွဲ့ဝတ္ထုတွေပဲဖြစ်ပါတယ်။စွန်လွှတ်တာကို ဝါသနာပါတဲ့ကောင်မလေးရဲ့အနားကနေ ကြိုးပြတ်သွားတဲ့စွန်လေးတစ်ခုလို ပျောက်ကွယ်သွားတဲ့ကောင်လေးတစ်ယောက်အကြောင်းကို စွန်လွှန်သူဆိုတဲ့ ဝတ္ထုထဲမှာ ရေးဖွဲ့ထားပါတယ်။မျှားသူဝတ္ထုမှာတော့ ငါးလေးတွေမျှားပြီး မိရင် ရေကန်ထဲကို ပြန်လွှတ်ပေးလေ့ရှိတဲ့ ကောင်မလေးရဲ့ ငါးမျှားချိတ်မှာ ချိတ်ပါသွားခဲ့ရတဲ့ နှလုံးသားတစ်ခုကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ဝတ္ထု၂ပုဒ်လုံးက ခပ်ဆင်ဆင်ဖြစ်မလိုလိုနဲ့ ဇာတ်ရဲ့ကျောရိုးကအစ တင်ပြပုံအဆုံး မတူညီတဲ့ ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတာပါ။ရန်ကုန်မြစ်ရဲ့တစ်နေရာ ဝတ္ထုလေးမှာလည်း မြစ်လယ်မှာ ကျောက်ချရပ်နားထားတဲ့ ဆီသင်္ဘောကြီးတွေဆီကို ပဲ့ချိတ်လှေလေးနဲ့ စျေးသွားရောင်းရတဲ့ သမီးနဲ့အဖေ့(သားအဖ၂ဦး)ဟာ သင်္ဘောပေါ်ကလူတစ်စုကြောင့် အရှက်နဲ့ဂုဏ်သိက္ခာထိပါးခံခဲ့ရပုံကို မချိတင်ကဲဖတ်ရှုလိုက်ရပါတယ်။

ဆရာရဲ့ဝတ္ထုတွေထဲမှာ ဗီဇာရဖို့အတွက် သံရုံးတွေမှာ တစ်နေကုန်အောင် တန်းစီစောင့်ဆိုင်းနေရတဲ့ဘဝတွေ၊ နိုင်ငံရပ်ခြားက မြို့ကြီးတစ်မြို့မှာ မြန်မာတွေရဲ့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ကူညီရိုင်းပင်းတဲ့ဓလေ့အပေါ်မှာ အံ့သြသွားစေတဲ့အဖြစ်တွေ၊သင်္ဘောတက်ဖို့အတွက် ဂုဏ်သိက္ခာကို ချနင်းခံရတဲ့အဖြစ်တွေကိုလည်း ဖတ်ရှခံစားရပါတယ်။တချို့ဝတ္ထုတွေကျတော့လည်း ခေါင်းစဥ်ကို မြင်လိုက်ကတည်းက ဆွဲဆောင်မှုအပြည့်ရှိနေတာမျိုးပါ။အနက်ရောင်လက်ဆွဲသေတ္တာထဲကလူတို့ ကျွန်မစောင့်နေတာဘက်စ်ကားတစ်စီးမဟုတ်ဘူး တို့လိုပေါ့။ဘာပဲဖြစ်ဖြစ် ဆရာ့ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေနဲ့ အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ဝတ္ထုတိုတွေကို စာဖတ်သူတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Pyae Sone


Publisher Name: ပန်းဆက်လမ်း


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး