Book Image

မဟာတို့၏ကျဆုံးခန်း

လှစိုးဝေ

စာအုပ်အမည်... မဟာတို့၏ကျဆုံးခန်း

  
မူရင်းစာအုပ်အမည်... Century of Trilogy 
                               1 ) Fall of Giants
                               2 ) Winter of the World
                               3 ) Edge of Eternity

မူရင်းစာရေးဆရာ ... Ken Follet

ဘာသာပြန်သူ .... လှစိုးဝေ

ဘာသာပြန်စာအုပ်အတွဲပေါင်း ကိုးတွဲ ( စုစုပေါင်းစာမျက်နှာ ၄၅၄၂မျက်နှာ )ကိုတန်ဖိုး မြန်မာငွေ ၅၁၀၀၀ကျပ်တိတိ ဖြင့် ရုပ်ပြောင်စာပေမှ ထုတ်ဝေသည်။
( ဘာသာပြန်စတုတ္ထတွဲအဖုံးမှာ Fall of Giantsကို
  ဘာသာပြန်သည်လို့ပဲ ရေးထားပြီး ပဉ္စမတွဲကျမှ
  Winter of the World သည် စတုတ္ထတွဲမှ စသည်လို့
  ပြန်ပြောထားသည်။ကိစ္စတော့သိပ်မရှိပါစာအုပ်ကို ပထမတွဲထုတ်ဝေချိန်ကနေန၀မတွဲဇာတ်သိမ်း
ထုတ်ဝေတဲ့အချိန်အထိ တွက်ကြည့်မယ်ဆိုရင်
အချိန်အားဖြင့် ၂နှစ်နဲ့ငါးလ ကြာပါတယ်။
 အမှာစာမှာ ဆရာလှစိုးဝေက ဒီစာအုပ်ဟာ နိုင်ငံတကာ
ဆက်ဆံရေး ( IR )ကို လေ့လာနေသူတွေအတွက်
သင့်လျော်တဲ့စာအုပ်လို့ ပြောထားပါတယ်။ပြီးတော့
နှစ်ဆယ်ရာစုရဲ့ သမိုင်းဖြစ်စဉ်တွေကို မူရင်းစာရေးသူ
ကင်ဖိုးလေးက လူသားဆန်သောလစ်ဘရယ်အမြင်နဲ့
သေချာသုတေသနလုပ်ပြီး ရေးသားထားတဲ့ စာအုပ်ပါ လို့
ဆိုထားပါသေးတယ်။
 မူရင်းက သုံးတွဲကိုနာမည်သုံးမျိုးပေးထားပေးမဲ့လည်း
ဆရာလှစိုးဝေက စာဖတ်သူတွေ ရှုပ်ထွေးမှုဖြစ်မှာစိုးရိမ်
လို့ “ မဟာတို့၏ကျဆုံးခန်း ” ဆိုတဲ့ ခေါင်းစဉ်တမျိုးတည်း
ကိုပဲ ဘာသာပြန်ကိုးတွဲလုံးအတွက် ပေးတာပါ တဲ့။
ကျွန်တော့်ဆန္ဒအရကတော့ Triologyအတိုင်း တတွဲကို
ခေါင်းစဉ်အမည်တမျိုးပေးစေချင်မိပါတယ်။
 



မျိုးဆက်တွေတဆက်ပြီးတဆက် ဖြတ်သန်းကြရင်း၊တိုက်ပွဲတွေကို လက်ဆင့်ကမ်းကြရင်း....။
 မူရင်းစာအုပ်နာမည်က Century of Trilogy ဆိုတဲ့အတိုင်းရာစုနှစ်ရဲ့သမိုင်းမှတ်တမ်း၀င်အဖြစ်အပျက်များစွာထဲ ဇာတ်ကောင်များစွာ ပြေးလွှားလှုပ်ရှားသည်မှာ
အင်မတန်အသက်၀င်သည်။အပြင်လောကတွင်
တကယ်ရှိခဲ့သော သမိုင်း၀င်ပုဂ္ဂိုလ်များစွာကိုလည်း
ကင်ဖော်လေးက သူတို့ပကတိစရိုက်အတိုင်း အနီးစပ်
ဆုံးသရုပ်ဖော်ကာ ထည့်သွင်းထားနိုင်ခြင်းက
လေးစားဖွယ်ရာအတိပါ။( လီနင်ကို အမြဲအော်ဟစ်
ငေါက်ငမ်း အမိန့်ပေးနေတဲ့ပုံစံရေးထားတာကိုတော့
ကျွန်တော်က တစက်ကလေးမှ ဘ၀င်မကျပါ။
ထားလိုက်ပါလေ....။)
 ဇာတ်လမ်းကျောထောက်နောက်ခံထားတဲ့ကာလက ဗြိတိန်ရဲ့ဝေလပြည်နယ် ကျောက်မီးသွေး
တွင်းတွေမှာ မုဆိုးမသပိတ်ဆိုတာမဖြစ်သေးခင် ၁၉၁၁
ကနေစတင်လိုက်တာအမေရိကန်နိုင်ငံရဲ့ပထမဆုံးလူမည်းသမ္မတဘားရတ်အိုဘားမား မဲနိုင်တဲ့အထိပါ။

 ဘီလီရေရှု လို့ချစ်စနိုးအခေါ်ခံရတဲ့ ဘာသာတရားကိုင်းရှိုင်းသူ ဆယ့်သုံးနှစ်သားဘီလီဝီလျံ
ကျောက်မီးသွေးတွင်းမှာ အလုပ်စဆင်းရတာနဲ့
ဇာတ်လမ်းစပါတယ်သူ့အဖေကအလုပ်သမားသမဂ္ဂခေါင်းဆောင်အီသယ်ဝီလျံဆိုတဲ့အမဖြစ်သူကယ်စားကြီးဖရဇ်ဟာဘတ်ဆီမှာ အိမ်ဖော်လုပ်ရတယ်။
ထိုခေတ်ကထုံးစံအတိုင်း နယ်စားကြီးနဲ့ မှောက်မှားပြီး
တရားမ၀င် လွိုက်ဝီလျံဆိုတဲ့ကလေးတယောက်ရတယ်။
အလုပ်သမားလူတန်းစားမိသားစုရဲ့ ခေတ်ကိုအန်တုတဲ့
လေးစားဖွယ်ရာစိတ်ဓာတ်များ။

နယ်စားမင်းဖရဇ်ဟာဘတ်က အသက်၂၈ပဲရှိသေးပြီး
နယ်စားမင်းကတော် ဘဲယာမင်းသမီးက ရုရှဇာမင်းဆက်
အနွယ်တော်။သူ့မှာ မော့ဒ်ဆိုတဲ့ အမျိုးသမီးရေးရာ
တက်ကြွလှုပ်ရှားသူအသက်၂၃နှစ်အရွယ် ညီမတယောက်
လည်း ရှိတယ်။

ဂရီဂိုရီပက်ရှ်ကော့နဲ့လက်ပက်ရှကော့ဆိုသော
မိဘမဲ့ညီအကိုနှစ်ဦး။အဖေဖြစ်သူက ပဒေသရာဇ်ပိုင်
လယ်မြေပေါ်မှာ နွားကျောင်းမိလို့ ကြိုးပေးအသတ်ခံရ
တယ်။အမေဖြစ်သူက ၁၉၀၅၊သွေးစွန်းသောတနင်္ဂနွေ
နေ့လို့ သမိုင်းဆိုးတွင်တဲ့နေ့မှာ အသတ်ခံရတယ်။
ဆိုးဝါးလှတဲ့ ဇာဘုရင်ရဲ့ရုရှကနေ လူလိုနေရမယ်လို့
မျှော်လင့်ချက်တွေနဲ့ အမေရိကားသွားဖို့ ကြိုးစားပြီး
ပိုက်ဆံစုတယ်။အကိုဖြစ်သူ ဂရီဂိုရီက အရင်သွားမယ်။
ပြီးမှ ညီဖြစ်သူလက်ကို ခေါ်မယ်ပေါ့။သူတို့နှစ်ယောက်
ကြား ရောက်လာတာက ကာတာနီးယားဆိုတဲ့
ဆွေမရှိ၊မျိုးမရှိကောင်မလေးတယောက်။ကံဇာတ်ဆရာ
ရဲ့ မျက်လှည့်ပြချက် ဆန်းကြယ်ပါတယ်။လူသတ်မှုဖြစ်
လာတဲ့ ညီဖြစ်သူကို အမေရိကားအရင်သွားခိုင်းဖို့
ဖြစ်လာတယ်။ကာတာနီးယားမှာက လက်ပက်ရှ်ကော့ရဲ့
ကိုယ်၀န်ကျန်ခဲ့တယ်။

ဝေါလ်တာ ဗွန် အူရစ်...။ဂျာမန်စစ်သံအရာရှိငယ်။
ကမ္ဘာကြီးကို ပြောင်းလဲချင်သူ။စစ်ကိုရွံမုန်းသူ။
ဖခင်ဖြစ်သူနဲ့ ပြဒါးတလမ်း၊သံတလမ်း။
သူ့ချစ်သူက လေဒီမော့ဒ်။ကမ္ဘာစစ်ကြီးက ခြားနေပေ
မဲ့လည်း အင်မတန်ချစ်ကြသစ္စာရှိကြသူနှစ်ဦးရဲ့
ဘ၀ခရီးကြမ်း...။

ဂပ်စ် ဒီးဝါး...။အမေရိကန်သမ္မတ ဝီလ်ဆင်ကို
ကူညီလုပ်ကိုင်ရင်း ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်သူ။
မျက်စိတဖက်ပျက်စီးနေသော သတင်းထောက်မလေး
ရိုစာနဲ့ ပေါင်းဖက်ပြီး ဝူဒီဒီးဝါးနဲ့ချက်ဒီးဝါးဆိုသော
သားနှစ်ယောက်ရှိသူ။

 အဲဒီ ဇာတ်ကောင်မိသားစုအုပ်စုတွေကနေ ပေါက်ဖွား
လာတဲ့ မျိုးဆက်တလျောက် ဇာတ်ကွက်တွေကို
Trilogyအပိုင်းလိုက်ရေးပြဖို့ ကျွန်တော်မစွမ်းသာပါ။
ကျွန်တော့်အနေနဲ့ ၀တ္ထုကိုဖတ်ရင်း မသိတာများစွာ
သမိုင်းဆိုင်ရာတွေကို မနည်းလိုက်မှတ်ရပါတယ်။
မှတ်ရင်းနဲ့ စာရေးဆရာအာဘော်လား၊သမိုင်းလားဆိုတာ
ကိုလည်း ဉာဏ်ရှိသရွေ့လေး ကြိုးစားခွဲရပါတယ်။
တကြိမ်ဖတ်ပြီး မှတ်သားမိသမျှကို ချရေးကြည့်တာပါပဲ။

