Book Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်

စာရေးသူ - မိုးကျော်ဇင်

စာအုပ်အမည် - မပျော်ရွှင်နိုင်သေးတဲ့မြို့
စာမျက်နှာ - ၁၇၉
စာအုပ်တန်ဖိုး - ၄၅၀၀ ကျပ်

(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် - ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။


  စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။ 


- ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။

- နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။

- ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။

- ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။ 

မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။ ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။


Publisher Name: မဟာစာပေ

Publisher Address: အမှတ်​ (၆၃_B)၊ ၅_လွှာ (A)၊ အင်​ကြင်​းလမ်​း၊ သု၀ဏ္ဏ၊ သင်္ဃန်​းကျွန်​းမြို့နယ်​၊ ရန်​ကုန်​မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။

Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး