ထင်လင်း မြန်မာပြန် ပလိပ်
|||||||||||||||||||||||||||||||||||
THE PLAGUE BY ALBERT CAMUS
♥CAMUS ၏ ဝတ္ထုထဲတွင် ကျွန်မအကြိုက်ဆုံး ဝတ္ထုမှာ ပလိပ်ပင်ဖြစ်ပါသည်။
♥ပလိပ်ဝတ္ထု တစ်ပုဒ်တည်းဖြင့် CAMUS
သည် လူ့ဘဝ၏ အဓိပ္ပာယ်မျိုးစုံ ၊ တန်ဖိုးထားမှုမျိုး
စုံကို ဖွင့်ပြခဲ့သည်။
♥ပလိပ်၏ဇာတ်ကောင်များသည် ယခုတိုင်
အိုရန်မြို့ကလေးမှာသာမက ကမ္ဘာအနှံ့အပြား
တည်ရှိနေ၏။စနစ်ဆိုးတစ်ခု၏ ဝါးမျို မှုသည်
ရောဂါကပ်တစ်ခု၏ဝါးမျို မှု ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်း၏။ရောဂါကပ်ကို တွန်းလှန်ရန်
ကြာသောအချိန်ထက် စနစ်ဆိုးတစ်ခုကိုတွန်းလှန်ရန်ကြာသောအချိန်က အဆပေါင်းများစွာ ပိုပါ
သည်။
♥လူတွေကို မုန်းတီးပြီး ပလိပ်ရောဂါကို
သဘောကျနေသောကြောင့် ပလိပ်ရောဂါ
တဖြည်းဖြည်း နောက်ဆုတ်သွားချိန်၌ ရူးသွပ်စွာ
ပေါက်ကွဲသွားသော ကော့တားလို လူမျိုးကပင်
ကျွန်မအတွက် စိတ်ဝင်စားစရာကောင်းနေပါသည်။
♥ကော့တား ဘာကြောင့် လူတွေကို မုန်းသလဲ။နောက်ခံအကြောင်းတွေ များစွာရှိပါသည်။
(စာရေးဆရာမ ဂျုး၏ ကျွန်မဖတ်ခဲ့သောစာအုပ်များ မှ ကူးယူဖော်ပြပါသည်။)
________________________________
ALBERT CAMUS ၏THE PLAGUE
စာအုပ်တွင်.............
♥လူသားတို့၏ "ဉပေက္ခာဝါဒ" ကို ဖော်ပြသည်။အယ်ဂျီးရီးယားရှိ "အိုရန်" ခေါ် မြို့ကလေးတစ်မြို့တွင်ပလိပ်ရောဂါ ကျရောက်လာခြင်းနှင့် မြို့တွင်ကူးစက်သောရောဂါ မပြန့်ပွားရအောင် ကာကွယ်ကြသည့် အရေးကြီးသောကာလရှည်ကြီးအကြောင်းရေးထားသည်။
♥ဝတ္ထုဇာတ်လမ်းမှာ ဤမျှသာ အခြေခံသော်လည်းပြင်သစ်ပြည်ကို ဂျာမန်တို့ကျုးကျော်မှု ၊အထူးသဖြင့်ပါရီမြို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့သော 1940-45ခါးသီးသောကာလကြီးကို ရည်ညွှန်းရေးသားသည်သာ ဖြစ်မည်ဟုလည်း ဆိုသူက ဆိုကြသည်။
♥"အိုရန်"မြို့မှ ပလိပ်ရောဂါအကြောင်းကို သူသည်အစီအစဉ်ကျကျ အသေးစိတ်ဖော်ပြထားလေသည်။ ဝတ္ထု ဇာတ်သိမ်းပိုင်းတွင် ထိုပလိပ်ရောဂါမျိုးသည် အနာဂတ်တစ်ချိန်ချိန်တွင် ပြန်လည်ကျရောက်နိုင်သေးကြောင်း ရေးသားထားသည်။
(ဆရာဟိန်းလတ်၏
နှစ်ဆယ်ရာစု အနောက်တိုင်းစာပေ စာအုပ်မှ)
???? ဤစာအုပ်ကို ကိုယ်တိုင် မဖတ်နိုင်သေးပါသဖြင့် စာအုပ်အကြောင်းစာရေးဆရာမဂျုး နှင့်
ဆရာဟိန်းလတ်တို့၏ စာအုပ်reviewကို ကူးယူဖော်ပြပေးခြင်း ဖြစ်ပါသည်။
Resources
Publisher Name: ပန်းရွှေပြည်စာအုပ်တိုက်
Publisher Address: အမှတ် ၃၃၄၊ ၈ လမ်း၊ ၁၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Publisher Phone Number: 09 73079964 , 09 5181715 , 09 5145728