*** အရင်းရှင်စနစ်ရဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေဆိုတာ
ကိုလိုနီအပြုခံရသူတွေမှ ခံရတာမဟုတ်ပါဘူး။သူ့နိုင်ငံ
က အလုပ်သမားဆင်းရဲသားလူတန်းစားတွေလည်း
ကျောကော့နေအောင် ခံရပါတယ်။
ဝေလပြည်မှာ ကျောက်မီးသွေးတွင်းပြိုတော့ အလုပ်သမားဥပဒေအသစ်အတည်ပြုခဲ့တာတောင်
ဥပဒေဟာချက်ချင်းအသက်မ၀င်ခဲ့ပါဘူး။အရေးပေါ်
အခြေအနေအတွက် သက်ကယ်ပစ္စည်းတွေကို ဖြည့်တင်း
ပေးမထားလို့ မသေသင့်ဘဲသေကြရပါတယ်။
ပြည့်ရှင်မင်းတရားကြီး GeorgeV နဲ့သူ့မိဖုရားကတော့
တွင်းပိလို့သေသူတွေဆီသွား၊ကျန်ရစ်သူမုဆိုးမများကို
အားပေးနှစ်သိမ့်တော်မူပါသတဲ့။မုဆိုးမတယောက်ကို
မိဖုရားကြီးက လက်ကိုင်ပုဝါလေးပေးပြီး မျက်ရည်သုတ်
ခိုင်းတော့ အံ့ဘနန်းပြောကြဆိုကြပါသတဲ့။
( သေခြင်းဆိုးနဲ့မသာပေါ်မှ so sad ပါလုပ်တတ်တဲ့
   အာဏာလက်ကိုင်ရှိလူတန်းစားတွေ လူဝါး၀တတ်တာ
   သမိုင်းနဲ့ချီပါတယ် ခင်ဗျာ။ )

*** ၁၉၀၄-၀၅ ရုရှ-ဂျပန်စစ်မှာ ရုရှတွေ စစ်ရှုံးပါတယ်။
အဲဒီတုန်းက ကမ္ဘာ့အင်အားအတောင့်ဆုံးတပ်ကြီး
ရှုံးနိမ့်ရတာက ရေတပ်ဗိုလ်ချုပ်အလက်စီဇီးဗ်ကို
စစ်သေနာပတိချုပ် ခန့်လို့ပါတဲ့။
( ရေထဲကကောင်ကို ကုန်းပေါ်တင်မှတော့ ကြည်းတပ်ကို
  မစီမံတတ်တော့ဘူးပေါ့။ဘာလို့ သေနာပတိခန့်လည်း
  ဆိုတော့ ဇာဘုရင်ရဲ့အလက်စစ်မင်းသား ပြင်သစ်က
  ပြည့်တန်ဆာခန်းမှာ ရန်ဖြစ်တော့ အလက်စီဇီးဗ်က
  ပြင်သစ်ရဲကို မင်းသားကိုယ်စား ကြား၀င်ခံပေးလို့ပါတဲ့။
  နာမည်ကလည်း ဆင်တာကိုး။ )

*** ၁၉၁၄ ကျမှ အင်္ဂလိပ်တွေဟာ စစ်သင်္ဘောတွေမှာ
ကျောက်မီးသွေးအစား ရေနံကိုသုံးတာ ပိုအဆင်ပြေ
ကြောင်း စသိလာရပါတယ်တဲ့။အဲဒီအချိန် ရေနံနဲ့ပါတ်သက်လာရင် ကုန်ကြမ်းက မက္ကဆီကိုဆီက
အဓိကရပါတယ်တဲ့။ မက္ကဆီကိုရဲ့ဗျူဟာမြောက်ပို့ကုန်ဟာ
ရေနံ ပါတဲ့။

*** ဗီယာကရုဇ်ဆိပ်ကမ်းတိုက်ပွဲမှာ အမေရိကန်တွေ
သိက္ခာကျပါတယ်။မက္ကဆီကိုဗိုလ်ချုပ်ဟူရေးတားဟာ
အာဏာသိမ်းပြီး အုပ်ချုပ်နေသူပါ။အမေရိကန်တွေရဲ့
ထုံးစံ ဒါဟာမဖြစ်သင့်ဘူး ဆိုပြီး ၀င်ဆော်ပါတယ်။
( ရေနံကိစ္စလေးလည်း ပါနိုင်တာပေါ့ )။
ဒါပေမဲ့ အမေရိကန်သမ္မတကြီးမျှော်လင့်သလို
မက္ကဆီကန်ပြည်သူတွေက သူတို့ကိုမထောက်ခံပါဘူး။
ကမ်းတက်တပ်ဖွဲ့ကို ပြည်သူတွေကပါ ၀င်ဆော်ပါသတဲ့။
( မှတ်ကရောလေ။ )

*** ပထမကမ္ဘာစစ်ဖြစ်စေတဲ့မီးစကတော့
ဩစတြီယားအိမ်ရှေ့မင်းသားလုပ်ကြံခံရတာပါပဲ။
ရှုပ်ထွေးလှတဲ့စစ်ဖြစ်ရခြင်းအကြောင်းတရားတွေကို
စာထဲမှာရှင်းရှင်းလင်းလင်းဖတ်ရတာအဖိုးတန်လှပါတယ်။( တကယ်တမ်းက မဟာမိတ်စာချုပ်တွေ ချုပ်ကြရင်း၊
  ချုပ်ကြရင်းနဲ့ အရင်းရှင်နိုင်ငံအချင်းချင်း စောင်နေကြ
  တာ ကြာပါပြီ။ )
( ဂျာမန်တွေကသူတိုရဲ့နာမည်ကျော်ရှာလီဖန်းစီမံချက်ဆိုတာကို ၁၉၀၅ ကတည်းက ရေးဆွဲပြီးနေပါပြီ။စီမံချက်ရဲ့ အဓိကရည်ရွယ်ချက်က ပြင်သစ်ကို အရင်တိုက်ပြီးမှ
ရုရှကို ရင်ဆိုင်မယ် ဆိုတာပါပဲ။ )

