စာဖတ်ပရိတ်သတ်များအတွက် 'ကမ္ဘာကျော်စာအုပ် ၁၀၀' ပြန်လည် ထွက်ရှိ လာပါပြီ။ စာရေးသူ နွယ်သစ် ရေးသားပြုစု ထားတဲ့ ဒီစာအုပ်ဟာ ကမ္ဘာ့စာပေကို မြန်မာ စာဖတ်ပရိတ်သတ်များနဲ့ မိတ်ဆက် ပေးထားခြင်းလို့ ဆိုနိုင်ပါတယ်။ နွယ်သစ် ဆိုတဲ့ ကလောင်အမည်ဟာ ဆရာမင်းကျော်၊ ဆရာ ညွန့်ကြူး၊ ဆရာ ကျော်အောင် စတဲ့ စားရေးဆရာ သုံးဦး စုပေါင်းရေးသားထားတဲ့ ဘုံကလောင်လည်းဖြစ်ပါတယ်။
ဒီစာအုပ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေတ်အဆက်ဆက် ထင်ရှားခဲ့တဲ့ ဝတ္ထုကြီးများ၊ ကဗျာများ၊ ပြဇာတ်များ၊ ခရီးသွား မှတ်တမ်းများ၊ နေစဉ်မှတ်တမ်းများနဲ့အတူ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုဆိုင်ရာ စုစုပေါင်း စာအုပ်တစ်ရာ ပါဝင်ပါတယ်။ အီးလိယက်၊ ရာမာယဏ၊ အိစွတ်၏ ဒဏ္ဍရီများ မှစလို့ ကားလ်မက်ရဲ့ အရင်းကျမ်း၊ မာကိုပိုလို ရဲ့ခရီးသွားမှတ်တမ်းများ၊ ဟစ်တလာရဲ့ ကျွန်ုပ်၏ဘဝခရီးကြမ်း စတာတွေအဆုံး စာအုပ်ကောင်း မြောက်များစွာအကြောင်း ရေးသားထားတဲ့ ဆောင်းပါးတွေကို လေ့လာဖတ်ရှု့ ရမှာပါ . . ။ ။
ယခု တတိယအကြိမ်အဖြစ် ရန်ကုန်လမ်းမများမှ ထုတ်ဝေလိုက်တဲ့ "ကမ္ဘာကျော်စာအုပ် ၁၀၀" ကို အရင် စာအုပ်များနဲ့ မတူကွဲပြားသော ဗားရှင်း အသစ်အနေနဲ့ ဖတ်ရှု့ ရမှာပါ။ ဒီစာအုပ် ဒုတိယအကြိမ် ထွက်ရှိခဲ့စဉ်က ပထမအကြိမ်မှာ ဖော်ပြပါဝင်ခဲ့တဲ့
(၁)မာကီယာဗယ်လီရဲ့ "ရာဇောဝါဒကျမ်း"၊
(၂)ရူးဆိုးရဲ့ "လူမှုရေးသဘောတူညီချက်"နဲ့
(၃)ဟစ်တလာရဲ့ "ကျွန်ပ်၏ဘဝခရီးကြမ်း" စတဲ့ ဆောင်းပါး သုံးပုဒ်ကို စာပေစိစစ်ရေးမှ ထည့်သွင်းခွင့်မပြုဘဲ ဖြုတ်ပေးခဲ့ ရပါတယ်။ ဒါကြောင့် စာရေးသူများအနေနဲ့ တခြားကမ္ဘာကျော် စာအုပ်သုံးအုပ်ကို အစားထိုး ရွေးချယ်ပြီး ဒုတိယအကြိမ် ထုတ်ဝေမှုမှာ ဖြည့်စွက်ထည့်သွင်း ခဲ့ကြပါတယ်။
အခု တတိယအကြိမ်မှာတော့ အဖြုတ်ခံခဲ့ရတဲ့ ဆောင်းပါးသုံးပုဒ် ကိုပါ စုံလင်စွာ ပြန်လည် ဖော်ပြထားလို့ စုစုပေါင်း ၁၀၃ ပုဒ် ပါဝင်တဲ့ ကမ္ဘာကျော်စာအုပ်၁၀၀ ဖြစ်လာပါတယ်။ ဒါ့အပြင် နွယ်သစ် ကလောင်ပိုင်ရှင် စာရေးဆရာ သုံးဦးရဲ့ ကိုယ်ရေးအကျဉ်းနဲ့ စာစုစာရင်းတွေကိုလည်း ဖြည့်စွက် ထည့်သွင်းဖော်ပြ ထားပါတယ်။
စာပေလက်ရာကောင်းတွေကို အစဉ်တစိုက် စောင့်မျှော် ဖတ်ရှု့ နေကြတဲ့ စာဖတ်ပရိတ်သတ် များအတွက် "ကမ္ဘာကျော်စာအုပ်၁၀၀" ကို တမူထူးခြားသော ပုံစံသစ်နှင့်ရန်ကုန်လမ်းမများ စာပေက ထုတ်ဝေဖြန့်ချိ လိုက်ရပါကြောင်း . . .။
Publisher Name: ရန်ကုန်လမ်းမများ
Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904
Publisher Phone Number: Ph-095077348,0931865904