စာရေးဆရာ > ကိုစိုးထိုက် (ဖဒို)
စာအုပ် အမည် > မြေဇာပင်
တန်ဖိုး - ၃၀၀၀ ကျပ်
ငါတို့စာပေ
"မြေဇာပင်"တဲ့
စာအုပ်ခေါင်းစဉ်နဲ့ လိုက်ဖက်စွာပဲ ဆရာကိုစိုးထိုက်က
ပြည်တွင်းစစ် တွေကြောင့် အဓိက ဖြစ်ပေါ်လာကြသော စစ်ဘေးသင့် ကလေးငယ်များနှင့် ထိုအကျိုးဆက်မှဖြစ်လာသော
လေလွင့်လူငယ်များအကြောင်းကို ရေးသားထားပါတယ်။
ဒီစာအုပ် မှာပါခဲ့တဲ့ အကြောင်းအရာတွေဟာ ဖြစ်ရပ်မှန်တွေကိုအခြေခံရေးပြထားတာဖြစ်ပြီးတအောင်းရိုးရာနဲ့စာပေတွေအများကြီးလေ့လာခဲ့ရပါတယ်။ပဲခူးမြို့မှ သကျနွယ် ပရဟိရအသင်းအကူအညီယူပြီး လမ်းပျော်လူငယ်လေးတွေနဲ့ တွေ့ဆုံမေးမြန်းထားပါသည်ဟု ဆရာရဲ့ အမှာစာမှာ ရေးပြထားပါတယ်။
ဒီစာအုပ် ထဲမှာ ဘယ်သူ့မှ မသိကြသေးကြတဲ့၊သိရှိသူနဲပါးလွန်းတဲ့ လေလွင့်ကလေးငယ်များရဲ့ ဘဝနေထိုင်မှု ပုံစံအမျိုးမျိုးနဲ့သူတို့ကျင်လည်ရာ ပတ်ဝန်းကျင် အကြောင်းတွေကို ဆရာက ကလေးငယ်များနှင့်တွေ့ဆုံမေးမြန်းပြီး အတိအကျရေးသားထားပါတယ်။
တောင်တန်းဒေသကစစ်ဘေးသင့်ကလေးများကို ပညာသင်ပေးမည်၊ကိုရင်ဝတ်၊မယ်သီလရှင်ဝတ်ခိုင်းကာသာသနာ ပြုခိုင်းမည်ဟု ပြောဆိုကာ မြေပြန့်ဒေသကိုခေါ်လာထိုကလေးငယ်များကိုဗန်းပြ ၊ ပြုစုပျိုးထောင်ရေး ဂေဟာ အမည်တပ်ကာ မတရားနှိပ်စက် ၊ တောင်းရမ်းခိုင်းလာလှူကြသောအလှုရှင်များ ၊ ပရဟိတ အသင်းအဖွဲ့ များထံမှနွေ၊မိုး၊ဆောင်း ရာသီတိုင်း လိုအပ်သည်များကို အကြောင်းပြ လိမ်လည် အလှုခံ၊၊လှုသမျှ အသုံးအဆောင်များကိုကလေးများက ရမသုံးပဲ ရအပြင်မှာရောင်းစားကာ ကိုယ်ကျိုးရှာနေကြသော ဂေဟာ များရှိကြကြောင်းကို
အံ့ဩဖွယ်ရာ သိခဲ့ရပါတယ်။
(လှုကြတန်းကြ၊ပရဟိတ လုပ်နေကြသူများကိုလဲ
ဒီလိုကိုယ်ကျိုးရှာတဲ့ဂေဟာတွေဆီသွားလှူမိမှာ စိုးရိမ်မိပါရဲ.)
