လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ
မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
နာမည်ကျော် ဟားဗတ် တက္ကသိုလ် နောက်ခံ
လူငယ် ငါးဦး၏ အချစ် ဇာတ်လမ်း ငါးပုဒ်
ဘဝတက္ကသိုလ် စာပေ
၁၄၉၊ ၃၇ လမ်း အလယ်လမ်း၊ ရန်ကုန်။
ဖုန်း ၀၁ ၂၄၉၇၄၁၊ ၀၉ ၅၁၁၂၇၁၄။
တန်ဖိုး ၆၀၀၀ ကျပ်
Just my opition
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ(ဆရာမြသန်းတင့်) review
ဒီစာအုပ်လေးကိုဖတ်ပြီး ဟားဗတ်စ်တက္ကသိုလ်မှာ ကျောင်းတက်ရာကစပြီးအတူဆုံတဲ့ သူငယ်ချင်း ၅ယောက်ရဲ့ ငယ်ဘဝဇာတ်ကြောင်းကစ သေဆုံးသည်ထိ ဘဝဇာတ်စုံသိခွင့်ရတယ်။
ဂျေဆန် -သူ့ဘဝရဲ့ တကယ်အစစ်အမှန်ကိုရှာတွေ့ပြီးပျော်ရွှင်သွားပေမယ့် တဖက်မှာသူ့လူမျိူးရေးကြောင့်အပြစ်မရှိတဲ့လူသားတွေသေဆုံးရတာကို အပြစ်ရှိနေသူအဖြစ်ခံစားရပြီး နောက်ဆုံးမှာရဲရင့်တဲ့သူရဲကောင်းအနေနဲ့အဆုံးသတ်သွားတယ်
ဒင်နီ - သူရချင်တဲ့အောင်မြင်မှုတွေကို အားကျစရာကောင်းတဲ့ အတုယူဖွယ် ကြိုးစားအားထုတ်မှုတွေနဲ့ နှစ်တွေအများကြီးပိုင်ဆိုင်ခဲ့ရပေမယ့် လှိုက်စားနေတဲ့သူ့အိမ်ထောင်ရေးနဲ့ ကျရှုံးမှုတွေကြုံရတဲ့အခါ ဆုံးဖြတ်ခဲ့ရတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘလိုမျိူးဘဝကိုဆက်လျှောက်လဲ ဖတ်ရတယ် ။
လင်းဗရို့စ် - ဘဝရဲ့အစက ဘယ်လိုပဲဖြစ်နေပစေ နိဂုံးမှာဘလိုအောင်မြင်ရမလဲဆိုတာ သက်သေပြသွားတယ် ။ဆာရာဆိုတာရှိခဲ့လို့ လင်းဗရို့စ်ရှိခဲ့တယ်လို့လဲထင်ချင်တယ် ။ဒါမယ့်ဆာရာမရှိတော့ချိန်မှာလဲ သူပြန်ရပ်တည်နိုင်ခဲ့ပါတယ်။
အဲလီယော့ - သူက စကတည်းက သူ့ကိုယ်သူဘာမှ မဟုတ်တဲ့သူ ၊ ဘာကိုမှ စိတ်မဝင်စားတတ်သူအဖြစ်ပြောခဲ့ပေမယ့် သူ့က ဘသူ့ကိုမဆို ကူညီတတ်တဲ့သူ ၊ဘဝကို အရမ်းကြီး serious ဖြစ်မနေတဲ့ cold type အနေနဲ့ပဲမြင်တယ် ။သူတွေ့ခဲ့ရတဲ့သူငယ်ချင်း ၄ယောက်ကတော့ hot type ပေါ့ ။
