စာအုပ်အမည် - #ရေကန်သာကြာတိုင်းအေး
#TheGlassPalace
စာရေးသူ - #နေ၀င်းမြင့်
#AmitavGhosh
စာအုပ်မှတ်တမ်း - ၂၀၁၀ခုနှစ်ပကြိမ်
၂၀၁၈ခုနှစ်စတုတၳအကြိမ်
စာအုပ်တိုက် - #ပုဂံစာအုပ်တိုက်
#ဥဒယကျေးရွာစာပေ
၂၀၁၀ ခုနှစ်က ဘာသာပြန် (ရသ) အမျိုးသားစာပေဆုရခဲ့တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ကို ညွှန်းပေးချင်ပါတယ်
ဒီစာအုပ်လေးကို မူရင်းရေးသားခဲ့တဲ့ အိန္ဒိယစာရေးဆရာ Amitav Ghosh ဟာ သီပေါမင်း အိန္ဒိယကို ပါတော်မူတုန်းက လိုက်ပါသွားရတဲ့ အပျိုတော်တစ်ယောက်ရဲ့ မြေးတော်စပ်သူဖြစ်တယ် ...
သူ့ရဲ့အဘိုးဖြစ်သူဟာ စစ်တကောင်းဇာတိဖြစ်ပြီး မိသားစုနဲ့ စစ်တွေကို ရောက်ရှိလာတဲ့ အိန္ဒိယနွယ်ဖွားဖြစ်တယ် ။ အဘိုးဖြစ်သူ ကူမာရ်းရဲ့ မိသားစုတဈစုလုံးဟာ အဖျားရောဂါကြောင့် သေဆုံးခဲ့ကြပြီး ကူမာရ်းကတော့ အသက်ပြင်းတဲ့ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ခဲ့တယ် ။
တစ်ကောင်ကြွက် ကူမာရ်းဟာ လှေလုပ်သားတစ်ယောက်အဖြစ်လုပ်ကူရင်း မန်းလေးကိုရောက်လာတယ် ။ မန်းလေးကိုသူရောက်တော့ မြန်မာနဲ့ ဗြိတိသျှဟာ သစ်ကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်နေကြတဲ့အချိန်ဖြစ်တယ် ။ ဗြိတိသျှဘက်က ဒါကို အခွင့်အရေးယူပီး လက်နက်ပြ ခြိမ်းခြောက်ကာ မြန်မာမင်းဆက်ကို ထီးနန်းချခဲ့တယ် ...
သီပေါမင်းကိုနန်းချဖို့ ဗြိတိသျှတွေ၀င်မလာခင် ပြည်သူတွေက နန်းတော်ကြီးမှာရှိတဲ့ ရရာပစ္စည်းတွေကို အုတ်အော်သောင်းတင်း ၀ငျရောကျယူဆောငျခဲ့ကွတယျ ။ အရင်က အခွင့်မရှိရင် မော်ဖူးလို့မရတဲ့ အရှင်နန်းမတော်ဖုရားက တားတာတောင် ဂရုမစိုက်တော့ဘဲ နန်းမတော်ဖုရား လက်ထဲက အတင်းပြန်လုတဲ့ လမ်းဘေးဈေးသည် မချိုကိုကြည့်ပီး အာဏာရှင်တွေ အာဏာမရှိတော့တဲ့အခါ ဘာမှမရှိတော့ဘူးဆိုတာကို တွေးလိုက်မိတယ် ...
သီပေါမင်း ရတနာဂီရိကို ပါတော်မူသွားတဲ့ အကြောင်းလေးကိုဖတ်ပြီး ရင်ထဲမကောင်းဖြစ်သွားတယ် ။ ရတနာဂီရိရောက်တော့လည်း တစ်နေ့တစ်နေ့ မင်းတုန်းမင်းကြီးပေးခဲ့တဲ့ မှန်ပြောင်းလေးနဲ့ ပင်လယ်ဘက် ကြည့်ကြည့်နေတာမြင်ပီး မချိတင်ကဲ့ ဖြစ်မိတယ် ...
အင်္ဂလိပ်တွေရဲ့ အပြုအမှုကို သည်းခံလိုက်မယ်ဆိုရင် ရွှေနန်းဝော်ာကြီးမှာ ဆက်လက်စိုးစံနိုင်လိမ့်မယ်လို့ အမျှော်အမြင်ကြီးစွာ လျှောက်တင်တဲ့ ကင်း၀န်မင်းကြီးသဘောကို နှစ်ခြိုက်ပေမဲ့ ပဒေသရာဇ်စနစ်ပျက်စီးသွားတာလည်း ကောင်းတာပါပဲလေလို့ ဖြေတွေးလိုက်ပါတယ် ...
ရတနာဂီရိရောက်တော့ မြန်မာဘုရင်ရဲ့ မင်းမျိုးမင်းနွယ်တွေဟာ နီးစပ်ရာ အိန္ဒိယနိုင်ငံသားတွေနဲ့ သွားနှောကုန်တာတွေ့ရတယ် ။ မြန်မာဘုရင်တွေရဲ့ မာန်မာန ထောင်လွှားမှုကို အင်္ဂလိပ်တွေက ပညာသားပါပါ နှိပ်ကွက်ပလိုက်တယ်လို့ ခံစားလိုက်ရတယ် ...
ဒီထဲမှာ ပဒေသရာဇ်ခေတ်ပျက်သုဉ်းတဲ့ အကြောင်းတွေ ၊ သီပေါမင်းနဲ့ ပါတော်မူလူတစ်စု ရတနာဂီရိမှာ ဘာတွေဖြစ်နေလဲဆိုတာတွေ ၊ ကုလား ဗမာ အဓိကရုဏ်းတွေ ၊ အပျိုတော်တွေရဲ့ ဇာတ်ရှုပ်တွေကိုမြင်တွေ့ရတယ် ။ ကူမာရ်းနဲ့ ဒေါ်လီတို့လက်ထပ်ပြီး ရလာတဲ့ သားသမီးတွေ ဇာတ်လမ်းကတော့ စာရေးသူ သိမှီလိုက်တဲ့ သူ့ဘိုးဘွားတွေရဲ့ ဇာတ်လမ်းဖြစ်တာကြောင့် နောက်ပိုင်းဇာတ်ကြောင်းဟာ အတော်လေးတော့ ရှည်ခဲ့တယ် ..
ဆရာမြသန်းတင့်ရဲ့ ခန်းဆောင်နီအိမ်မက်လို ဇာတ်လမ်းက ရှုပ်ထွေးတယ်လို့ ခံစားရပေမဲ့ ဆရာနေ၀င်းမြင့်ရဲ့ ဘာသာပြန်အရေးအသားကောင်းမွန်မှု့ကြောင့်သာ ဖတ်ရှုနားလည်နိုင်ခဲ့တာဖြစ်တယ် ။ ဆရာနေ၀င်းမြင့်ရဲ့ ကျွန်တော်အကြိုက်ဆုံး စာအုပ်တစ်အုပ်ဖြစ်တယ် ...
#PyaeArKar
#စာညွှန်းအိမ်