Book Image

အာဃာတ

စိုးသိဏ်း

‘'အာဃာတ’'

စာရေးသူ - စိုးသိဏ်း (မြန်မာပြန်)
မူရင်း - Time of Reckoning by Walter Wager
စာအုပ်တန်ဖိုး - ၅၀၀၀ ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ



ဘာသာပြန်ဆရာ စိုးသိဏ်း မြန်မာပြန်ဆိုထားတဲ့ ‘အာဃာတ’ စာအုပ်ဟာ ဥရောပ နာဇီခေတ်နောက်ခံ လျှို့ဝှက်သည်းဖို ၀တ္ထုရှည်ဖြစ်ပြီး ရန်ကုန်လမ်းမများ စာပေကနေ ယခင် ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်အုပ်တွဲကို (စဆုံး)တစ်အုပ်တည်း ပေါင်းချုပ် အဖြစ် (ဒုတိယအကြိမ်) ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ မူရင်းစာရေးဆရာကတော့ Walter Wager ပါ။ 
‘'ဤစာအုပ်သည် စိတ်ကူးယဉ်လူများနှင့် စိတ်ကူးယဉ် ဖြစ်ရပ်များအကြောင်း ရေးသားထားသော ၀တ္ထုဇာတ်လမ်း ဖြစ်ပါသည်။ သို့တစေ ကျွန်ုပ်တို့ လူသားမျိုးနွယ် အများစုအဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလောက်သော ကြောက်မက်ဖွယ်၊ ကြက်သီးထဖွယ် လုပ်ရပ်များကို ကျွန်ုပ်တို့ လူသားမျိုးနွယ်ထဲမှ ရက်စက်ယုတ်မာသော၊ လူမဆန်သော လူအချို့က ပြုလုပ်ကြခြင်းအပေါ် အမှီပြု၍ ရေးသားထားသည့် ဇာတ်လမ်းဖြစ်ပါသည်'' လို့ မူရင်းစာရေးသူ Walter Wager က အမှာစာမှာ ရေးသားထားပါတယ်။

‘'အချို့သော စစ်ပွဲများမှာ ဘယ်တော့မှ မပြီးဆုံးကြပါ။အချို့ကတော့ ဘယ်တော့မှ အဆုံးမသတ်သင့်ချေ။ အားနက်စ်ဘယ်လာသည် ဒါချောင်အကျဉ်းစခန်း၌ ရှာတွေ့ခဲ့သော အလောင်းအမြောက်အများအား အမေရိကန်စစ်သားများက မြှုပ်နှံနေပုံကို ကြီးမားသော ကျင်းကြီး၏ အစပ်တွင် ရပ်ကြည့်နေသည်။ နောက်ကိုးနှစ် ကြာသောအခါ၌လည်း ထိုအလောင်းများနှင့် လွတ်သွားသော တရားခံများကို သူ ဆက်လက်မြင်ယောင်နေဆဲ ဖြစ်သည်။ စာရေးဆရာ ဝေါ်လ်တာဝေဂါက ဤလျှို့ဝှက်သည်းဖို ၀တ္ထုတွင် ဂလဲ့စားချေခြင်း၏ သဘာ၀နှင့် ဂျူးလူမျိုးများ မျိုးတုံးအသတ်ခံရမှု၏ လူသားမျိုးဆက်များစွာအပေါ် သက်ရောက်လွှမ်းမိုးမှုတို့ကို စူးစမ်းရှာဖွေ တင်ပြထားသည်။ ယခင် နာဇီစစ်ရာဇ၀တ်ကောင်များ၏ သတ်ဖြတ်မှုများကို အစိုးရသူလျှိုတစ်ဦးက စတင်စုံစမ်း ထောက်လှမ်းသောအခါ အတိတ်ကာလမှ အဆိုးရွားဆုံးထိတ်လန့်စရာများနှင့် တရားစီရင်မှုကို တွေ့ရှိသွားလေသည်’' လို့ စာအုပ်အကြောင်း ညွှန်းဆိုထားပါတယ်။

ရန်ကုန်လမ်းမများ


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း
Book Review Image

ကြေးစား

မောင်မိုးသူ