သင့်လူ
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
Holes -------Louis Sachar (မူရင်း)
ကျင်းပေါက်များ --------သင့်လူ (ဘာသာပြန်)
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ
Alpha Books (၀၂၄၉၈)
အမှတ်(၁/ဒုတိယထပ်)၊အနောက်ပုလဲဂေဟာလမ်း၊
(၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ပုံနှိပ်သူ
Golden King Press (၀၁၃၈၂)
အမှတ်(၃၁)၊ တိုက်-၂၉၊ ၅၃-လမ်း၊ (၂) ရပ်ကွက်၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
မျက်နှာဖုံးဒီဇိုင်း
တန်ဖိုး
၃၅၀၀ ကျပ်
ကိစ္စတစ်ခုကိုလုပ်တိုင်း မအောင်မြင်လျှင် လူအများစု လုပ်လေ့လုပ်ထ ရှိတဲ့ အရာတစ်ခုက
ဆင်ခြေ(သို့မဟုတ်)အကြောင်းပြချက် ပေးတတ်
စမြဲပါ ၊ အဲဒီအကြောင်းအရာ နှစ်ခုရဲ့ တစ်ရာကိုယ်ကို ကောက်မယ်ဆိုရင် ကိုယ့်ကြောင့်မဟုတ်
ဘူး တခြားလူကြောင့်ဖြစ်တာဆိုတဲ့ စိတ်ခံစားချက်မျိုး ရပါတယ် ၊ ဒါသည်သာလျှင် စိတ်အေးချမ်းမူ တစ်မျိုးပါပဲ၊
အဲဒီလိုမျိုးပဲ---
စတန်လေတို့ မိသားစုဟာလည်း ပြဿနာတစ်ခုကြုံတိုင်း ကိစ္စတစ်ရပ်အဆင်မပြေတိုင်း
အလုပ်လုပ်တာက ၁၀၀ဖိုးဆိုရင် ပြန်ရတာက ၁၀ဖိုး ဖြစ်တိုင်း သူတို့ရဲ့မိသားစု ဒါမှမဟုတ် သူတို့ရဲ့ မိသားစုဝင် တစ်ယောက်ချင်းစီတိုင်ရဲ့ ကံ
မကောင်းမူ အမှိုက်တွေကို သွန်းချဖို့ရာ တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ အကျင့်မကောင်း-ညစ်ပတ်နံစော်-ပုပ်သိုးတော်မူသော-ဝက်ခိုးသမား-အဘီ ကြောင့်ဖြစ်ရတာ ဆိုတဲ့
မေတ္တာပို့သံ(ကျိမ်းဆဲသံ)
နည်းလမ်းမှတပါး အခြားမရှိလို့ပဲ ၊
အဲဒီ ဆွေစဥ်မျိုးဆက် ကျိန်းစာမိတဲ့ အဖြစ်အပျက်ဟာ စတန်လေလက်ထက်မှာလည်း
မလွတ်ခဲ့ပါဘူး ၊
စတန်လေဟာ မှုခင်းဖြစ်ရာ နေရာကို အချိန်မှန်
နေရာမှန် ရောက်သွားတဲ့အခါမှာမှာ တရားခံလို့
စွပ်စွဲခံရပြီး လူငယ်ပြုပြင်ရေး စခန်းလို့ခေါ်တဲ့
မြစိမ်းကန်စခန်းကို ရောက်သွားပါတော့တယ်၊
မြစိမ်းကန်စခန်း က နာမည်နှင့်မလိုက်အောင်
တက္ကဆက်ပြည်နယ်တစ်ခုလုံးမှာ အကြီးမှာဆုံး
ရေကန်ကြီး တစ်ခု အခုတော့
ရေတစ်စက်မှ မရှိတဲ့ ပပ်ကြားအက် ဖုန်းဆိုးမြေ၊
အဲဒီမြေပေါ်မှာ လူငယ်တွေ ကျင်းတစ်ကျင်းတူးကို နေတိုင်းတူးရမယ် အဲ့ဒီ ကျင်းဟာ အနက်ငါးပေ အချင်းငါးပေ ဖြစ်ရမယ် ၊ ဒါသည် မြစိမ်းကန်
ဆိုးသွမ်းလူငယ်ပြုပြင်ရေးစခန်း ရဲ့ အကြီးမား
ဆုံးသော ပထမ စည်းမျဥ်းစည်းကမ်း -----၊
အဲဒီ စည်းမျဥ်းစည်းကမ်း မှာ စတန်လေတစ်ယောက် အသားကျသွားမလား?
စာရိတ္တပျက်ပြားတဲ့လူငယ်တွေကို ကျင်းတူးခိုင်း
ရင် သူ့အလိုလို စာရိတ္တက ကောင်းလားပါ့မလား?
အကျင့်မကောင်း-ညစ်ပတ်နံစော်-ပုပ်သိုးတော်မူသော-ဝက်ခိုးသမား-စတန်လေရဲ့ အဘီကကော
မည်သို့မည်ပုံ ကျိန်းစာသင့်ခဲ့သလဲ?
အဲ့ဒီကျိန်းစာက စတန်လေ တစ်ယောက်ပြေအောင် လုပ်နိုင်ပါ့မလား?
#NTR