Book Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်

ကြုံတောင့်ကြုံခဲ

သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့ 
စာရေးဆရာမ- မြူပါးရ်

ပထမအကြိမ် ၊ ၂၀၂၀ ၊ ဇန်နဝါရီလ။
ငါတို့စာပေ မှ ထုတ်ဝေသည်။
တန်ဖိုး - ၃၀၀၀ ကျပ် 
စာမျက်နှာ အရေအတွက် (၂၁၄) မျက်နှာ 
မျက်နှာဖုံး - အံ့ဖွယ်ဇင် 

ဒီစာအုပ်မှာ စာစု ပေါင်း (၈) ပုဒ်ပါတယ်။ ဒီ (၈) ပုဒ်မှာ ခေါင်းစဉ်ကြီး ‌(၄)ခု ရဲ့ အောက်မှာ တည်ထားပါတယ်။ 




၁)စိတ်ဝင်စားဖွယ်

-ရွာသာကြီးမှာ အရူးကွက်နင်းခဲ့သူ 
ဒီ စာစုက စစ ချင်းဖတ်ရသူ အဖို့ တကယ့်ကို စိတ်၀င်စားစရာတွေ ပါပဲ။ ဘာလို့လဲဆိုတော့ မူမှန်တဲ့ လူတစ်ယောက်က မူမမှန်တဲ့ လူစုလူဝေးကြားမှာ မူမမှန်တဲ့ အပြုအမှုတွေကို လေ့လာချင်လို့ တရယးမ၀င် မူမမှန်သူ အဖြစ် ဟန်ဆောင်ရင်း တစ်ပတ်လောက်နီးနီးဆေးရုံတက်ရင်း တွေ့ခဲ့ရတဲ့အတွေ့အကြုံ အစစ်ကို ချပြသွားတာ ဖြစ်ပါတယ်။ 
(စာရေးသူအဆိုအရတော့ ထိုအဖြစ်အပျက်ကြောင့် ရွာသာကြီးမှာ Black list =နာမည်ပျက်စာရင်း ၀င်သူ အဖြစ် မှတ်တမ်းတင်ခံထားရသူ လို့ ပြောပြချက်အရသိရတယ်ပါ။ တကယ်ရူးသွားရင်သွားကုခွင့်မရတော့တာမျိုးနေမယ့်) ဖတ်ရတာ စိတ်၀င်စားဖို့ကောင်းသလို ကြာကြာနေပြီး ဆက်ရေးစေချင်တဲ့ ဆန္ဒရှိပေမယ့်လည်း တကယ်ရူးသွားနိုင်တဲ့ အခြေအနေ ဖြစ်မယ် အတွေ့အကြုံမျိုးပါ။ (တရား၀င်အနေနဲ့ လေ့လာပြီးရေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ) 

-လူထူးဆန်းကြီး ဘမ္ဘီန္ဒ

ဒီစာစု ကျတော့ စာဖတ်သူ အနေနဲ့ သုံးပုံနှစ်ပုံလောက်ဖတ်ပြီး ဉာဏ်မမှီတော့တာနဲ့ ဆက်မဖတ်ပဲ ကျော်လိုက်ပါတယ်။ ယုတ္တိ ဗေဒ နယ်ပယ်ရဲ့ ကျော်လွန်မှု အဖြစ်အပျက်တွေ ထဲမှာ ကျင်လည်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ အတ္ထုပတ္တိ ကို အချိတ်ဆက်မိမိရေးထားပေမယ့် စာဖတ်သူအဖို့ ဖတ်ရတာ အခက်အခဲ များစွာရှိတာလည်းပါပါတယ်။ ယုတ္တိနယ်လွန်ဖြစ်ရပ်ကိုတော့ လက်ခံနားလည် သဘောတူပေမယ့် ဒီစာစုထဲက အကြောင်းအရာကျ ဖတ်ရင်ရှုပ်လာလို့လည်းပါပါသလို ဘာ‌ပြောချင်သလဲဆိုတော့ မသိတော့တာလည်းပါတာမို့ပါ ဒါက စာဖတ်သူရဲ့ အားနည်းချက်မို့ဖြစ်ပါတယ်။

-မင်းမျိုးမင်းနွယ်

ဒီစာစုကျတော့ သီပေါမင်းနောက်ပိုင်း မင်းမျိုးမင်းနွယ်တော်တွေရဲ့ Organisation Chart ဖွဲ့စည်းဖြစ်တည် လာတဲ့ ဘိုးဘေးဘ်ီဘင် နဲ့ လက်ရှိ အနွယ်တော် ထိ ပဲ ဆိုရမလား။ စာရေးဆရာမရဲ့ ရှာဖွေစုဆောင်းအားကို လေးစားစွာနဲ့ ဖတ်ရပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးမင်းဆက်ရဲ့ အနွယ်တော် တို့ရဲ့ ဖြစ်တည်မှုတွေ၊ ရပ်တည်မှုတွေ၊ ထီးမွေ၊နန်းမွေ အငွေ့အသက် တွေကို လက်တဆုပ်စာ သွေးရင်းတည်တဲ့ လူတွေဆီမှာပဲ ကျန်တော့တဲ့ အနွယ်တော်ရဲ့ ဇာတ်ကြောင်းတွေပါ ဖတ်ရမှာ ဖြစ်ပြီး ရတနာဂီရိ မှာ ကျန်ရစ်နေတဲ့ ဘုရင်နဲ့ အနွယ်တော်တွေရဲ့ အရိုးပြာကို သယ်ဆောင်ခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားမှုတွေပါ၀င်သလို ဖိနှိမ်ခံရတဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ဘ၀ ဖြစ်တည်မှုတွေထဲမှာ ကျွန်တော်တို့ရဲ့ ဘုရင့်အနွယ်တော်တွေရဲ့ ရပ်တည်ချက်တွေကို စိတ်မကောင်းစွာဖတ်ရမှာ ဖြစ်ပါတယ်။ 