ဂျော့ ကဲလား - သူရဲ့ဘဝအစမှာ နိုင်ငံရေးစိတ်ပြင်းထန်သူ အဖြစ်တွေ့ရမယ် ။ဒါမယ့်သူစွန့်လွှတ်ခဲ့တာလား စွန့်ပစ်ခဲ့တာလား အတ္တကြီးခဲ့တယ်လို့ထင်တယ်။သူအမေရိကကိုရောက်မလာခဲ့ဘူး ဆိုရင်ရော ??သူ့ရဲ့ အံ့ဩဘနန်းစိတ်ဓာတ်နဲ့ လုံ့လကြောင့် ဟားဗတ်ကနေဘဝအသစ်ပြန်စခွင့်ရပီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအထိ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ ဒီလိုဖြစ်လာဖို့သူပေးဆပ်ခဲ့ရတာတွေက ကြီးလိုက်တာ။ နောက်ဆုံးမှာ သူချစ်ရတဲ့သူတွေလဲ သူ့အနားမှာမရှိတော့ဘူး။သူ့ကိုလဲ လူတိုင်းက အကောင်းမမြင်ကြတော့တဲ့အချိန်မှာ ဟန်ဂေရီကနေ အမေရိကထိ ပြေးလာတဲ့ကောင်လေး ဘလိုအဆုံးသတ်သွားလဲ။
လူတွေမှာ ခံယူချက်အမျိူးမျိူးနဲ့အသက်ရှင်နေကြတယ်။အားလုံးကတော့ ကိုယ်မှန်တယ်ထင်လို့ ယုံကည်ရာလျှောက်ကြတာပဲ ။သူငယ်ချင်း၅ယောက်မှာ တယောက်တနေရာစီ အောင်မြင်မှုရနေကြသလို လူမသိသူမသိ ကျရှုံးနေတာတွေလဲရှိတယ် ။ဘလောက်ပဲအောင်မြင်တဲ့သူဆိုဆို ရာနှုန်းပြည့်မပျော်ရွှင်ကြပါဘူး ။ ဟားဗတ်မှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲတုန်းက သူတို့ရဲ့ စိတ်အခြေအနေနဲ့ ငွေရတုတွေ့ဆုံပွဲမှာပြန်တွေ့ရတော့ သူတို့ရဲ့ဖြစ်နေတဲ့အခြေအနေကြားက တွေ့ကြုံခဲ့ရတဲ့ အောင်မြင်မှု ကျရှုံးမှုတွေ ၊ကြိုးစားအားထုတ်ခဲ့ရပုံတွေ ၊ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကို သိရချိန်မှာ ကိုယ်ကြုံနေတဲ့အခက်အခဲ က ဘာမ မဟုတ်သေးပါလား။ကိုယ်ရဲ့ကြိုးစားအားထုတ်မှုနဲ့ သူတို့နဲ့ယှဉ်ကြည့်တော့လဲ ကိုယ်က ဘာမှ မဟုတ်သေးဘူး။နောက်ပြီး တခုလိုချင်ရင် တခု စွန့်လွှတ်ရမယ်ဆိုတာ သူငယ်ချင်း ၅ယောက်လုံးကြုံရတယ် ဆိုတာသိလိုက်ရတယ် ။တဖက်မှာ ဘလောက်ပဲတော်နေနေ တဖက်မှာ သူပေးဆပ်လိုက်ရတာရှိတယ်။သူငယ်ချင်း၅ယောက်မှာ ၄ယောက်က အိမ်ထောင်ရေးအဆင်မပြေခဲ့ဘူး ။ဒါပေမယ့် တဦးချင်းစီ အဆင်မပြေတဲ့အိမ်ထောင်ရေးတွေကိုဘလို ဖြေရှင်းခဲ့ကြလဲဆိုတာတွေ့ရမယ်။တဖက်မှာ ဘလောက်ဆင်းရဲနေပါစေ သူကိုယ်တိုင်ပျော်ရွှင်နေတာရှိတယ် ။ဘလောက်ပဲတော်နေတတ်နေတဲ့သူဆိုဆို သူ့မှာ မှားယွင်းတဲ့အယူအဆရှိတာပဲ။လူတိုင်းအမှားနဲ့မကင်းဘူးလေ။ဘယ်အသက်အရွယ်မှာမဆို ကြိုးစားခွင့်ရှိတယ်။ အဖြစ်အပျက်တွေမှာ ငါတယောက်တည်းမဟုတ်ဖူး ဆိုတဲ့အသိလေးတွေ ရလိုက်ပါတယ် ။
#Tha Zaim
Publisher Name: ဘဝတက္ကသိုလ်စာပေ
Publisher Address: အမှတ် ၁၄၉/ ၃၇ လမ်း/ရန်ကုန်
Publisher Phone Number: ၀၁၂၄၉၇၄၁, ၀၉၅၁၁၂၇၁၄