ရန္တပိုရွာဟာ .... အင်းဝမြို့တောင်ဘက် မိုင် (၄၀)ခန့် ကွာဝေး ပြီးတော့ မြင်းခြံမြို့ မြောက်ဘက် (၆)မိုင် ခန့်အကွာမှာ တည်ရှိတယ်တဲ့။
ရန္တပိုရွာက ကိုယ့်မွေးရပ်မြို့နဲ့ တော်တော်နီးနီးလေးမှာ ရှိနေတာပဲ။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ... ထင်ရှားလာတဲ့ ရွာကလေး
တဲ့။
ဘကြီးတော် ဘုရားလို့ ခေါ်တွင်ကြတဲ့ စစ်ကိုင်းမင်းဟာ... ရန္တပိုစာချုပ်ပါ အချက်အလက်တွေကို သဘောမကျလို့ ... အိန္ဒိယဘုရင်ခံချုပ်နဲ့ ဆွေးနွှေးချင်လို့ ကာလကတ္တားကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တယ်....တဲ့။
ကိုယ်စားလှယ်အဖွဲ့မှာ ဆွေးနွှေးမယ့် ကိုယ်စားလှယ်တွေအပြင် ...သူတို့ရဲ့ ဇနီးမယားတွေ ၊ အလုပ်အကျွေးတွေနဲ့ စကားပြန်တွေ ၊စာရေးစာချီတွေနဲ့ သမားတော်တစ်ပါး အပါအဝင် စုစုပေါင်း (၈၄)ယောက်တောင်ရှိသတဲ့။
အဲ့ဒီကိုယ်စားလှယ်အဖွဲ့ဟာ.... ရခိုင်ပြည်နယ် အမ်းတောင်ကြား လမ်းကနေ ကာလကတ္တားကို သွားခဲ့ကြတယ်...တဲ့။
လမ်းမှာ ဘုရားတွေ တွေ့တဲ့အခါ ဝင်ဖူးရင်းနဲ့ သွားခဲ့ကြတာ...
(၁၀)လ အကြာမှာ သူတို့အဖွဲ့ဟာ......ကာလကတ္တားကို ရောက်သွားကြသတဲ့။
ဗမာဘုရင့်ကိုယ်စားလှယ်အဖွဲ့ဟာ ရန္တပိုစာချုပ်ပါ အချက် (၄)ချက် နဲ့ ပတ်သက်ပြီး ဆွေးနွှေးလိုခဲ့တယ်။
တနသာင်္ရီဒေသကို ပြန်ပေးရန်၊
ရခိုင်ဒေသကို ပြန်ပေးရန် ၊
ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ပေးရန်၊
အင်းဝနေပြည်တော်မှာရှိတဲ့ အင်္ဂလိပ် သံကိုယ်စားလှယ်ရုံး ကို ပြန်ရုတ်သိမ်းပေးရန်
ဆိုတဲ့ အချက် (၄)ချက်မှာ....
ဗြိတိသျှ ဘုရင်ခံချူပ်က နံပတ်(၃)အချက်ဖြစ်တဲ့ ...ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ပေးရန် ဆိုတဲ့ အချက် တစ်ခုတည်းကိုပဲ လက်ခံဆွေးနွှေးခဲ့တယ်...တဲ့။
ကဘော်ချိုင့်ဝှမ်းဒေသကို အဲဒီအချိန်မှာ မဏိပူရစော်ဘွားရဲ့ ပိုင်နက်ဖြစ်နေပြီတဲ့။
ဗြိတိသျှ ဘုရင်ခံချုပ်ရဲ့ အကြံပေး က ကဘော်ချိုင့်ဝှမ်းကို ဗမာဘုရင်ကို ပြန်ပေးလိုက်ချင်တယ်။ အဲ့ဒါမှ မဟုတ်ရင် မဏိပူရကို စစ်လာတိုက်နိုင်တယ် လို့ သုံးသပ်သတဲ့။
အဲ့ဒီအချက်ကြောင့် ကဘော်ချိုင့်ဝှမ်းဟာ....ဗမာဘုရင်ပိုင် ပြန်ဖြစ်သွားရတယ်။
မဆိုးဘူး... ဖတ်လို့ကောင်းတယ်။
မသိသေးတဲ့ အကြောင်းအရာတွေကို သိခွင့်ရတယ်။
ဒီစာအုပ်မှာ လိုအပ်ချက်တစ်ခု တွေ့ရတယ်။
ဘယ်သူရေးတဲ့ ဘယ်စာအုပ်ကို ဆရာပါရဂူက ဘာသာပြန်ထားပါတယ် ...ဆိုတာ ဖော်ပြမထားဘူး...။
ကျမ်းကိုးစာရင်းကို ရှာတာလည်း မတွေ့ဘူး...။
ဘာသာပြန်မဟုတ်လို့များလား ...လို့ တွေးမိပြန်တယ်။
မဖြစ်နိုင်ပါဘူး...။
ဘာလို့ ဘာသာပြန်စာရင်း မထည့်ထားတာလဲ မသိဘူး....။
#Susu Kyaw