*** ပထမကမ္ဘာစစ်မှာ အမေရိကန်တွေစစ်ထဲ၀င်လာရတဲ့
အကြောင်းက သူ့နိုင်ငံသားတွေ ဂျာမန်တွေနှစ်လိုက်တဲ့
သင်္ဘောတွေမှာ ပါကုန်တဲ့ကိစ္စကို ပြောတာများပါတယ်။
ဂျာမန်တွေက မက္ကဆီကို ကိုမြှောက်ပေးပြီး တက္ကဆက်ကို
ကျူးကျော်ခိုင်းမယ့်အစီအစဉ်နဲ့ဂျပန်တွေ ကာလီဖိုးနီးယားကို ၀င်တိုက်မယ်ဆိုတဲ့သတင်း
ပေါက်ကြားသွားတာက အမေရိကားကို ဒေါသူပုန်ထစေ
တဲ့ အဓိကအကြောင်းအရင်းသဖွယ် ကင်ဖော်လေးက
ဆိုလိုချင်ပုံရပါတယ်။
သဘောအကျဆုံးကတော့ ပြင်သစ်နဲ့အင်္ဂလိပ်စစ်ရှုံးရင်
အမေရိကန်တွေအနေနဲ့ ချေးငွေတွေ ပြန်ရဖို့ခက်တယ်
ဆိုတာပါပဲ။အဲဒါကြောင့်ပါတဲ့....။
( နောက်ဆုံးတော့လည်း အမျိုးသားအကျိုးစီးပွား ဆိုတဲ့
  ဘူတာဆိုက်တာပါပဲလေ။ )

**** ဥရောပတတိုက်လုံးကခေတ်သစ်ပြက္ခဒိန်သုံးနေတာ
နှစ်ပေါင်းသုံးရာကျော်တဲ့အထိ ဇာဘုရင်ဟာ
ဂျူးလိယက်ဆီဇာပြက္ခဒိန်ပဲ သုံးနေပါသေးတယ် တဲ့။
( ဖေဖော်ဝါရီ ၂၃ ပဲရှိတဲ့ ပြက္ခဒိန်ပေါ့။ )

*** ပထမကမ္ဘာစစ်မတိုင်ခင်က အင်္ဂလန်ပညာရေးဟာ
သန့်စင်တဲ့ပညာရေးတော့ မဟုတ်ပါဘူး။
လူမျိုးကြီးဝါဒပညာရေး၊အင်ပါယာပညာရေး ပါပဲ။
( ဘီလီဝီလျံတို့ စစ်မြေပြင်ခံတုပ်ကျင်းထဲမှာ စကားပြော
   ခန်းထဲမှာ ကင်ဖော်လေးက သူ့အမြင်ကို ခပ်ရှင်းရှင်း
   ချပြထားပါတယ်။ )

**** ၀င်စတန်ချာချီဟာ လူညစ်ပတ်...။
ရုရှကို နားလှည့်ပါးလှည့်နဲ့ တပ်တွေလွှတ်ခဲ့တယ်။
( ၁၉၁၈လောက်က အမေရိကန်သတင်းစာတွေဟာ
  ဗြိတိန်သတင်းစာတွေထက် ပိုပြီးရိုးသားပါတယ် လို့
  ကင်ဖော်လေးက ပွင့်ပွင့်လင်းလင်းသုံးသပ်ပါတယ်။
  ဘာတဲ့.... သတင်းစာတွေကို စိတ်မချရတော့
  လူတွေဟာ ကောလဟာလ ကိုပဲအားကိုးရပါသတဲ့။ )

*** နိုင်ငံပေါင်းချုပ်အသင်းကြီးအတွက် ညှိကြတော့
အခြားလူမျိုးများလေးစားသမှုထားကြဖို့ တိုက်တွန်းပြီး
အဖွဲ့ချုပ်မူဝါဒထဲထည့်ဖို့ တိုက်တွန်းတဲ့နိုင်ငံက...ဂျပန်
ပါတဲ့ခင်ဗျာ။
( ကိုလိုနီလက်ရှိနိုင်ငံတွေ၊လူဖြူလူမည်းပြဿနာတွေနဲ့
  အမေရိကားတို့ ငါးရိုးနင်တာပေါ့ဗျာ။သဘောကျချက်ပဲ။
  ကျွန်တော်အဆိုးမြင်တာကတော့ စစ်တိုက်ရင်မွဲတော့
  မယ် ဆိုတာကို သိနေလို့ငြိမ်းချမ်းရေးများ အော်ကြတာ
  လားလို့။ )

*** ဗာဆိုင်းစာချုပ်...။အင်မတန်ဆိုးတဲ့စာချုပ်ပါ။
ကျန်တာတွေအသာထားပါ။စစ်လျော်ကြေးပမာဏနေရာ
မှာ ကွက်လပ်ကြီးထားပြီး ဂျာမန်တွေကိုလက်မှတ်ထိုးခိုင်း
တာသာ ကြည့်ပါတော့ဗျာ။
စစ်ကြီးအပြီး ဖြူကာပြာကာကျသွားတဲ့ ဂျာမနီမှာ
ငွေကြေးဖောင်းပွချက်က ပေါင်မုန့်တလုံးကို
ဂျာမန်မတ်ငွေ ၁၂၇ ဘီလီယံတောင်ပါတဲ့။
( ရူးတာက တော်၀င်အနွယ်တော်ဗိုလ်ချုပ်တွေနဲ့
  ကိုင်ဇာဘုရင်။ခံစားလိုက်ရတာက ထုံးစံအတိုင်း
  ကျွန်တော်တို့ဆီကလို ပြည်သူပေါ့...။)

