Book Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show


တတိယမြစ်ကမ်းပါး

မြသန်းတင့်
ဓားတောင်စာပေ
ပထမအကြိမ်
အုပ်ရေ ၁၀၀၀
၅၀၀၀ကျပ်
၃၂၅စာ
မျက်နှာဖုံး - ငုအိမ်ထက်မြက်
၂၀၁၉ဖေဖော်ဝါရီလ

"ဓားတောင်"စာပေ၏ စတုတၳမြောက် ခြေလှမ်းအဖြစ် ထုတ်ဝေလိုက်သော "တတိယမြစ်ကမ်းပါးနှင့် နိုင်ငံတကာဝတၳုတိုများ"စာအုပ်ဖြစ်ပါသည်။ 
၂၀၁၂ခုနှစ်က ထုတ်ဝေခဲ့သော "ဂူအောင်းခေတ်ဇနီးသို့ပေးစာ" စာအုပ်ကို ဆရာမြ၏ ရှားပါးဘာသာပြန်ဝတၳုတိုများ ပထမအုပ်အဖြစ်ယူဆလျှင် ယခုစာအုပ်ကို ဆရာမြ၏ ရှားပါးဘာသာပြန်ဝတၳုတိုများ ဒုတိယအုပ်အဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည်။ 
လစဉ်မဂ္ဂဇင်းအချို့နှင့် အထိမ်းအမှတ်မဂ္ဂဇင်းစသည့် မဂ္ဂဇင်းအသီးသီးတွင် ထည့်သွင်းဖော်ပြထားဖူးသော်လည်း စာအုပ်အဖြစ် စုစည်းထုတ်ဝေထားခြင်း မပြုရသေးသည့် ဆရာမြသန်းတင့်၏ နိုင်ငံတကာဝတၳုတိုများဖြစ်ပါသည်။ 



ယခုစာအုပ်တွင် ဝတၳုတို(၂၇)ပုဒ်နှင့် မဂ္ဂဇင်းဝတၳုရှည်တစ်ပုဒ် ပါဝင်ပါသည်။
ယင်းတို့မှာ...
အင်္ဂလိပ်ဝတၳုတိုများအဖြစ်
W Somerset Maugham၏ လူကြီးလူကောင်း (Mr Know-All)၊ နေ့လည်စာ (The luncheon )၊ နှံကောင်နှင့် ပုရွက်ဆိတ် (The ant and the grasshopper)၊ ထိုအိပ်မက် (The dream)၊ အမာရွတ်ကြီးနဲ့လူ (The man with the scar)နှင့် ခါးသီးသောအောင်မြင်မှု (Mayhew)၊
ဆိုဗီယက်ရုရှားဝတၳုတိုများဖြစ်သည့်
မော်လီကျူလာကဖေး (The molecular cafe by Ilya Varshavsky)၊ ပိန်ခြင်းဖောင်းခြင်း၊ နိမ့်ခြင်းမြင့်ခြင်း (The fat and the thin by Anton Chekhov)၊ အချစ်ဖူးပွင့်ဝေ (The district doctor by Ivan Turgenev)၊ သွေးစွန်းသော အလံ (The signal by Vsevolod Garshin)နှင့် အိန္ဒြာ (Mirrors by Ilya Ehrenburg)၊ 
အိန္ဒိယဝတၳုတိုများဖြစ်သည့် 
ဥပုသ်ထွက် (Iftari by Rashid Jahan)၊ လမ်းအမည်ပြောင်းခြင်း (Lawley Road by R K Narayan)၊ သန်းခေါင်စာရင်းမရှိသူ (The man whose name did not appear in the census by Mulk Raj Anand)နှင့် ဇာတ်နိမ့်သူမဂ္ဂဇင်းဝတၳုရှည် (Untouchable by Mulk Raj Anand)၊
အမေရိကန်ဝတၳုတိုများဖြစ်သည့်
ခြေရာကြီးတော့ ကျားကြီး (The standard of living by Dorothy Parker)၊ 
ပြန်လည်ဆုံတွေ့ခြင်း (Reunion by John Cheever)၊ အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး (To hell with dying! by Alice Walker)၊ မျှော်မျှော်သူ မောရရှာတယ် (Candy-Man Beechum by Erskine Caldwell)၊ 
ပြင်သစ်ဝတၳုတိုဆရာ Guy de Maupassant၏ လက်ရာများဖြစ်သည့်
လွတ်ပြီ ကျွတ်ပြီ (Saved)နှင့် အို ချစ်သူ (Growing old)
မက္ကဆီကိုစာရေးဆရာ Juan Rulfo၏
သူတို့ပေးသောမြေ (They gave us the land)၊
ပိုလန်စာရေးဆရာ I B Singer၏
ခဝါသည် အဖွားအို (The washwoman)၊
တရုတ်စာရေးဆရာမ Ding Ling၏
အသွားနဲ့အပြန် (Rushing)၊
ဘရာဇီးလ်စာရေးဆရာ Joao Guimaraes Rosa၏ 
တတိယမြစ်ကမ်းပါး (The third bank of the river)၊
ဂျပန်စာရေးဆရာ Kazuo Ishiguro၏ 
ညစာထမင်းဝိုင်း (A family supper)၊
ဂျာမန်စာရေးဆရာ Wolfgang Hildesheimer၏ 
ညဥ့်ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းခြင်း (Why I transformed myself into a nightingale)နှင့်
ဆွီဒင်နိုင်ငံသား ဆရာဝန်စာရေးဆရာ Axel Munthe၏ 
ကျွန်တော့်လူနာများ(၁) (The story of San Michele) စသည်တို့ဖြစ်ပါသည်။ 

အမေရိကန် အင်္ဂလိပ် ပြင်သစ် ရုရှား ဂျာမန် အိန္ဒိယ ဂျပန် တရုတ် မက္ကဆီကို ဘရာဇီးလ် ပိုလန် ဆွီဒင်စသည့်နိုင်ငံပေါင်းစုံမှ စာရေးဆရာများ၏ ဝတၳုတိုလက်ရာများပဲဖြစ်ပါသည်။
ဆရာမြဘာသာပြန်လက်ရာတွေဖြစ်သည့်အတွက် အနတဂ္ဂမ တန်ဖိုးရှိမည်ဆိုတာ ကျွန်တော် သံသယမဖြစ်မိပါ။ အထပ်ထပ်ဖတ်ဖြစ်မည်ဆိုတာလည်း သေချာပါသည်။ ယခုစုစည်းမှုပါ အင်္ဂလိပ် အမေရိကန် ပိုလန် ရုရှား အိန္ဒိယ ဂျပန် တရုတ်စသည့် မူရင်းစာရေးဆရာများ၏ စာတွေကလည်း ကျွန်တော်တို့နှင့် ရင်းနှီးပြီးသားဖြစ်နေပါသည်။ ဥပမာ- ချက်ကော့၊ ဖဆီဗိုလော့ဂါရှင်၊ ဗစ်ဆင်းဂါး၊ အီဗန်သူးရ်ဂညက်ဖ်၊ အာရင်ဘုဂ်၊ မွမ်၊ အားစကင်းကော့ဒ်ဝဲလ်၊ တင်လင်း၊ နာရာယန်း၊ အီရှိဂူရို၊ ဂီးဒီမိုပါဆင့်
တစ်ချို့ဝတၳုတိုတွေက (ဆရာမြဘာသာပြန်ဖြစ်ဖြစ်၊ အခြားတစ်ယောက်ဘာသာပြန်တာဖြစ်ဖြစ်) ကျွန်တော်တို့ ဖတ်ဖူးပြီးသားဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ဥပမာ -နှံကောင်နှင့် ပုရွက်ဆိတ်
သို့သော်ငြားလည်း ယခင်စာပေကင်ပေတိုင်တို့ ရက်စက်စွာ ဖြတ်တောက်ခဲ့သော၊ စာပေစိစစ်ရေးမှ ခွင့်မပြုခဲ့သော စာသားများကို ထည့်သွင်းဖော်ပြထားသည့်အတွက် လက်ရှိစာဖတ်ပရိတ်သတ်များအနေဖြင့် ကျေနပ်နှစ်သက်ကြလိမ့်မည်ဖြစ်ပါသည်။
နိုင်ငံတကာ ဝတၳုတိုစုစည်းမှုဖြစ်သည့်အတွက်လည်း မတူကွဲပြားသော ဝန်းကျင်အနေအထားများ၊ လူများ၊ ဇာတ်လမ်းများ၊အရေးအဖွဲ့များ၊ စိတ်ကူးစိတ်သန်းအယူအဆများကို တွေ့မြင်ဖတ်ရှုရမည်ဖြစ်ပြီး မတူကွဲပြားသော စိတ်ခံစားမှုများ ရရှိလိမ့်မည်ဖြစ်သည်ဟု ယုံကြည်မိပါသည်။ ။
#Aung Aung Htwe


Publisher Name: ဓားတောင်စာပေ


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး