အိမ်ကလေး ၁၆ လုံး - နေဝင်းမြင့်
တတိယအကြိမ် - ဓူဝံ စာအုပ်တိုက် ၂၀၂၀
စာမျက်နှာပေါင်း - ၂၀၇မျက်နှာ
စာအုပ်တန်ဖိုး - ၂၅၀၀ကျပ်
နေဝင်းမြင့်ကိုယ်ရေးအကျဥ်းနှင်ရေးသားခဲ့သောစာစုစာရင်း
စာအုပ်ခေါင်းစဉ်လေးကိုက "အိမ်ကလေး ၁၆ လုံး"
ရိုးရိုးရှင်းရှင်းပြောရရင် အိမ်ကလေးတွေအကြောင်းပေါ့
အိမ်ကလေးတွေဆိုတာ လူတွေနေကြတာဆိုတော့
ထိုအိမ်ကလေး ၁၆ လုံးနှင့် ပတ်သက်ဆက်နွယ်ရာ
ပစ္စုပ္ပန်မှာနေဆဲ လူတွေအကြောင်းလည်း သိရမယ်
အတိတ်မှာနေခဲ့တဲ့ လူတွေအကြောင်းလည်း ပါမယ်
ထို့အပြင် ထိုအိမ်ကလေးတွေရဲ့ ရာဇဝင်အကြောင်း
အိမ်ကလေးတွေမှာ နေနေကြတဲ့ လူသားတွေရဲ့
လောကဓံအနိမ့်အမြင့် ဘဝဖြတ်သန်းမှုတွေကို
ဟာသနှော၍လည်း အူလှည်းလှိုက်ဖို ဖတ်ရမယ်
ဂရုဏာသက်၍လည်း သနားစဖွယ် ဖတ်ရမယ်
ရွှေနန်းတော်ကြီးဖြစ်ဖြစ် တဲအိုပျက်ကလေးဖြစ်ဖြစ်
ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့လေ "နှလုံးသားရှိတဲ့အရပ်"
ဆိုတာ "အိမ်"လို့ အများစုကသတ်မှတ်ကြလေတော့
ထိုအိမ်ကလေး ၁၆ လုံးမှာ နေလေကြကုန်သော
လူသားတွေရဲ့ နှလုံးသားကိုလည်း ယခုစာအုပ်ကို
ဖတ်ရှုရင်း မြင်အောင်ကြည့်ကြပါစို့လား။ ။
စာညွှန်းရေးသားသူ - ထက်ဝေ(Htet Dendrophile)
မူရင်းလင့်