Book Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း

''လပ်ဇပ်ကား နှင့် သံလွင်ပင်''

ဘာသာပြန်သူ - မောင်စူးစမ်း
မူရင်း - The Lexus and The Olive tree by Thomas Friedman
တန်ဖိုး - ၁၀၀၀၀ ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ



Thomas L.Friedman ဟာ ကမ္ဘာ.ရေးရာများကို ရေးသားရာမှာ အမေရိကန်နိုင်ငံတွင် ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်တွင် မင်နီယာပိုးလစ်မြို့မှာ မွေးဖွားခဲ့ပြီး Brandeis University နဲ့အောက်စဖို့ဒ်ရှိ St.Antony's College တို့မှာ တက်ရောက်ပညာ သင်ကြားခဲ့တယ်။ သူ့ရဲ့ပွဲဦးထွက် စာအုပ် From Beirut to Jerusalem ဟာ ၁၉၉၈ ခုနှစ်အတွက် National Book Award ဆုကိုဆွတ်ခူးခဲ့တယ်။ The New Youk Times သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် Mr.Friedman ဟာ အဲဒီဆောင်းပါးများအတွက် အမေရိကန်နိုင်ငံရဲ့ သတင်းစာပညာဆိုင်ရာ ပူလစ်ဇာဆုကြီးကို ၃ကြိမ်တိုင်တိုင်
ဆွတ်ခူးရခဲ့သူ ဖြစ်ပါတယ်။

လက်ဇပ်ကား က ဖွံ့ထွားလာသော ကမ္ဘာလုံးဆိုင်ရာ
စျေးကွက်တွေ၊ ဘဏ္ဍရေး အဆောက်အအုံတွေ၊ လူနေမူအဆင့်အတန်း မြင့်မားရေးအတွက် ယနေ့ လူများ အသုံးပြုနေသော ကွန်ပြူတာ နည်းပညာကို ကိုယ်စားပြုပါတယ်။ သံလွင်ပင် ကတော့ကမ္ဘာကြီးထဲမှာ
တည်ရှိသော လူတို့ရဲ့ဇစ်မြစ်၊ လူတို့ရဲ့ဋ္ဌာနေနှင့် ယဉ်ကျေးမူဆိုင်ရာများကို ကိုယ်စားပြုတယ်။

ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲမှာ ကမ္ဘာလုံးချီ စျေးကွက်ဖြစ်ပေါ်လာတာနဲ့အမျှ လူတို့ရဲ့ ဇစ်မြစ်၊ လူတို့ရဲ့ဌာနေ နဲ့ ယဉ်ကျေးမှု အစဉ်အလာများ ပြိုကွဲလာကြတယ်။သည်တွင် ဂလိုဘယ်လိုက်ဇေးရှင်း စနစ်သစ်ထဲ လက်ဇပ်ကားနှင့် သံလွင်ပင်တို့ အကြား လွန်ဆွဲပွဲများ ဖြစ်လာတော့တယ်။ 

ဒီစာအုပ်တွင် ဂလိုဘယ်လိုက်ဇေးရှင်းကို လက်ခံကျင့်သုံးနေကြသော နိုင်ငံများနဲ့ လက်ခံကျင့်သုံးရန် မဝံမရဲဖြစ်နေသော နိုင်ငံများ ရင်ဆိုင်ကြုံတွေ့ရမယ့် ဖြစ်ရပ်များကို သာဓက ဆောင်ပြီး ရှင်းပြထားပါတယ်။ ဒီစာအုပ်ဟာ ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်နဲ့ ပက်သက်ပြီး ရည်ညွှန်းကိုးကားစရာ စာအုပ်ကောင်းတစ်အုပ် အဖြစ် နိုင်ငံတကာ ပညာရှင်များက အသိအမှတ်ပြုထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

ရန်ကုန်လမ်းမများ


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

ကြေးစား

မောင်မိုးသူ
Book Review Image

အာဃာတ

စိုးသိဏ်း