*** ဟစ်တလာရဲ့စကားပြောပုံကို ကင်ဖော်လေးမှတ်ချက်
ပြုပုံက...
“ ပြောဆိုနေခြင်းများသည် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ
  သူပြောသည့် အနှစ်သာရမဲ့လှသော ဆင်ခြင်တုံတရား
  မရှိလှသောစကားလုံးတိုင်းကို ရိုးသားစွာ
  ယုံယုံကြည်ကြည်နှင့် ပြောခြင်းဖြစ်သည်။ ”
( ကျွန်တော်တို့တွေ ပြောပြောနေတဲ့
  ကိုယ်ယုံကြည်တာ ကိုယ်လုပ်တယ်၊ကိုယ်ပြောတယ်
  ဆိုသော်ငြား ကိုယ်ယုံတာသည် သောက်တလွဲမဖြစ်ဖို့
  တော့ လိုတာပေါ့နော။ )

*** ကွန်မြူနစ်ကြေငြာစာတမ်းကို
နိုင်ငံရေးအရ အာပေါင်အာရင်းသန်သန်
လျှောက်ပြောနေပုံမျိုး တဲ့။
၀တ္ထုထဲမှာ အမေရိကန်အထက်လွှတ်တော်အမတ်မင်းရဲ့
အသက်၁၅နှစ်အရွယ် သားတော်မောင်ရဲ့ အတွေးပေါ့။
( ပြဿနာမရှိပါဘူး။အနောက်က စာရေးဆရာတော်တော်
  များများ ဒါမျိုးက လုပ်နေကြပါလေ။ )

*** ဖက်ဆစ်ဝါဒဟာ ကူးစက်ရောဂါတမျိုးလို ဖြစ်တတ်
ပါတယ်။အင်္ဂလန်လိုနိုင်ငံမှာတောင် မော်စလီရဲ့ဖက်ဆစ်
အဖွဲ့တွေ ဂြိုလ်ကြွပုံကိုရေးထားတာတွေက ကျန်တဲ့သူ
တော့မသိ။ကျွန်တော်တော့ ဖတ်ရင်းနဲ့အံ့အားသင့်မိပါ
တယ်။

*** စပိန်ပြည်တွင်းစစ်မှာ လူငယ်တွေဟာ ဗော်လန်တီယာလုပ်ပြီး ဖက်ဆစ်တွေကို၀င်တိုက်ပါတယ်။
ဂျာမနီအီတလီနဲ့ပြင်သစ်အင်္ဂလိပ်အမေရိကန်အစိုးရတွေက ၀င်ရောက်မစွက်ဖက်ရေးမူနဲ့ ကြည့်ကောင်းကောင်းနဲ့
ကြည့်နေကြတယ်ပေါ့ဗျာ။( အစိုးရဆိုသည်မှာ...။ )
ရုရှဘော်ရှီဗစ်တွေကို သေမုန်းရှင်မုန်းမုန်းပါတယ်ဆိုတဲ့
အမေရိကန်စီးပွားရေးသမားတချို့က ဖက်ဆစ်ဖရန်ကိုကို
တော့ထရပ်ကား၊တာယာ၊စက်သုံးဆီတွေ ရောင်းပေးပါ
သတဲ့ခင်ဗျာ။( စီးပွားရေးသမားဆိုသည်မှာ...)
ဖရန်ကိုကို တိုက်တဲ့ခေါင်းဆောင်ပိုင်းကလည်း အင်မတန်
သဘောထားသေးသိမ်ညံ့ဖျင်းလို့ အင်အားသာပြီး
ခွက်ခွက်လန်အောင်ရှုံးတော့တာပေါ့။ဥပမာ...
မာရှယ်တူချာချက်စကီးရဲ့ ခေတ်သစ်တင့်ကားဗျူဟာတွေ
ကို မသုံးဘဲပယ်ချခဲ့တာက တူချာချက်စကီးဟာ
စတာလင်လက်ထက်မှာ ပြင်ဆင်ရေးသမားပုဒ်မနဲ့
ဖြုတ်ထုတ်သတ်ထဲ ပါသွားလို့ပါတဲ့လေ။
ဖရန်ကို ကျူးလွန်ခဲ့သမျှ အစုလိုက်အပြုံလိုက်လူသတ်မှု
တွေအတွက် တာ၀န်အရှိဆုံးဗြိတိသျှနိုင်ငံရေးသမားကို
ပြပါဆိုရင် မိန့်ခွန်းပြောတဲ့အခါ စကားတွေတောင်ရောက်
မြောက်ရောက်နဲ့ မပြတ်မသားပြောတတ်တဲ့
ချိန်ဘာလိန်( နဗီးလ်ချိန်ဘာလိန် ) ပါတဲ့လေ။
( ဇာတ်ကောင်ပါးစပ်ငှားပြောတာပေါ့လေ။ )

*** “ နိုင်ငံရေးမှာ ဘယ်အရာကိုမှ အလွယ်တကူမေ့နိုင်ခြင်းမရှိသည့် ” သဘောတရားဆိုတာ ကိုတော့ ဝေလပြည်နယ်၊တိုနီပန်ဒီဒေသမှာဖြစ်တဲ့
သပိတ်ကို အဲဒီအချိန်ကပြည်ထဲရေး၀န်ကြီးဖြစ်သူ
ချာချီက တပ်တွေလွှတ်ပေးခဲ့တာကို ဝေလအမတ်မင်း
တွေက နှစ်ပေါင်းသုံးဆယ်ကျော်တဲ့အထိ မမေ့ရေးချ
မမေ့ပါတဲ့။ချိန်ဘာလိန် ရာထူးကဆင်းပေးဖို့ မဲခွဲကြချိန်မှာ အဲဒီဝေလအမတ်တွေက “ ချာချီ
၀န်ကြီးချုပ်မဖြစ်ဖို့အရေး တို့အရေး ” ပါတဲ့လေ။
( ကျွန်တော်ကတော့ အတိတ်မေ့တာလိုလို ရွှေပျောက်တာ
  လိုလို ဂျွတ်စမွတ်အမတ်တွေထက်စာရင် အဲဒီလိုအမတ်
  မင်းတွေကို ချစ်တယ်ဗျာ။ )

