Book Image
မိုးကျော်ဇင်


ဆရာဦးမိုးကျော်ဇင် (မိုးကျော်ဇင်)

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၌ ၁၉၈၂ ခုနှစ်၊ မတ် ၂ ရက်တွင် အဖဦးကျော်မြင့်၊ မိခင်ဒေါ်ခင်ဝိုင်းတို့ကမွေးဖွားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကညွတ်ကွင်းအထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့ကာ ၂၀၀၈ ခုနှစ်မှစ၍ နိုင်ငံခြားသင်္ဘောသားအဖြစ်လုပ်ကိုင်ခဲ့သည်။

ဆရာမိုးကျော်ဇင်ဟာ ၂၀၀၅ ခုနှစ် စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ် ကဏ္ဍကနေ "နယ်နိမိတ်မရှိတဲ့နိုင်ငံ" ဝတ္ထုတိုနှင့် စာပေလောကထဲကို စတင်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးနောက် မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ဆက်လက်ရေးသားနေရင်း ၂၀၁၇ ခုနှစ်မှာ မိုးကုတ်မြို့ သဟာရ စာကြည့်တိုက်မှချီးမြင့်တဲ့ ၁၂ကြိမ်မြောက် "သဟာရစာပေဆု"ကို "ရန်ကုန်မြစ်၏တစ်နေရာ" ဝတ္ထုတိုပေါင်းချုပ်ဖြင့် ဆုရရှိခဲ့ပါတယ်။

    ပထမဦးဆုံး ဝတ္ထုရှည်ကို "အခန်းနံပါတ် ၆ " ခေါင်းစဥ်ဖြင့် ၂၀၁၈ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။
    ဒုတိယ ဝတ္ထုရှည် "ငါးဖမ်းသမား" စာအုပ်ဖြင့် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသားစာပေဆုကို ရရှိခဲ့ပါတယ်။ ပြီးနောက် "ချက်ကော့၏သေနပ်" ဝတ္ထုတိုများ "လဖက်ရည်ဆိုင်ထဲကအိမ်" "တစ်စုံတစ်ယောက်ကိုချစ်ဖို့ တစ်စုံတစ်ယောက်ကို မုန်းဖို့မလို" စသည်ဖြင့် စသည်ဖြင့် ဝတ္ထုတို ဝတ္ထုရှည်ပေါင်းများစွာ ထုတ်ဝေခဲ့ပါတယ်။

စာအုပ်များစာရင်း
မိုးကျော်ဇင်

၁။ အခန်းနံပါတ် ၆
၂။ ငါးဖမ်းသမား
၃။ လက်ဖက်ရည်ဆိုင်ထဲကအိမ်
၄။ ၁၉၈၉-၉၀
၅။ အို...အင်းဝ
၆။ ရန်ကုန်မြစ်၏တစ်နေရာ
၇။ တစ်စုံတစ်ယောက်ကိုချစ်ဖို့ တစ်စုံတစ်ယောက်ကို
      မုန်းဖို့မလို
၈။ ချက်ကော့ရဲ့သေနတ်
၉။ မပျော်ရွှင်နိူင်သေးတဲ့မြို့
၁၀။ ရွှေချည်ထိုးသက်တံ
၁၁။ ခေတ်ပြိုင်ဝတ္ထုတ်ိုများ
၁၂။ အောက်ဆီဂျင်ဝတ္ထုတိုများ
  


Reference from: facebook

Written Books

Book Review Image

ငါးဖမ်းသမား

မိုးကျော်ဇင်
Book Review Image

တစ်စုံတစ်ယောက်ကို ချစ်ဖို့အတွက် တစ်စုံတစ်ယောက်ကို မုန်းရန်မလို

မိုးကျော်ဇင်
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

လက်ဖက်ရည်ဆိုင်ထဲကအိမ်

မိုးကျော်ဇင်
Book Review Image

၁၉၈၉ - ၉၀

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

အခန်းနံပတ် ၆

မိုးကျော်ဇင်