Book Image

အလှတရားနှင့်ကြေကွဲမှု

ဒီနိုဗို

အလှတရားနှင့်ကြေကွဲမှု

ဒီနိုဗို
စာ - ၂၃၅
တန်ဖိုး - ၅၅၀၀ ကျပ်
အကြိမ် - ပထမအကြိမ်၊ သြဂုတ်လ၊ ၂၀၂၂
စာနဒီစာအုပ်တိုက်
အိမ်အရောက်စာအုပ်မှာယူလိုပါက အောက်ကလင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်

ဒီနိုဗို ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း
မူရင်းစာရေးဆရာအကြောင်း

၁၉၆၈ စာပေနိုဘယ်ဆုရှင် ကာဝါးဘတ ယာဆုနရီ မှာ အထင်ရှားဆုံးသော ဂျပန်စာရေးဆရာများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ တစ်ချိန်က ခေတ်စားလှသော ပြင်သစ် naturalism ကို ပိုမို စွဲငြိဖွယ် Janpan impressionism ပေါင်းစပ်ထား​သော သူ့ လက်ရာများမှာ ကျော်ကြားလှသည်။ ၁၈၉၉ တွင် အိုဆာကာ၌ မွေးဖွားခဲ့သည့် ကာဝါးဘတမှာ ငယ်စဥ်က ပန်းချီဆရာလုပ်ဖို့ စိတ်ကူးခဲ့ပြီး သူ့ဝတ္ထုများတွင် ပန်းချီအကြောင်း အတော်များများ ရေးသားလေ့ ရှိသည်။ သို့သော်လည်း သူ ပထမဆုံး ရေးသားသည့် ဝတ္ထုများကို အထက်တန်းကျောင်းသားဘဝ၌တွင်ပင် ပုံနှိပ် ထုတ်ဝေခဲ့ရပြီး စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့သည်။

တိုကျို တော်ဝင်တက္ကသိုလ်မှ ၁၉၂၄ တွင် ဘွဲ့ရခဲ့သည်။ ၁၉၂၅ တွင် ပထမဆုံး ဝတ္ထုတို ' အိဇုကချေသည်' ကို ပုံနှိပ်ဖော်ပြခံခဲ့ရပြီး ၁၉၅၅ တွင် အတ္တလန်တစ် လစဥ်မဂ္ဂဇင်းတွင် ပါဝင်ခဲ့သည်။ ဝတ္ထုက ဆယ်ကျော်သက်အရွယ် ရှက်ကိုးရှက်ကန်းနှင့် ရမ္မက်စိတ်ကြွသည့် သဘာဝကို ဖမ်းဆုပ်ထားသည်။ ထိုအချိန်က ကာဝါးဘတမှာ အချစ်အကြောင်း အရေးများခဲ့သည်။ အမေရိကန်တွင် ထုတ်ဝေသော သူ၏ အဓိကလက်ရာ သုံးခုလုံး 'နှင်းပွင့်တိုင်းပြည်'(၁၉၅၆)၊ ' ကြိုးကြာတစ်ထောင်' (၁၉၅၉)၊ 'တောင်များ၏အသံ' (၁၉၇၀) မှာ ဤအချစ်ဝတ္ထုအမျိုးအစားတွင် ပါဝင်ခဲ့သည်။ 'ဂိုဆရာကြီး'(၁၉၇၂) မှာ ရော်ရမ်းတမ်းတ ဆွတ်ပျံ့ဖွယ်ရာ ဝတ္ထုမျိုး ဖြစ်ပြီး ရိုးရာစစ်တုရင် ဂရင်းမာစတာတစ်ယောက် ခေတ်ပေါ်အမြင် ရှိသည့် စိမ်ခေါ်သူ လူငယ်လေးကို ရှုံးနိမ့်ခဲ့ပုံကို သင်္ကေတဝတ္ထုအနေဖြင့် ရေးထားသော ဝတ္ထု ဖြစ်သည်။ 

ကာဝါးဘတကို ၁၉၇၂ ဧပြီ ၁၆ ရက်တွင် ကိုယ့် လက်ဖြင့်ကိုယ် သတ်သေထားသည်ကို တွေ့ရှိခဲ့ရသည်။ သူက သတ်သေရခြင်းအကြောင်း စာချန်ထားခြင်း မရှိသလို လုံလောက်သည့် ရှင်းပြချက်မျိုးလည်း မတွေ့ရပေ။ 



