*အီလျာ အာရင်ဘတ်၏ "နှင်းခဲပျော်ချိန် (The Thaw )" ကို ၁၉၅၄ ခုနှစ်တွင်ထုတ်ဝေခဲ့ပြီး အာရင်ဘတ်၏နောက်ဆုံးလက်ရာ ဝတ္ထုလည်းဖြစ်သလို အဝေဖန် အတိုက်အခိုက်ခံရဆုံးဝတ္ထုလည်း ဖြစ်ပါသည်။ အထူးသဖြင့် လက်ဝဲဝါဒီများကမကြိုက်။ ရုရှစာပေအစဉ်အလာမှ လမ်းခွဲထွက်သွားသောဝတ္ထုဟုဆိုဗီယက်စာပေမဂ္ဂဇင်းမှ မှတ်ချက်ချသည်ကို ကြားဖူးသည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလ တရုတ်တပ်နီလူငယ်များက အာရင်ဘတ်ကို ပျစ်ပျစ်နှစ်နှစ်ဆဲကြသည်ဟုကြားရသည်။
ဘာသာပြန်သူ၏ ဒုတိယအကြိမ် အမှာစာမှ...
************************************
* ခရုရှောဖ်ကလည်း ကျွန်တော်တို့အားလုံး" နှင်းခဲပျော်ချိန်" ကို သတိကြီးကြီးနဲ့ထောက်ခံခဲ့ကြပါတယ်။ ကျွန်တော်အပါအဝင်ပေါ့ဗျာ။ ဒါပေမယ့် အာရင်ဗတ်ကိုတော့ (သူ့နာမည်ထုတ်မပြောကြပေမယ့်) စိတ်ထဲကနေဝေဖန်မိတယ်၊။ သူ့အနေအထားကဘယ်လိုလဲပေါ့။ ကျွန်တော်တို့ လန့်နေတာတစ်ခုရှိတယ်။ တကယ့်ကိုလန့်နေကြတာပါ။ "နှင်းခဲပျော်ချိန် "ကြောင့် ရေလွှမ်းမိုးမှုကြီး တစ်ခုဖန်တီးလိုက်သလိုများဖြစ်မလားပေါ့။ ဒီလိုသာဆို ကျွန်တော်တို့ ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးလည်းရေနစ်ကုန်တော့မယ်။ ကျွန်တော်တို့သဘောကတော့ "နှင်းခဲပျော်ချိန်" ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုးတက်သွားစေချင်တာပေါ့ဗျာ။
ဘာသာပြန်သူ၏ တတိယအကြိမ်အမှာစာမှ...
*************************************
အိုး...လီနာ့ကိုချစ်မိတာ ငါ့ရဲ့တစ်ဦးချင်းကိစ္စပဲ။ လူတစ်ယောက်အနေနဲ့ ငါသူ့ကိုချစ်ခွင့်ရှိတယ်။ "ကက်ရာ" ပြောသလို ငါ့မှာလည်းအသည်းနှလုံးနဲ့ပဲလေ။ဒါပေမယ့် ဇူဘတ်ဇော့ ကိစ္စကတော့တမျိုး၊ သူမချစ်သင့်ဘူး။ သူမဖြစ်သင့်ဘူး။ သူကဝတ္ထုထဲကလူလေ။ ဝတ္ထုဆိုတာ လူတိုင်းဖတ်တယ်။ ဒီတော့သူက အများနဲ့ဆိုင်သွားပြီ။ ပုဂ္ဂလိကကိစ္စလို့ပြောလို့မရတော့ဘူး။ ဟုတ်တယ်။ ငါပြောတာမှန်တယ်။ ငါချစ်တာလည်းမှန်တာပဲ။
ဒီမိထရီ (အင်ဂျင်နီယာ)