*** ဟစ်တလာရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတာတွေထဲက
တခုဖြစ်တဲ့ Aktion T4 program ကတော့ သိပြီးကြသူ
များပါတယ်။
( မလုပ်နိုင်မကိုင်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ၊
  မွေးရာပါခန္ဓာကိုယ်ချို့တဲ့တဲ့ကလေးတွေကို တနှစ်မတ်ငွေခြောက်သန်းအကုန်ခံမပေးနိုင်လို့
  Morphium Scopolamin ထိုးသတ်ပါသတဲ့။
  ဖာသာပီတာရဲ့ဖွင့်ထုတ်မှုနဲ့အတူ ဟစ်တလာရဲ့
  ပထမဆုံးအကြိမ် လူထုကိုအလျှော့ပေးရခြင်းပေါ့။
  အငှးးးးးး။ )

*** V.Day အပြီး နောက်ရက်ကို ရွေးကောက်ပွဲတန်းခေါ်
ဖို့လုပ်တဲ့ ချာချီ။( နိုင်ငံရေးသမားစစ်စစ်ကြီး လူဝါး၀ပုံကို
လေ့လာမှတ်သားအပ်ပါသည်။ )
“ ဘယ်ဆိုရှယ်လစ်စနစ်မှ နိုင်ငံရေးပုလိပ်မရှိဘဲ တည်ထောင်လို့
  မရပါဘူး။ ” ဆိုပြီး လေဘာပါတီကို ဗြောင်ကျကျတိုက်
ခိုက်တဲ့ ချာချီရဲ့စကားဟာ နိုင်ငံရေးမသေခင်
ဂယောင်ဂယင်ပြောတတ်ပါလားလို့ ကျွန်တော်က
ဉာဏ်မှီသလောက် မှတ်သားထားပါတယ်ဗျာ။

*** လီနင်ရဲ့သေတမ်းစာထဲမှာ စတာလင်သည် အာဏာကို လက်၀ယ်အပ်နှင်းရန် သင့်လျော်သည့်သူ
မဟုတ်လို့ ရေးထားခဲ့ပါတယ် တဲ့။
( ကျွန်တော်ဖတ်ဖူးသမျှစာအုပ်နည်းနည်းထဲမှာတော့
  အဲဒါကို ကောလဟာလပုံစံသာ ရေးကြပါတယ်။
  သေချာထပ်ရှာဖတ်ရမယ်လို့ပဲ မှတ်လိုက်ပါတယ်။ )
စတာလင်ရဲ့ NKVDအဖွဲ့ရဲ့ ဆိုးဝါးသောင်းကျန်းတာတွေ၊
အကြီးအကဲ ဘဲရီးယားဆိုတဲ့လူကလည်း တဏှာရူးတာ
တွေကတော့ စိတ်ပျက်စရာတွေပါ။ဂျာမန်တွေ
မော်စကိုနားရောက်လာတဲ့အထိကို အစိုးရကို
ဝေဖန်သူရှိ၊မရှိ စစ်တပ်ထဲလာပြီး မေးလားမြန်းလား
လုပ်ကြတဲ့ အဲဒီအဖွဲ့ကိုတော့ တကယ်ပါပဲ...လို့သာ
ပြောချင်ပါတော့တယ်။
ဂျာမန်တွေရဲ့ ကနဦးထိုးစစ်တွေကို ဟစ်တလာမသိတဲ့
ရန်စမှုသက်သက်လို့ထင်ပြီး လေယာဉ်အစီး၁၂၀ဖျက်ဆီး
ခံရတာတောင် ဆုတ်မိန့်လုံး၀မပေးလို့ တပ်နီတော်အနေနဲ့ အလဟဿသေကြေပျက်စီးတာဟာ
စတာလင်ရဲ့ မဟာအမှားကြီးတခုပါ။

*** ဂျပန်က စစ်ကြေငြာပြီးတိုက်မယ်ဆိုရင်တောင်
ပုလဲဆိပ်ကမ်းကို မတိုက်ဘဲ ဖိလစ်ပိုင်ကို တိုက်မယ်လို့
ပဲ ထင်ကြမှာပါတဲ့။( ကင်ဖော်လေးရဲ့ သုံးသပ်ချက်ဟာ
တွေးစရာပါ။စစ်မကြေငြာဘဲ တိုက်လို့ ဘာညာဆိုတာ
လောက်သာ ကျွန်တော်က သိတာပါ။ )
ပစိဖတ်သမုဒ္ဒရာထဲက နာမည်ကျော် မစ်ဒ်ဝေးတိုက်ပွဲမှာ
ဂျပန်တွေ ရှုံးရတာက စကားဝှက်ပေါက်ကြားခဲ့လို့
ဆိုတာကိုတော့ ၀တ္ထုအသွားသဘောလား တကယ့်အဖြစ်
မှန်လား ဆိုတာကို ကျွန်တော်မသိပါ။အဲဒီတိုက်ပွဲအပြီး
လေယာဉ်တင်သင်္ဘောတွေ အရေးပါမှန်းသိလာကြလို့
ဂျပန်နဲ့အမေရိကန် သင်္ဘောတွေပြိုင်ဆောက်ကြတာ
၁၉၄၃-၄၄အတွင်း ဂျပန်က ရှစ်စင်းပဲထုတ်နိုင်ပေမဲ့
အမေရိကန်က အစင်းကိုးဆယ်တောင် ထုတ်နိုင်ခဲ့ပါ
သတဲ့။