ဇာဟိရ် ထွက်ပြီးနောက် ဘာသာ မပြန်ဖြစ်ခဲ့သည်မှာ သုံးနှစ်နီးပါးပင် ရှိခဲ့ပြီ ဖြစ်သည်။ ထုတ်ဝေသူများ၊ ရေးဖော်ရေးဖက်များ၊ စာဖတ်သူများက ဆုံတိုင်း ဘာတွေ ရေးနေသလဲဟု ဆိုလျှင် ဖြေရခက်လှသည်။ ဒီကာလအတွင်း စာမရေးဖြစ်ခဲ့သည်မှာ ဇော်ဂျီလက်ကွက်အချို့ကို မေ့သွားခဲ့သည်အထိ။ ပြောရမည်ဆိုလျှင် အကြောင်းပြချက်များ ရာနှင့်ချီထွက်လာနိုင် သော်လည်း တကယ့် အကြောင်းရင်းက ရေး ချင်စိတ် ခန်းခြောက်နေသောကြောင့် ဟုသာ ဆိုရပေမည်။ ဘာသာပြန်ရသည်ကို ဝတ်ကြွေးရှိ၍ လုပ်နေရသလို ခံစားမိသဖြင့် နားလိုက်ခြင်းသာ ဖြစ်သည်။ 

ထိုအချိန်တွင် ဤ Beauty and Sadness မှာ ပြန်လက်စတန်းလန်း။ ဒီအတိုင်း နှစ်နှင့်ချီ ပစ်ထားလိုက်သည်။ ကိုဗစ် ၁၉ ကြောင့် အိမ်တွင်းအောင်းရသည့်အခါမှ ပြန်လက်စတန်းလန်းကို ပြန်ဖတ်ကြည့်ပြီး ဘာသာပြန်ရာတွင် ဘာသာစကားအရ သည့်ထက် ပိုကောင်းအောင် လှုပ်ရှားကစားနိုင်သည့်နေရာလပ်တွေ အများကြီး ကျန်သေးသည်ကို သွားတွေ့ရသည်။ သုံးနှစ်လောက် ဘာသာပြန်ခြင်းကို ရပ်နားထားခဲ့သဖြင့် အမြင်သစ်တမျိုးဖြင့် မြင်မိသလားတော့ မဆိုနိုင်။ ဤသို့ဖြင့် ဘာအလုပ်မှ မရှိသည့်ကာလအတွင်း စကားလုံးတွေ၊ ဝါကျတွေ၊ အသုံးအနှုန်းတွေ၊ လေယူလေသိမ်းတွေ၊ အဖြတ်အတောက်တွေ အကုန်လုံး စိမ်ပြေနပြေ ကစားကာ ပြန်နေမိခဲ့သည်။ ပြန်နေရင်းလည်း ကာဝါးဘတ၏ အနုပညာကို အကြိမ်ကြိမ် ချီးကျူး လေးစားနေမိသည်။ ကျွန်တော်တို့ဆီတွင် သူ၏ အဓိကလက်ရာ အတော်များများကို ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်ပါသည်။ သို့သော် သူ့အရေးအသားများကို ကောင်းကောင်း အရသာမခံနိုင်သေးဟု ကိုယ့်ကိုယ်ကိုယ် ယူဆမိပါသည်။ ဤသို့ဖြင့် သူ၏ စာပေအရေးအသားများအပေါ် သုံးသပ်ဝေဖန်သည့်ဆောင်းပါးများပါ လိုက်လံရှာဖွေ ဖတ်ရှုပြီး ကာဝါးဘတ အဓိက ကိုင်တွယ်သည့်အကြောင်းအရာ၊ ရေးဟန်စတိုင်၊ သဘောထားအမြင်များကို လေ့လာကာ အနှစ်ချုပ်သဘော ပြန်လည် ဖော်ပြလိုက်ပါသည်။ လေ့လာချင်သူများအတွက် တစုံတရာ အထောက်အကူပြုလိမ့်မည်ဟု ယူဆမိပါသည်။ 

#ဒီနိုဗို



Publisher Name: စာနဒီ စာအုပ်တိုက်

Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Publisher Phone Number: 095071196, 095071197


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း
Book Review Image

ကြေးစား

မောင်မိုးသူ
Book Review Image

အာဃာတ

စိုးသိဏ်း
Book Review Image

အရှေ့တို့ရဲ့အရှေ့

အေးဆောင်
Book Review Image

မိတဆိုး

မိုးမင်းသိမ်း
Book Review Image

မီဆိုဟင်းချို

သင့်လူ
Book Review Image

မျော်​လင်​့ခြင်​းဖတ်​စာ

ချမ်းမြေ့ဝင်း
Book Review Image

ထီပေါက်သူ

ဖိုးနိုင်လင်း
Book Review Image

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ

ဒေါက်တာဇော်သန်း
Book Review Image

ရတနာနတ်မယ် သို့မဟုတ် တခါတုန်းက သမ္မတကတော်

သန်းဝင်းလှိုင်
Book Review Image

တေးဆိုငှက်ဒဏ္ဍာရီ

သင့်လူ
Book Review Image

စွန့်ခဲ့ရကျွန်မဘဝပါရှင်

ခင်​မျိုးချစ်​
Book Review Image

အိမ်မက်ကုန်သည်

မောင်မိုးသူ
Book Review Image

ချစ်သောဂျွန်

တင်မောင်မြင့်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

ဦးဆိုးပေ ဒေါ်ဆိုးပေ

ဖိုးနိုင်လင်း
Book Review Image

သေသူ့ထံမှ ပေးစာများ

မြသန်းတင့်
Book Review Image

မြေဖြုခဲပန်းချီဆရာလေး ကောင်းကောင်း

လင်းထိုက်
Book Review Image

သမ္မန်စာ

တင်မောင်မြင့်
Book Review Image

ကျေရာကျေကြောင်း

မောင်ပေါ်ထွန်း
Book Review Image

တောရိုင်းမြေ

ကျော်အောင်
Book Review Image

ရေတက်

ဟိန်းလတ်
Book Review Image

ကြာညိုနံ့သင်းသော ရေ၀တီမ (ဒုတိယအကြိမ်)