#သူတို့ထက် အဆပေါင်းထောင်သောင်းချီ အဆင်ပြေ နေကြသောသူများ
ကိုယ့်ကိုယ်ကို သတ်သေကြကြောင်း သံချောင်းက အဖွဲ့ထဲက ကလေးတွေကို၊ပြန်ပြောပြသည့်အခါ သူတို့အလွန်ပင် အံ့ဩကြလေသည်။သူတို့လောကရှိ လမ်းပျော်လူငယ်များ၊အမှိုက်ပုံမှာ နေကြသော မိသားစုများ၊အိုး....နောက်ဆိုး သူတောင်းစား များတောင် အဆင်မပြေကြဘူး ဆိုကာ ကိုယ့်ကိုယ်ကို သတ်မသေကြကြောင်း သူတို့ ထက် အဆပေါင်းများစွာ အဆင်ပြေချမ်းသာပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြသူများကို အခွင့်ကြုံရင်ဖြင့် သံချောင်း ရှင်းပြချင်မိပါသည်။
ဒီစာသားလေးကတော့ ဖတ်စာသူတွေအတွက် တကယ့်ကို ခွန်အား ဖြစ်စေမယ့် စကားလုံးလေးတွေပါ။
ဒီစာအုပ်ထဲမှာဆိုရင်
-သံချောင်း ၊ဖိုးဇော်၊အသေးလေး၊ပါကျဲ၊အရှည်ကြီးတို့လို
လမ်းပျော်လူငယ်လေးတွေရဲ့ ဝမ်းစာအတွက်ရှာဖွေစားသောက်ကြပုံတွေ၊
-နေစရာ၊အိပ်စရာအတွက် ကြုံသလို ဖြေရှင်းရပုံတွေ၊
ကြီးနိုင်ငယ်ညှဉ်း ဗိုလ်ကျမှုတွေ၊
-ညမှကျက်စားကြသော အချို့အချို့သော ကြေးစားလမ်းပျော် အခြောက်များရဲ့ နောက်ဆုံးစိတ်ဖြေရာဖြစ်သောလမ်းပျော်လူငယ်လေးတွေရဲ့ဘဝတွေ၊
-လိင်အကြမ်းဖက်ခံရမှုတွေ၊၊
အို....လမ်းပျော်လူငယ်လေးတွေရဲ့ ဘဝတွေဟာ အတော်ကို ဆိုးဝါးလွန်းလှတာကို တွေ့ရပါတယ်။
ဒါတွေကို သိပြီးလို့ရင်
ကိုယ့်တွေကြုံတွေနေရတဲ့အခက်အခဲဆိုတာသူတို့နဲ့ယှဉ်ရင် မြေမှုန်လောက်ပဲရှိတာတာသိကြရပြီး စာဖတ်သူတွေအဖို့
စိတ်ခွန်အားရစေမှာပါ။
အဲသလိုသနားစရာကောင်းလွန်းလှတဲ့၊
လမ်းပျော်ကလေးတွေ ပပျောက်ဖို့ဆိုတဲ့
မျှော်လင့်ချက်လမ်းဆိုတာကရော ဘယ်တော့မှများ.....?
နန်းမိုး၊နန်းစိုးနဲ့ အိုက်ကျန်းဆိုတဲ့ပလောင် မောင်နှမ လေးသုံးယောက်။
ပြည်တွင်းစစ် ကြောင့် အဖေနဲ့အမေက မိုင်းထိသေဆုံး။စစ်ဘေးစခန်းမှာ နေထိုင်ကြရင်း ဒုက္ခ မျိုးစုံ ခံစားခဲ့ကြရ။ စခန်း အထိ တဖက်နိုင်ငံလိုက်ခဲ့ဖို့
လူကုန်ကူးရန် လာရာက်သွေးဆောင်ကြတာရှိသလို
တစ်နေ့ ဘုန်းတော်ကြီး တစ်ပါးနှင့် ကပိယ တစ်ယောက်ရောက်လာပြီး
ကလေးအမြောက်အများကို သူတို့ရှေ့ရေးအတွက် ပြုစုပျိုးထောင်ပေးမယ်ဆိုပြီး
ခေါ်သွားပါတော့တယ်။
တောင်တန်းနယ်မြေကကင်းလွတ်ပြီး မကြာခင်မှာပဲ သာသနာအရေခြုံထားတဲ့ လူယုတ်မာတွေရဲ့
အလိမ်အညာ တွေပေါ်လာပြီးဇာတိပြပါတော့တယ်။
-ဂေဟာမှာကြုံရတဲ့နန်းမိုး၊ နန်းစိုးလေးတို့အပါအဝင် ကလေးအားလုံးရဲ့ဆိုးဝါးလွန်းတဲ့ ဘဝ။
-မတရားစော်ကားခံရပြီး အသက်ပါပေးလိုက်ရတဲ့ နန်းစိုး။
-ကံကောင်းထောက်မစွာ
ပဲခူးမြို့က သကျနွယ် ပရဟိတအသင်းရဲ့ စောင့်ရှောက်မှုကို၊ရရှိခဲ့တဲ့ အိုက်ကျန်းလေး၊၊
-လေလွင့်လူငယ်တွေဆီကိုရောက်သွားတဲ့ နန်းမိုး။
သူတို့တွေ ဘဝတွေက
ဘယ်လိုတွေ ဆက်ဖြစ်ကြအုံးမလဲ ဆိုတာကို
ဆက်လက်ဖတ်ကြည့်စေချင်ပါတယ်။
ကိုယ်တွေတော့ စာအုပ်ဖတ်ပြီးရင်တနင့်နင့်နဲ့ခံစားရင်း မြေဇာပင်လေးတွေဘဝ
လွတ်လပ်စွာ ကြီးထွား ရှင်သန်နိုင်ကြပါစေကြောင်း
ဆုတောင်းပေးရင်း။
စာဖတ်ညွှန်းး #MoMo✍