*** ရုရှတွေ ဘာလင်ကို၀င်တော့ သတ်ပွဲ၊မုဒိမ်းပွဲတွေ
ဟာ စိတ်ညစ်စရာထက်စိတ်ညစ်ရပါတယ်။

*** အမေရိကန်တွေ နျူကလီးယားဗုံးထွင်တဲ့
ဖြစ်စဉ်တွေ၊ယူရေနီယံမှာ အိုင်ဆိုတုပ်နှစ်မျိုးရှိပြီး
( isotope -235 ,-238 )သဘောသဘာ၀မတူတာတွေ၊ဟီရိုရှီးမားနဲ့နာဂါစကီကိုကြဲချတဲ့ဗုံးနှစ်လုံး အမျိုးစားမတူတာတွေကိုလူပြိန်းနားလည်အောင်ရေးပြတာကိုတော့ဘာမှမသိတဲ့ကျွန်တော့်အတွက် အဖိုးတန်လှပါတယ်။

*** စစ်ကြီးအပြီး မာရှယ်စီမံကိန်း

*** ဂျာမနီ အရှေ့အနောက်ကွဲရခြင်း
      ဘာလင်တံတိုင်းပေါ်လာခြင်း အကြောင်းတရားများ

*** ကျူးဘားအရေးအခင်း
( စိတ်ပျက်မိတာကတော့ ကနေဒီကပဲ တော်လို့
   ကရူးရှက်ကပဲ လိမ္မာပါးနပ်လို့ နျူကလီးယားစစ်မဖြစ်
   ခဲ့သလို ရေးထားတာပါပဲ။#ကုလနဲ့ဦးသန့်အကြောင်းကို
   တစွန်းတစမျှကို ထည့်မရေးတာပါပဲဗျာ။
   ကျွန်တော်ကပဲ နုံလွန်းလို့လားတော့မသိပါဘူး။ )

*** မာတင်လူသာ၊ဗီယက်နမ်စစ်၊ဆိုဗီယက်နေ၀င်ချိန်
စတဲ့ အဖြစ်အပျက်တွေ မှတ်သားတွေးဆဖို့ ဒီစာအုပ်ထဲမှာအများကြီးကျန်ပါသေးတယ်။
ပထမအကြိမ်ဖတ်ပြီးခြင်းရဲ့ မှတ်သားမိသမျှဟာ
မလုံလောက်သေးပါဘူး။

ဆရာကြီးဒေါက်တာသန်းထွန်းက
“ သမိုင်းသင်တာ မအ အောင်လို့ ” လို့ပြောခဲ့ပါတယ်။
အင်မတန်အဖိုးတန်စကားပါ။( သတိပေးသွားတယ်လို့
တောင် ထင်မိပါတယ်။ )
ခက်တာက ကျွန်တော်ဆိုတဲ့ကောင်ကလည်း သမိုင်းသာ
မသိတာ ကိုယ့်ကိုကိုယ်တော့ လည်လှပြီ ထင်နေတဲ့ကောင်ပါ။
ကျွန်တော်ရေးတဲ့အထဲမှာ ကျွန်တော့်မဖြစ်စလောက်
အသိလေးနဲ့ ထင်မိတာတွေ အများကြီးပါပါတယ်။
လွဲစရာအကြောင်းတွေလည်း အများကြီးရှိတယ်။
ဒီစာအုပ်ကိုဖတ်ပြီးသူ အခြားသောစာသမားများရဲ့
အမြင်တွေကိုလည်း မှတ်သားချင်လို့ ဂရုထဲမှာ လာတင်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ...။
#Ko Ko Sai


Publisher Name: ရုပ်ပြောင်စာပေ


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း
Book Review Image

ကြေးစား

မောင်မိုးသူ
Book Review Image

အာဃာတ

စိုးသိဏ်း
Book Review Image

အရှေ့တို့ရဲ့အရှေ့

အေးဆောင်
Book Review Image

မိတဆိုး

မိုးမင်းသိမ်း
Book Review Image

မီဆိုဟင်းချို

သင့်လူ
Book Review Image

မျော်​လင်​့ခြင်​းဖတ်​စာ

ချမ်းမြေ့ဝင်း
Book Review Image

ထီပေါက်သူ

ဖိုးနိုင်လင်း
Book Review Image

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ

ဒေါက်တာဇော်သန်း
Book Review Image

ရတနာနတ်မယ် သို့မဟုတ် တခါတုန်းက သမ္မတကတော်

သန်းဝင်းလှိုင်
Book Review Image

တေးဆိုငှက်ဒဏ္ဍာရီ

သင့်လူ
Book Review Image

စွန့်ခဲ့ရကျွန်မဘဝပါရှင်

ခင်​မျိုးချစ်​
Book Review Image

အိမ်မက်ကုန်သည်

မောင်မိုးသူ
Book Review Image

ချစ်သောဂျွန်

တင်မောင်မြင့်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

ဦးဆိုးပေ ဒေါ်ဆိုးပေ

ဖိုးနိုင်လင်း
Book Review Image

သေသူ့ထံမှ ပေးစာများ

မြသန်းတင့်
Book Review Image

မြေဖြုခဲပန်းချီဆရာလေး ကောင်းကောင်း

လင်းထိုက်
Book Review Image

သမ္မန်စာ

တင်မောင်မြင့်
Book Review Image

ကျေရာကျေကြောင်း

မောင်ပေါ်ထွန်း
Book Review Image

တောရိုင်းမြေ

ကျော်အောင်
Book Review Image

ရေတက်

ဟိန်းလတ်
Book Review Image

ကြာညိုနံ့သင်းသော ရေ၀တီမ (ဒုတိယအကြိမ်)