မြသန်းတင့်
Book Review Image

ကြမ္မာမုန်တိုင်း

လင်းခန့်
Book Review Image

ပါစီဂျက်ဆန်နှင့် ကျိန်စာသင့်ဓား

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

ကလေးချစ်

သစ္စာနီ
Book Review Image

စွဲစွဲနစ်နစ်

ရွှေဝင်း
Book Review Image

မင်္ဂလာပါ ဆရာမ

တိုက်စိုး
Book Review Image

မဟာတို့၏ကျဆုံးခန်း

လှစိုးဝေ
Book Review Image

တပ်မှူးများ

မြသန်းတင့်
Book Review Image

ရေခဲနဂါး

မျိုးဇော်ဝင်း
Book Review Image

မင်းသားလေး ပြန်လာပြီ

ဝင်းငြိမ်း
Book Review Image

ကံကြမ္မာ အကျဉ်းသား

မောင်ပေါ်ထွန်း
Book Review Image

သစ်မိစ္ဆာခေါ်သံ

လင်းခန့်
Book Review Image

ရန္တပို

ပါရဂူ
Book Review Image

ပလိပ်

ထင်လင်း
Book Review Image

လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ

မြသန်းတင့်
Book Review Image

ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း

တော်ကောင်းမင်း
Book Review Image

ဖား

တော်ကောင်းမင်း
Book Review Image

ကျင်းပေါက်များ

သင့်လူ
Book Review Image

ကျိန်စာ

တင်မောင်မြင့်
Book Review Image

မမရေချယ်

တင်မောင်မြင့်
Book Review Image

အပြာဦးနှောက်

မောင်မြတ်မိုး
Book Review Image

ကျွန်တော်၏လက်နှိပ်စက် အနီရောင်မှတ်စုနှင့် လက်ရွေးစင်စကားပြေများ

ဒီနိုဗို
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

လက်မရွံ့ထောင်အတွင်းမှ ကိုယ်တွေ့ဖြစ်ရပ်များ

ဒေါက်တာတင်အုံးကျော်
Book Review Image

ဇင်_မုမန်ဆရာသခင်၏ ဂိတ်ပေါက်မရှိသောဂိတ်

အောင်သူရ
Book Review Image

အိုင်ဗင်ဘယ်လ်ကင်၏ ဒဏ္ဍာရီများ

ကျော်အောင်
Book Review Image

မြစ်ပြင်တကြော လွင့်လို့မျော

မယ်ကျွိ
Book Review Image

ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်

ဝင်းငြိမ်း
Book Review Image

ကင်မ်ဂျီယောင်း ၊ ၁၉၈၂တွင်ဖွားမြင်သည်

ရဲရင့်ကျော်
Book Review Image

ရေကန်သာကြာတိုင်းအေး

နေဝင်းမြင့်
Book Review Image

နှင်းခဲပျော်ချိန်

ကျော်ဝင်း
Book Review Image

သေရွာပြန်ကလေးများ

တင်မောင်မြင့်
Book Review Image

နူးဂျင်း - လွတ်မြောက်ရာလမ်းဆီသို့

ဟိန်းလတ်
Book Review Image

ဆိုင်ဂုံ

မောင်ထွန်းသူ
Book Review Image

မော့ဆက်

တင်နွယ်မောင်
Book Review Image

ကမ္ဘာသစ်ရှာမယ့် အီလွန်မတ်စ်

မင်းမြတ်စံ
Book Review Image

ထိမ်းမြားမင်္ဂလာ

တင်မောင်မြင့်
Book Review Image

ပင်ကိုယ်ရေးစာများ

တင်မောင်မြင့်
Book Review Image

အချစ်နှင့်ပြန်လည်ပြင်ဆင်ရေး

တင်မောင်မြင့်
Book Review Image

သွေးစုပ်မြေ

ရွှေဥဒေါင်း
Book Review Image

သုခမြို့တော်ထဲက စိတ်သတ္တိ

မြသန်းတင့်
Book Review Image

နာဂိုဒေး မိုင်ဒူဂူရီ

မယ်ကျွိ
Book Review Image

အလကားလူ

မြသန်းတင့်
Book Review Image

သြဂုတ်တစ္ဆေများနှင့်အခြားဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ရှာတော်ပုံ

တော်ကောင်းမင်း
Book Review Image

အိပ်မက်ရွာ

နေမင်းနိုင်
Book Review Image

အရူးထောင်မှာ ဆယ်ရက်တာ

ဟိန်းလတ်