ဟေ့ကောင်ချာတိတ်၊ မင်းအသက်လွန်ရောကျွံရောရှိလှမှ ၂၀ ပေါ့။ မင်းဘာသာမင်း ပုရောဟိတ်တက္ကဒွန်းကြီးလုပ်ချင်လုပ်။ ငါဘာမှပြောစရာမရှိဘူး။ အေး...ဒါပေမယ့် မင်းအဖေလောက်ရှိတဲ့သူတွေကိုတော့ ဘာမှမဝေဖန်ချင်နဲ့ကွ။ ဒီလူတွေက မင်းတွေ့ဖူးတဲ့ မော်စကိုကကောင်တွေလိုမဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့သူတွေ နားလည်လား။ "
ကိုယ့်အရက်ကိုယ်သောက်စမ်းပါ..ငါ့လူရာ။ ရော့.....ချ။"
ဆိုကိုလော့စကီး( စက်ရုံဒီဇိုင်းဌာနတာဝန်ခံ)
မင်းကဘဝဆိုတာကြီးကို သိပ်မျှော်လင့်ထားတာကိုး။ တကယ်တော့ ဘဝဆိုတာ ရိုးရိုးလေးကလေးမရဲ့။ ပြီးတော့ ....ကြမ်းတယ်
အိုင်ဗင် (စက်ရုံမှုး)
သမီးလေးကြီးလာရင်ရော ငါ့လိုဖြစ်ဦးမလား။ တွေးမိတော့ သမီးလေးကို မကြီးစေချင်။ အင်း...သူတို့ယောကျ်ားတွေအတွက်တော လွယ်ချင်လွယ်မှာပေါ့လေ။ ငါတို့မိန်းမသားတွေမှာသာ..။ အတွေးမဆုံးမီမှာပင် မိန်းမသားဘဝကို စိတ်အလိုမကျသလိုဖြစ်သွားသည်။ ထိန်းထားသည့်ကြားမှ ရှိုက်သံတစ်ချက် လွတ်ထွက်သွားသည်။
" အမေ ဘာလုပ်ရမလဲ သမီးလေးရယ် "
လီနာ (အိုင်ဗင်၏ဇနီးကျောင်းဆရာမ)
ငါလိုကောင်မျိုးဆီမှာ အနုပညာဆိုတာကြီးလာရှာနေတော့ မောရုံပဲရှိတော့မပေါ့ ကလေးမရယ်။
ဗိုလော့ယာ (ပန်းချီဆရာ)
ဟုတ်ပြီ သဘောပေါက်ပြီ။ ရှင် သူ့ကိုမနာလိုနေတာကိုး။ သူ မရူးဘူးရှင့်။ သူကမှ တကယ့်ပန်းချီဆရာ။ တကယ့် အနုပညာသမား။ ရှင်က လုပ်စားကိုင်စားပန်းချီဆရာ။
တန်နက်ခါ (ပြဇာတ်မင်းသမီး)
လီနာမှာသူ့စိတ်ဓါတ်ကို ကြည်ညိုလို့မဆုံး။ သူ့အသည်းနှလုံးကိုကြည်ညိုလို့မဆုံး။ " အင်း...ဒါဟာ တော်လှန်ရေးကိုဖြတ်ခဲ့တဲ့ သူတို့မျိုးဆက်တွေရဲ့ စိတ်ဓါတ်နဲ့ အသည်းနှလုံးထင်ပါရဲ့။ " သူမခင်ပွန်းအပါအဝင် သူမတို့ခေတ်ပြိုင်မျိုးဆက်မှ လူများအကြောင်းကို တွေးမိလိုက်သောအခါ သူမစိတ်ထဲတွင် စဉ်းစားစရာတွေရှိလာသည်။ " အင်ဒရေပြောတဲ့ တော်လှန်ရေးဝိဉာဉ်ဆိုတာ တို့ရင်ထဲမှာ ရှိကောရှိသေးရဲ့လား။ "
ကျောင်းဆရာအိုကြီး အင်ဒရေအပေါ် လီနာရဲ့ မှတ်ချက်စကား။