Book Image
ထင်လင်း


၁၉၁၆ - ခုနှစ်၊ မေလ(၉)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ညောင်လယ်ရွာ၌ အဖ-အခွန်တော်မြေတိုင်း စာရေးကြီး ဦးဘိုးပေါ်၊ အမိ-ဒေါ်လှတို့က မွေးဖွားသည်။ ငယ်မည်မောင်သိန်းမောင်။ ငယ်စဉ်ကရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင်

၁၉၂၂ - အသက်(၆)နှစ် အရွယ်တွင် စစ်ကိုင်းတိုင်း၊ ထန်းတပင် ဇီးကုန်းသို့ပြောင်းရွှေ့နေထိုင်ပြီး ဦးသာဂျမ်း အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။

၁၉၂၉ - စတုတ္ထတန်းအောင်မြင်ပြီး ဘရစ်ချ်စကောလားရှစ် စာမေးပွဲအောင်သဖြင့် ရေဦးမြို့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်သည်။

၁၉၃၁ - ရွှေဘိုမြို့ အက်စ်ပီဂျီသာသနာပြုကျောင်းတွင် ပဉ္စမတန်းမှစ၍ ပညာသင်ကြားသည်။

၁၉၃၈ - ထိုကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ယင်းနှစ်တွင် ရွှေဘိုအရေးတော်ပုံရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့။

၁၉၄၅ - ၄၆ - ဒုတိယကမ္ဘာစစ်အပြီးတွင် ကန့်ဘလူမြို့နယ်ပိုင်ရုံးတွင် ဒု-စာရေး၊ ထို့နောက် ကန့်ဘလူမြို့ပိုင်ရုံး စာရေးကြီးအဖြစ်အမှုထမ်းခဲ့။

၁၉၄၇ - ထိုနှစ်မှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် စတင်ရေးခဲ့။ ပထမဆုံးဝတ္ထုမှာ နယ်ပိုင်ဦးထုပ် ဖြစ်ပြီး ၁၉၄၇-ခုနှစ် တာရာမဂ္ဂဇင်း၌ ဖော်ပြခံရသည်။ သိန်း(အညာ) ကလောင်အမည်ဖြင့်ရေးခဲ့။

၁၉၄၈ - ပဒေသာမဂ္ဂဇင်း၌ထင်လင်းအမည်ဖြင့် စတင်ရေးခဲ့။ ရန်ကုန်မြို့ စာပေဗိမာန်၌ စာပြုအဖြစ်ခန့်ထား ခြင်းခံရ။ ထို့နောက်-ရန်ကုန်တက္ကသိုလ်ပြန်တက်သည်။

၁၉၅၂ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့။

၁၉၅၃ - မဟေသီ(အလက်ဇန္ဒားဒူးမတ်-ဘာသာပြန်)ထွက်။

၁၉၅၄ - စာပေဗိမာန်မှ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက် စာတည်းအဖြစ် ပြောင်းရွှေ့အမှုထမ်းခဲ့သည်။

၁၉၅၅ - ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှထွက်၍ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် နည်းပြဆရာအဖြစ် ပြောင်းရွှေ့အမှုထမ်းပြီး မဟာဝိဇ္ဇာဆက်တက်သည်။

၁၉၅၉ - အလုပ်မှ နုတ်ထွက်၍ ဆရာမင်းယုဝေနှင့်တွဲဖက်ကာ ငွေတာရီမဂ္ဂဇင်းနှင့် ငွေတာရီစာစဉ်များကို တည်ထောင်သည်။ ငွေတာရီမဂ္ဂဇင်းအယ်ဒီတာချုပ်၊ ငွေတာရီစာစဉ်တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။

၁၉၆၁ - အမေရိကန်နိုင်ငံသို့ လေ့လာရေးခရီး (၄)လသွားရောက်ခဲ့ပြီး အပြန်တွင် ဂျပန်နိုင်ငံ ယူနက်စကို အကူအညီဖြင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများကို လေ့လာခဲ့။

၁၉၆၃ - အလီဘာဘာ၏ဂူနှင့် အခြားစုံထောက်ဝတ္ထုများ (တက္ကသိုလ်ဥပစာတန်းတွင် ပြဋ္ဌာန်းစာအုပ်) ဘာသာပြန်ထွက်။

၁၉၇၄ - မောဂ္ဂလိ(ရု(ဒ်)ယတ်ကစ်ပလင်း ဝတ္ထု-ဘာသာပြန်)စာအုပ်ထွက်။ (ယင်းနှစ်အတွက် အမျိုးသားစာပေ ဆု ဘာသာပြန်ရသဆု ရရှိ)။ စည်းအပြင်ကလူ(အဲလ်ဘတ်ကမူး)ဘာသာပြန်။ ပေါ်လီယာနာ(အယ်လီနာပေါ်တာ)ဘာသာပြန် စာအုပ်များထွက်။

၁၉၇၅ - မြစိမ်းရောင် ရင်ခွင်သို့အပြန်ဝတ္ထုထွက်။

၁၉၇၆ - ဘယ်ဆီဘယ်ဝယ် ဝတ္ထုထွက်။ တစ်ကျွန်းစံ၏အပြန်လမ်း(အေ-ဂျေ ကရိုနင်) ဘာသာပြန်ထွက်။

၁၉၇၇ - စောင်းကြိုးတင်းသည့် သီချင်းသံ ဝတ္ထုတိုများ ထွက်။ ပလိပ်(အယ်လ်ဘတ်ကမူး)ဘာသာပြန်ထွက်။

၁၉၇၉ - စာပေဗိမာန် ဝတ္ထုတိုစာတမ်းဖတ်ပွဲ(မောင်ထင်နှင့်အခြား) စာအုပ်ထွက်။

၁၉၈၁ - အဆိပ်(အေ-ဂျေ ကရိုနင်) ဘာသာပြန်ဝတ္ထုထွက်။ ဝတ္ထုရှည်စာတမ်း (ပါရဂူနှင့်အခြား)ထွက်။

၁၉၈၈ - ပုလဲတေးသံ(ဂျွန်စတိန်းဘတ်) ဘာသာပြန်ဝတ္ထုထွက်။

၁၉၉၀ - အိန္ဒ္ဒိယနိုင်ငံ ဘုံဘေမြို့အနီး အီဂတ်ပူရီရှိ ဓမ္မဂီရိကုန်းမြေတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာဝိပဿ နာ နှီးနှောဖလှယ်ပွဲတွင် ဝိပဿနာဘာဝနာ-စာတမ်း ကို တင်သွင်းဖတ်ကြားခဲ့သည်။

၁၉၉၁ - လယ်တောမှအပြန်နှင့် လက်ရွေးစင်ဝတ္ထုများ စာအုပ်ထွက်။(ယင်းနှစ်အတွက် အမျိုးသားစာပေဝတ္ထု တိုပေါင်းချုပ်ဆုရ။)

၁၉၉၄ - ချစ်သူရင်ခွင်ထက်၌အိပ်စက်ခြင်း။ မြင်းနီကလေး(ဂျွန်စတိန်းဗက်)၊ မီးလျှံပန်း(ဂျွန်စတိန်းဗက်)၊ ပင်လယ်ပျော်ဇင်ယော်(ရစ်ချက်ဘတ်ချ်)-စာအုပ်များထွက်။

၁၉၉၆ - ဇွန်လ(၃၀)ရက်နေ့တွင် ကွယ်လွန်၊ ကွန်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်နှင့် သားသမီး(၅)ယောက် ကျန်ရစ်ခဲ့။

၁၉၉၉ - ထင်လင်းပုံပြင်စာအုပ်ထွက်ခဲ့။

ထင်ရှားသောစာအုပ်အချို့ ပြင်ဆင်
မောဂ္ဂလိ(ရု(ဒ်)ယတ်ကစ်ပလင်း)ဘာသာပြန်
စည်းအပြင်ကလူ(အဲလ်ဘတ်ကမူး)ဘာသာပြန်
ပလိပ်(အယ်လ်ဘတ်ကမူး)ဘာသာပြန်
ပေါ်လီယာနာ(အယ်လီနာပေါ်တာ)ဘာသာပြန်
တစ်ကျွန်းစံ၏အပြန်လမ်း( အေ-ဂျေ ကရိုနင်) ဘာသာပြန်
အဆိပ်(အေ-ဂျေ ကရိုနင်) ဘာသာပြန်
စောင်းကြိုးတင်းသည့် သီချင်းသံဝတ္ထုတိုများ
လယ်တောကအပြန် လက်ရွေးစင်ဝတ္ထုတိုများ
ပင်လယ်ပျော်စင်ယော်(ရစ်ချက်ဘာ့ခ်)ဘာသာပြန်
မြစိမ်းရောင်ရင်ခွင်သို့အပြန်

Reference from: wikipedia

Written Books

Book Review Image

ပလိပ်

ထင်လင်း
Book Review Image

စည်းအပြင်ကလူ

ထင်လင်း