မီးပျက်သွားလို့ ဓာတ်လှေကားထဲမှာ ပိတ်မိနေတာမျိုး ၊ လူသူမနီးတဲ့ ရေတွင်းထဲ ပြုတ်ကျနေတာမျိုး ၊ အပြင်လူတွေကို ခေါ်မကြား.အော်မကြား ဖြစ်ရတဲ့ လိုဏ်ဂူထဲမှာ ပိတ်မိနေတာမျိုး တွေဟာ တော်ရုံ ချောက်ချောက်ချားချား ဖြစ်ရပ်မျိုး မဟုတ်ပါဘူး ။ တစ်ရက် နှစ်ရက်လောက်ပဲ ပိတ်မိနေတာ မဟုတ်ဘဲ ရက်သတ္တပတ် နှစ်ပတ်ဝန်းကျင် အဲလို ထွက်ပေါက်မဲ့တဲ့ အဖြစ်မျိူး ကြုံရရင် တော်ရုံလူ မခံနိုင်ဘူး ။ ဒါပေမဲ့ ချွင်းချက်အဖြစ် ရွှေတြိဂံ နယ်စပ်နားက ထန်လွမ်ဂူထဲ ပိတ်မိနေခဲ့တဲ့ လူငယ် ၁၃ယောက်ရဲ့ ခံနိုင်စွမ်းကတော့ အံ့မခန်းပဲလို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
၂၀၁၈ ၊ ဇွန်လ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကလည်း.ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေချိန် ၊ မြန်မာ နဲ့ လာအို နယ်စပ် ရွှေတြိဂံ ဒေသနားက လိုဏ်ဂူကြီး တစ်ခုထဲမှာ လူငယ်လေး ၁၃ယောက် ပိတ်မိနေတယ် ဆိုတဲ့ သတင်းက ကမ္ဘာ့သတင်းရပ်ကွက်မှာ ဟိုးဟိုးကျော် ဖြစ်လာတယ် ။ သူတို့ ပိတ်မိတဲ့ လိုဏ်ဂူက ထိုင်းနိုင်ငံရဲ့ မြောက်ဘက်စွန်း ထောင့်နားက ထန်လွမ်ဂူ ဆိုပြီး ထင်ရှားတဲ့ နေရာ ဖြစ်ပါတယ် ။
လဲလျောင်းနေတဲ့ အမျိုးသမီး၏ တော်ဝင်ဂူနန်း လို့ အဓိပ္ပါယ် ရှိတဲ့ ထန်လွမ်ဂူပေါက်ဝ ဟာ ဘုရားရှိခိုးကျောင်း တံခါးမကြီး ပုံစံမျိုး ၊ ကြီးမား ကျယ်ပြန့်တယ် ။ မိုးတွင်း ဆိုရင် ဂူပေါက်ကနေ ရေခိုးရေငွေ့တွေက ရေနွေးငွေ့လိုပဲ ပန်းထွက်နေတတ်တယ်လို့ ပြောကြတယ် ။ ဂူပုံစံ ကြည့်ရတာ တခြားကမ္ဘာ ကို.ဝင်တဲ့ ဝင်ပေါက်လို ဖြစ်နေတာ ။ အဲဒီတော့ ဂူကြီး အနေအထားကို ကြည့်ပြီး စွန့်စားချင်တဲ့ စူးစမ်းလေ့လာသူတွေဟာ သိပ်စိတ်ဝင်စား ကြတာပေါ့ ။
၂၀၁၈ ၊ ဇွန်လ ၂၃ နေ့မှာ " တောဝက်" ဘောလုံးအသင်းသား ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်လေး ၁၂ ယောက်နဲ့ လက်ထောက် နည်းပြဆရာ "အက်" ၁၉ နှစ် တို့ ပါဝင်တဲ့ လူငယ် ၁၃ ယောက်ဟာ ဂူထဲကို စူးစမ်းလေ့လာဖို့ ဝင်သွားခဲ့ကြတယ် ။ ရာသီဥတု ကလည်း မိုးများတဲ့ ရာသီ ။ သူတို့ ဂူထဲ ဝင်တဲ့အချိန် အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ် ။ ခဏ ဆိုပြီး လေ့လာ စူးစမ်းဖို့ ဝင်သွားတဲ့ အတွက် သူတို့မှာ စားနပ်ရိက္ခာ မပါသွားကြဘူး ။ လူငယ်တွေပီပီ ဂူအတွင်းပိုင်း အထိ စူးစမ်းပြီး ဝင်ကြည့်မိတဲ့ အတွက် လမ်းပျောက်ပြီး ပြန်ထွက်လို့ မရကြတော့ဘူး ။ သူတို့နