Book Image
နေဝင်းမြင့်
နေဝင်းမြင့်

မွေးသက္ကရာဇ် ၁၉၅၂ - ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့
မိဘများ အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်း
အမည်ရင်း ဝင်းမြင့်(ခ)ခင်မောင်ဝင်း
နိုင်ငံသား မြန်မာ
မွေးရာဇာတိ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ
အလုပ်အကိုင် စာရေးဆရာ၊
ထင်ရှားကျော်ကြားမှု ဝတ္ထုတိုများ အရေးကောင်းသည်။

ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
နေဝင်းမြင့်သည် အမျိုးသားစာပေဆု ၃ ကြိမ်ရ မြန်မာ စာရေးဆရာဖြစ်ပြီး ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။ ဇနီး- စာရေးဆရာမ ခင်ခင်ထူးနှင့်အတူ မန္တလေးမြို့တွင်နေထိုင်ရင်း စာပေများ ရေးသားပြုစုနေသည်။ ကလောင်အမည်ကွဲများမှာ ဝင်းဖွေး၊ အောင်မောင်း စသည်တို့ ဖြစ်သည်။ နေဝင်းမြင့်၏ ဖုန်းနံပါတ်မှာ ၀၉၂၀၁၃၂၆၆ ဖြစ်သည်။

ပညာရေး 

၁၉၅၇ - ငယ်စဉ်က ကုန်းဇောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ - ထို့နောက် အင်းစိန်သို့ ပြောင်းရွှေ့လာခဲ့သည်။ အင်းစိန်မြို့-အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။

ဝန်ထမ်းဘဝ 

၁၉၆၈ - အင်းစိန် ဒညင်းကုန်းအုတ်စက်ရုံအမှတ်(၁)တွင် ဝန်ထမ်းအဖြစ် အမှူထမ်းခဲ့သည်။ ပညာသည်(ထုတ်လုပ်ရေး)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

စာပေဆုများ 

၁၉၈၅ - စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ်(တတိယ)ဆု - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ

၁၉၉၂ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (အားမာန်သစ်စာပေ)

၂၀၀၇ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - အိမ်ကလေး ၁၆ လုံး (ပုဂံစာအုပ်တိုက်)

၂၀၁၀ - အမျိုးသားစာပေဆု (ဘာသာပြန် (ရသ)) - ရေကန်သာ ကြာတိုင်းအေး (ပုဂံစာအုပ်တိုက်)

ရေးသားပြီးသော စာအုပ်အချို့ 

လှသောဘဝကို ထုဆစ်သူများ (အောင်မောင်း) (၁၉၉၈)

ပလ္လင်အငြိမ့် ကုတင်အငြိမ့် (၂၀၀၀)

မြို့ပြပိုးမွှားများ (၂၀၀၂)

အိုင်ဒီယာအက်ဆေးများ (၂၀၀၄)

ပါရီနွေဦး (၂၀၀၀)

ရသအတွေး ရသအက်ဆေး (ဘာသာပြန်) (၂၀၀၄)

တောင်တန်းများကိုပင် ပေါ့ပါးစေသည့်ကောင်းကင် (သမီးသို့ ပေးစာများ) (၂၀၀၆)

ခရာနှင့် အခြားဘာသာပြန် ဝတ္ထုတိုများ (၂၀၀၆)

အိမ်ကလေး ၁၆ လုံး (၂၀၀၇)

ခရီးနိုင်ငံ​ရေး

လင်မျှော်တိမ်

ချစ်သူနှင့်ခရီးသွားခြင်း

ချင်းတွင်း မဲဇာ ကတ္တီပါအစိမ်း

မန်းဘခိုင်နှင့် ဖဆပလ

ပလ္လင်အငြိမ့် ခုတင်အငြိမ့် စင်အငြိမ့်

မာလီ

ကုမ်ရာသီ အက်ဆေးများ

တောအလှူနှင့် လူမှုစီးပွား ရသအက်ဆေးများ

ဟန်ဆောင်သူနှင့် အခြားပုံပြင်များ
သွားတစ်ထောင် တောကောင်ကြီးနှင့် အခြားအိပ်ရာဝင်ပုံပြင်များ

အေးအေးလူလူအတွေးများ

၁၈ ယူဇနာ မဂ္ဂဇင်းဝတ္ထုရှည်များ

ဂနိုင့်ကျက်သရေ စာပေဆောင်းပါးများ

ဆူး၏သရဖူ

ဆုံးမကွပ်ကောင်း မကွပ်ကောင်းဟု

အုပ်စုဖွဲ့ကြိုးကြာသံများ

ရေသွန်မြစ် ဝတ္ထုတိုများ

ခရာနှင့် အခြားဝတ္ထုတိုများ

တောကျီးကန်း ဝတ္ထုတိုများ

သစ်သီးတောင့်လှေကလေးနှင့် အခြားဝတ္ထုတိုများ

ကြက်တူရွေးဝတ္ထုတို ၅ ပုဒ်

လက်ရွေးစင် ဝတ္ထုတိုများ (၂၀၀၀)

ပုစင်းရင်ကွဲ ဝတ္ထုတိုများ (၂၀၀၀)

ဗျိုင်းမည်းနှင့် အခြားဝတ္ထုတိုများ (၁၉၈၇)

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (၁၉၉၂)

ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်)

Reference from: wikipedia

Written Books

Book Review Image

ဂနိုင့်ကျက်သရေစာပေဆောင်းပါးများ

နေဝင်းမြင့်
Book Review Image

ရေကန်သာကြာတိုင်းအေး

နေဝင်းမြင့်
Book Review Image

ခရီး နိုင်ငံရေး

နေဝင်းမြင့်
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်