မြသန်းတင့်
Book Review Image

ကြမ္မာမုန်တိုင်း

လင်းခန့်
Book Review Image

ပါစီဂျက်ဆန်နှင့် ကျိန်စာသင့်ဓား

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

ကလေးချစ်

သစ္စာနီ
Book Review Image

စွဲစွဲနစ်နစ်

ရွှေဝင်း
Book Review Image

မင်္ဂလာပါ ဆရာမ

တိုက်စိုး
Book Review Image

တပ်မှူးများ

မြသန်းတင့်
Book Review Image

ရေခဲနဂါး

မျိုးဇော်ဝင်း
Book Review Image

မင်းသားလေး ပြန်လာပြီ

ဝင်းငြိမ်း
Book Review Image

ကံကြမ္မာ အကျဉ်းသား

မောင်ပေါ်ထွန်း
Book Review Image

သစ်မိစ္ဆာခေါ်သံ

လင်းခန့်
Book Review Image

ရန္တပို

ပါရဂူ
Book Review Image

ပလိပ်

ထင်လင်း
Book Review Image

လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ

မြသန်းတင့်
Book Review Image

ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း

တော်ကောင်းမင်း
Book Review Image

ဖား

တော်ကောင်းမင်း
Book Review Image

ကျင်းပေါက်များ

သင့်လူ
Book Review Image

ကျိန်စာ

တင်မောင်မြင့်
Book Review Image

မမရေချယ်

တင်မောင်မြင့်
Book Review Image

အပြာဦးနှောက်

မောင်မြတ်မိုး
Book Review Image

ကျွန်တော်၏လက်နှိပ်စက် အနီရောင်မှတ်စုနှင့် လက်ရွေးစင်စကားပြေများ

ဒီနိုဗို
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

လက်မရွံ့ထောင်အတွင်းမှ ကိုယ်တွေ့ဖြစ်ရပ်များ

ဒေါက်တာတင်အုံးကျော်
Book Review Image

ဇင်_မုမန်ဆရာသခင်၏ ဂိတ်ပေါက်မရှိသောဂိတ်

အောင်သူရ
Book Review Image

အိုင်ဗင်ဘယ်လ်ကင်၏ ဒဏ္ဍာရီများ

ကျော်အောင်
Book Review Image

မြစ်ပြင်တကြော လွင့်လို့မျော

မယ်ကျွိ
Book Review Image

ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်

ဝင်းငြိမ်း
Book Review Image

ကင်မ်ဂျီယောင်း ၊ ၁၉၈၂တွင်ဖွားမြင်သည်

ရဲရင့်ကျော်
Book Review Image

ရေကန်သာကြာတိုင်းအေး

နေဝင်းမြင့်
Book Review Image

နှင်းခဲပျော်ချိန်

ကျော်ဝင်း
Book Review Image

သေရွာပြန်ကလေးများ

တင်မောင်မြင့်
Book Review Image

နူးဂျင်း - လွတ်မြောက်ရာလမ်းဆီသို့

ဟိန်းလတ်
Book Review Image

ဆိုင်ဂုံ

မောင်ထွန်းသူ
Book Review Image

မော့ဆက်

တင်နွယ်မောင်
Book Review Image

ကမ္ဘာသစ်ရှာမယ့် အီလွန်မတ်စ်

မင်းမြတ်စံ
Book Review Image

ထိမ်းမြားမင်္ဂလာ

တင်မောင်မြင့်
Book Review Image

ပင်ကိုယ်ရေးစာများ

တင်မောင်မြင့်
Book Review Image

အချစ်နှင့်ပြန်လည်ပြင်ဆင်ရေး

တင်မောင်မြင့်
Book Review Image

သွေးစုပ်မြေ

ရွှေဥဒေါင်း
Book Review Image

သုခမြို့တော်ထဲက စိတ်သတ္တိ

မြသန်းတင့်
Book Review Image

နာဂိုဒေး မိုင်ဒူဂူရီ

မယ်ကျွိ
Book Review Image

အလကားလူ

မြသန်းတင့်
Book Review Image

သြဂုတ်တစ္ဆေများနှင့်အခြားဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ရှာတော်ပုံ

တော်ကောင်းမင်း
Book Review Image

အလှတရားနှင့်ကြေကွဲမှု

ဒီနိုဗို
Book Review Image

အိပ်မက်ရွာ

နေမင်းနိုင်
Book Review Image

အရူးထောင်မှာ ဆယ်ရက်တာ

ဟိန်းလတ်
Book Review Image

ဖြေသိမ့်ရာကုန်စုံဆိုင်

ဖြိုးကျော်
Book Review Image

တစ်ပင်းပွိုင့်

ဘိုဘိုဟန်
Book Review Image

အများနဲ့မတူ တမူထူးခြားတဲ့သူများ

ဘိုဘိုဟန်
Book Review Image

လက်ဗွေနီနီ

ဖြိုးကျော်
Book Review Image

နှင်းခဲပျော်ချိန်

ကျော်ဝင်း
Book Review Image

အမြောက်ဆန်လေးရဲ့ ဘဝခရီး

အဲလ်ဗစ်
Book Review Image

တကွဲတပြား

ဒီနိုဗို