၂)ခက်ခက်ခဲခဲ 

-သူ၏ သက္ကရာဇ်များ 
ဒီစာစု မှာက ဆရာမောင်ခင်မင်(ဓနု ဖြူ) ဖြတ်သန်းမှုကို အကျဉ်း ချုံးဖတ်ရမှာပါ။ ဘာလို့လဲဆိုတော့ တလောကမှ ဆရာမောင်ခင်မင် (ဓနု ဖြူ) ရဲ့ ကလောင်တစ်ချောင်း၏ အတ္ထုပတ္တိ ထွက်ထားတာမို့ ပါ။ ဒါကြောင့် ဒီစာစုလေးက သူ့ဘ၀ အချိုးအကွေ့ ခြေဆင်း‌သဘောလောက်ကို ဖတ်ရှု့ခွင့်ရမှာ ဖြစ်ပါတယ်။ 

-ဖွဲ့စည်းပုံ ခြေခံဥပဒေပညာရှင် ဒေါက်တာငွန်ကျုံးရှင်

ဒီစာစုကျတော့ စာရေးဆရာမ က ဒေါက်တာငွန်ကျုံးရှင် နဲ့ အင်တာဗျူးထားတဲ့ ပုံစံနဲ့ ပြန်လည်ရေးဖွဲ့ထားပါတယ်။ ဒေါက်တာကျုံးရှင် ရဲ့ ဘ၀ ဖြတ်သန်းမှု အစိတ်အပိုင်း လေးတွေကို မှီတည်ပြီး နိုင်ငံရေးရဲ့ အဓိကကျော်ရိုးဖြစ်တဲ့ ငြိမ်းချမ်းရေး အကြောင်းကို Dialogue ပုံစံနဲ့ ရေးဖွဲ့ထားတာမို့ စိတ်၀င်တစားဖတ်ရမှာ ဖြစ်ပါတယ်။ 

၃)ယုံကြည်မှု 

-မီးဖြင့်ခင်းသော ပန်းမွေ့ယာ 

ဟိန္ဒူ (Hindu)ဘာသာ၀င်တွေရဲ့ ဘာသာရေး မီးနင်းပွဲ မှာ ပါ၀င်သူ တစ်ယောက်ရဲ့ ယုံကြည်မှု နဲ့ ဘာအတွက်ကြောင့် မီးနင်းပွဲမှာ ဘယ်လိုယုံချက်နဲ့ မီးနင်း သလဲဆိုတဲ့ ပြောပြချက်ကို စိတ်၀င်တစားဖတ်ရမှာ ဖြစ်ပါတယ်။ 
မီးနင်းရတဲ့ အကြောင်းတရားနဲ့ ဟိန္ဒူ မီးနင်းပွဲ ရဲ့ ဖြစ်တည်မှုကိုလည်း စာရေးဆရာမ ရဲ့ ပြန်လည် ပြောပြချက်အရ စာဖတ်သူတို့ စိတ်၀င်တစားသိရမှာဖြစ်ပါတယ်။

-ဗိုလ်တစ်ထောင် က မမမြ

ဒီစာစုကျတော့ မြန်မာယဉ်ကျေးမှုထဲက နတ်ကိုးကွယ်မှု တစ်ခု ဖြစ်တဲ့ မြနန်းနွယ် အကြောင်းပါ။ အဲ့တော့ တကယ် အတိတ်သမိုင်းရဲ့ မြနန်းနွယ်က ဘယ်လို ဆိုတာရယ် လူတွေရဲ့ အသိထဲက မြနန်းနွယ်က ဘယ်လိုဆိုတာ စိတ်၀င်တစားဖတ်ရမှာ ဖြစ်ပါတယ်။ 

၄)အဖွဲ့အစည်း

-ကံ့ကော်မြေက စာပေသိုက် 

ဒီစာစုကျတော့ စာကြည့်တိုက် ကို အရင်းတည်ကျောရိုးထားပြီး စာအုပ်စာပေ တွေ ဖြတ်သန်း နားခိုတဲ့ ကိန်းခမ်းကြီးတဲ့ စာကြည့်တိုက်လေးတွေ က ဘယ်ပုံဘယ်သို ရှိနေပြီလဲ ဘယ်လို ရှိခဲ့သလဲ ဆိုတာကို ဖတ် ရမှာ ဖြစ်ပါတယ်။ 

စာဖတ်ခြင်းမှာ အချိန်ပေး မွေ့လျော်နိုင်ပါစေ
N????


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး