Book Image

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ

ဒေါက်တာဇော်သန်း

ဒေါက်တာဇော်သန်း

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ
Roald Dahl ၏ Boy - Tales of childhood ကို 
ဘာသာပြန်သည်။
တိုးမြစ်စာအုပ်တိုက်၊
ပထမအကြိမ်၊ ၁ မေ ၂၀၁၉။
မျက်နှာဖုံးပန်းချီနှင့်ဒီဇိုင်း - ဇော်မောင်။
၁၃.၆ စင်တီမီတာ x ၂၀.၆ စင်တီမီတာ။
စာမျက်နှာ - ၁၆၀ ၊ တန်ဖိုး - ကျပ် ၃၀၀၀။

ကမ ္ဘာကျော်ကလေးစာပေများရေးသားခဲ့သူ ဗြိတိသျှစာရေး ဆရာကြီး ရိုးလ်ဒါးလ်၏ ၁၉၈၄ ခုနှစ်တွင် ပထမ အကြိမ်ထုတ်ဝေခဲ့သော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

သြဂုတ် ၂၀၁၈ က ရေးသားထားသော ဘာသာပြန်သူ ၏ အမှာပါရှိသည်။ ရနံ့သစ်မဂ္ဂဇင်း၌ ၁၈လ တိုင်တိုင် အခန်းဆက်ဖော်ပြခဲ့သော ဘာသာပြန်လက်ရာကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။

ကမ ္ဘာကျော် ကလေးစာပေရေးသားသူ ရိုးလ်ဒါးလ်၏ ကလေးဘဝ စိတ်ဝင်စားစရာတို့အား ဘဝကနဦးအစ၊ လင်းဒတ်ဖ်ကျောင်း ၁၉၂၃ - ၅ ( အသက် ၇ - ၉ နှစ် ) ၊ စိန့်ပီတာကျောင်း သားဘဝ ၁၉၂၅ - ၉ ( အသက် ၉ - ၁၃ နှစ် ) ၊ ရက်ပ်တွန်နှင့် ရှဲလ် ပုဂ္ဂလိကကျောင်းများ ၁၉၂၉ - ၃၆ ( အသက် ၁၃ - ၂၀ နှစ် )ဟူ၍ အခန်း ၄ ခန်း ပါရှိသည်။

ရိုးလ်ဒါးလ် ၏ အမှတ်သညာတွင် နှစ်ပေါင်းများစွာ စွဲ ထင်ကျန်ရစ်နေသော အဖြစ်အပျက်တို့အားရေးဖွဲ့ထား ခြင်းဖြစ်သည်။
 



'' အချို့က ပျော်ရွှင်စရာ၊ အချို့က နာကျင်ခံစားစရာ၊ အချို့က စိတ်နှလုံးမသာယာစရာ ဖြစ်ရာ ထိုအဖြစ်အပျက်များကို ကျွန်တော်က ပြက်ပြက်ထင်ထင် မှတ်မိနေဆဲဖြစ်ပါသည်။ '' ဟု ရိုးလ်ဒါးလ် က ဖော်ပြထား သည်။ 

တစ်နည်းအားဖြင့် ငယ်စဉ်ကလေးဘဝမှ အသက် ၂၀ လူပျိုပေါက်အရွယ်အထိ အမှတ်ရစရာတို့အား ရွှင်ရွှင်သွက်သွက် မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ထိုခေတ် ထိုကာလက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး နှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကိုလည်း တစေ့တစောင်းအကဲခတ်နိုင်မည်ဖြစ်သည်။

'' စိန့်ပီတာကျောင်း၌စနေစဉ် ပထမ သုံးလေးလအတွင်း ကျွန်တော် အိမ်သို့လွမ်းလိုက်သည်မှာ ပြောဖွယ်ရာမရှိတော့။ အိမ်လွမ်းခြင်းမှာ ပင်လယ်ထဲ လှိုင်းမူးသလိုပင်။ မိမိကိုယ်တိုင် မခံစား မရမချင်း မသိနိုင်။ ကိုယ်တွေ့ကြုံတော့မှပဲ အရှိုက်ကို လက်သီးနှင့်ထိ အထိုးခံရသလို သေလုမျောပါး အခံရခက်လှသော ဝေဒနာတစ်ခုပင်။ တစ်ခုပဲ သက်သာရာ ရှိသည်ကတော့ အိမ်လွမ်းတာပဲ ဖြစ်ဖြစ်၊ ပင်လယ်ထဲလှိုင်းမူးတာပဲဖြစ်ဖြစ် ချက်ချင်းပျောက်ကင်းသွားနိုင်ခြင်းပင် ဖြစ်၏။ အိမ်သို့ လွမ်းသောဝေဒနာမှာ ကျောင်းပရဝဏ်တွင်းမှ လျှောက်ထွက်လာ သည့် အခိုက်အတန့်၌ ချက်ချင်းပျောက်ကင်းသွားတတ်ပြီး လှိုင်းမူးခြင်းမှာလည်း မိမိစီးလာသောသင်္ဘော ဆိပ်ကမ်း ကပ်သည်နှင့် သက်သာသွားတတ်ပေသည်။ ''
( စာမျက်နှာ ၇၁ မှ )

'' ရွှမ်း.....
ရိုင်ဖယ်သေနတ်နှင့် ပစ်လိုက်သလိုပင်။ တင်ပဆုံပေါ်သို့ အလွန်ပြင်းထန်စွာဖြင့် ကြိမ်ရိုက်ချက်ကကျရောက်လာ သည်။ နာကျင်မှုကို မခံစားရမီ လေးစက္ကန့်မျှကြာသေး ၏။ ထို့ကြောင့် အတွေ့အကြုံ ရင့်ကျက်သော ကြိမ်ရိုက်သူများမှာ အရိုက်ခံရသူ၏ နာကျင်မှု အမြင့်ဆုံးသို့ ရောက်ရန်အတွက် ကြိမ်ရိုက်ချက် တစ်ခုနှင့် တစ်ခုအ ကြား အချိန်အနည်းငယ်စီ ခြား၍ ရိုက်လေ့ရှိ၏။ ထို့ကြောင့် ပထမကြိမ်ချက်အပြီး စက္ကန့်အနည်းငယ်မျှ ကျွန်တော် ဘာမှမဖြစ်သေး။ ထို့နောက်တွင်မှ တင်ပဆုံ ကြွက်သားများတစ်လျှောက် အလွန်ထိတ်လန့် ကြောက်ရွံ့ ဖွယ် မခံမရပ်နိုင်လောက်အောင် နာကျင်လာတော့၏။ ''( စာမျက်နှာ ၉၉ နှင့် ၁၀၀ မှ )

'' ထိုအဖြစ်အပျက်များက သီးခြားဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါသည်။ ကျွန်တော်၏ ငယ်စဉ်ဘဝ၊ နွေရာသီ နော်ဝေး ကျွန်းများပေါ်မှ ကျောင်းပိတ်ရက်များ၊ ကျောင်းများ၊ ကြွက်သေများ၊ ဘိုဇာများနှင့် သက်ဆိုင်ခြင်း မရှိတော့ပါချေ။ အခွင့်သာသည့် တစ်ချိန်ချိန်တွင် ထိုအဖြစ်အပျက်များကို ကျွန်တော် ပြောပြကောင်း ပြောပြဖြစ်ပါလိမ့်ဦး မည်။ '' ( စာမျက်နှာ ၁၆၀ မှ ) ဟု ငယ်ဘဝပုံပြင်များကို အဆုံးသတ်ထားသည်။

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များကို ဖတ်ရှုပြီးသည့်နောက် မိမိ၏ ပျော်ရွှင်ကြည်နူးဖွယ်၊ ဝမ်းနည်းကြေကွဲ ဖွယ်၊ လွမ်းဆွတ်တမ်းတဖွယ် အတိတ်နေ့ရက်တို့ကို ပြန်ပြောင်းအမှတ်ရနေမိပါတော့သည်။

မိုးမင်းသိမ်း
၁၉ သြဂုတ် ၂၀၁၉


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း
Book Review Image

ကြေးစား

မောင်မိုးသူ
Book Review Image

အာဃာတ

စိုးသိဏ်း
Book Review Image

အရှေ့တို့ရဲ့အရှေ့

အေးဆောင်
Book Review Image

မိတဆိုး

မိုးမင်းသိမ်း
Book Review Image

မီဆိုဟင်းချို

သင့်လူ
Book Review Image

မျော်​လင်​့ခြင်​းဖတ်​စာ

ချမ်းမြေ့ဝင်း
Book Review Image

ထီပေါက်သူ

ဖိုးနိုင်လင်း
Book Review Image

ရတနာနတ်မယ် သို့မဟုတ် တခါတုန်းက သမ္မတကတော်

သန်းဝင်းလှိုင်
Book Review Image

တေးဆိုငှက်ဒဏ္ဍာရီ

သင့်လူ
Book Review Image

စွန့်ခဲ့ရကျွန်မဘဝပါရှင်

ခင်​မျိုးချစ်​
Book Review Image

အိမ်မက်ကုန်သည်

မောင်မိုးသူ
Book Review Image

ချစ်သောဂျွန်

တင်မောင်မြင့်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

ဦးဆိုးပေ ဒေါ်ဆိုးပေ

ဖိုးနိုင်လင်း
Book Review Image

သေသူ့ထံမှ ပေးစာများ

မြသန်းတင့်
Book Review Image

မြေဖြုခဲပန်းချီဆရာလေး ကောင်းကောင်း

လင်းထိုက်
Book Review Image

သမ္မန်စာ

တင်မောင်မြင့်
Book Review Image

ကျေရာကျေကြောင်း

မောင်ပေါ်ထွန်း
Book Review Image

တောရိုင်းမြေ

ကျော်အောင်
Book Review Image

ရေတက်

ဟိန်းလတ်
Book Review Image

ကြာညိုနံ့သင်းသော ရေ၀တီမ (ဒုတိယအကြိမ်)

မြသန်းတင့်
Book Review Image

ကြမ္မာမုန်တိုင်း

လင်းခန့်
Book Review Image

ပါစီဂျက်ဆန်နှင့် ကျိန်စာသင့်ဓား

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

ကလေးချစ်

သစ္စာနီ
Book Review Image

စွဲစွဲနစ်နစ်

ရွှေဝင်း
Book Review Image

မင်္ဂလာပါ ဆရာမ

တိုက်စိုး
Book Review Image

မဟာတို့၏ကျဆုံးခန်း

လှစိုးဝေ
Book Review Image

တပ်မှူးများ

မြသန်းတင့်
Book Review Image

ရေခဲနဂါး

မျိုးဇော်ဝင်း
Book Review Image

မင်းသားလေး ပြန်လာပြီ

ဝင်းငြိမ်း
Book Review Image

ကံကြမ္မာ အကျဉ်းသား

မောင်ပေါ်ထွန်း
Book Review Image

သစ်မိစ္ဆာခေါ်သံ

လင်းခန့်
Book Review Image

ရန္တပို

ပါရဂူ
Book Review Image

ပလိပ်

ထင်လင်း
Book Review Image

လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ

မြသန်းတင့်
Book Review Image

ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း

တော်ကောင်းမင်း
Book Review Image

ဖား

တော်ကောင်းမင်း
Book Review Image

ကျင်းပေါက်များ

သင့်လူ
Book Review Image

ကျိန်စာ

တင်မောင်မြင့်
Book Review Image

မမရေချယ်

တင်မောင်မြင့်
Book Review Image

အပြာဦးနှောက်

မောင်မြတ်မိုး
Book Review Image

ကျွန်တော်၏လက်နှိပ်စက် အနီရောင်မှတ်စုနှင့် လက်ရွေးစင်စကားပြေများ

ဒီနိုဗို
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

လက်မရွံ့ထောင်အတွင်းမှ ကိုယ်တွေ့ဖြစ်ရပ်များ

ဒေါက်တာတင်အုံးကျော်
Book Review Image

ဇင်_မုမန်ဆရာသခင်၏ ဂိတ်ပေါက်မရှိသောဂိတ်

အောင်သူရ
Book Review Image

အိုင်ဗင်ဘယ်လ်ကင်၏ ဒဏ္ဍာရီများ

ကျော်အောင်
Book Review Image

မြစ်ပြင်တကြော လွင့်လို့မျော

မယ်ကျွိ
Book Review Image

ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်

ဝင်းငြိမ်း
Book Review Image

ကင်မ်ဂျီယောင်း ၊ ၁၉၈၂တွင်ဖွားမြင်သည်

ရဲရင့်ကျော်
Book Review Image

ရေကန်သာကြာတိုင်းအေး

နေဝင်းမြင့်
Book Review Image

နှင်းခဲပျော်ချိန်

ကျော်ဝင်း
Book Review Image

သေရွာပြန်ကလေးများ

တင်မောင်မြင့်
Book Review Image

နူးဂျင်း - လွတ်မြောက်ရာလမ်းဆီသို့

ဟိန်းလတ်
Book Review Image

ဆိုင်ဂုံ

မောင်ထွန်းသူ
Book Review Image

မော့ဆက်

တင်နွယ်မောင်
Book Review Image

ကမ္ဘာသစ်ရှာမယ့် အီလွန်မတ်စ်

မင်းမြတ်စံ
Book Review Image

ထိမ်းမြားမင်္ဂလာ

တင်မောင်မြင့်
Book Review Image

ပင်ကိုယ်ရေးစာများ

တင်မောင်မြင့်
Book Review Image

အချစ်နှင့်ပြန်လည်ပြင်ဆင်ရေး

တင်မောင်မြင့်
Book Review Image

သွေးစုပ်မြေ

ရွှေဥဒေါင်း
Book Review Image

သုခမြို့တော်ထဲက စိတ်သတ္တိ

မြသန်းတင့်
Book Review Image

နာဂိုဒေး မိုင်ဒူဂူရီ

မယ်ကျွိ
Book Review Image

အလကားလူ

မြသန်းတင့်
Book Review Image

သြဂုတ်တစ္ဆေများနှင့်အခြားဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ရှာတော်ပုံ

တော်ကောင်းမင်း
Book Review Image

အလှတရားနှင့်ကြေကွဲမှု

ဒီနိုဗို
Book Review Image

အိပ်မက်ရွာ

နေမင်းနိုင်
Book Review Image

အရူးထောင်မှာ ဆယ်ရက်တာ

ဟိန်းလတ်
Book Review Image

ဖြေသိမ့်ရာကုန်စုံဆိုင်

ဖြိုးကျော်
Book Review Image

တစ်ပင်းပွိုင့်

ဘိုဘိုဟန်
Book Review Image

အများနဲ့မတူ တမူထူးခြားတဲ့သူများ

ဘိုဘိုဟန်
Book Review Image

လက်ဗွေနီနီ

ဖြိုးကျော်
Book Review Image

နှင်းခဲပျော်ချိန်

ကျော်ဝင်း
Book Review Image

အမြောက်ဆန်လေးရဲ့ ဘဝခရီး

အဲလ်ဗစ်
Book Review Image

တကွဲတပြား

ဒီနိုဗို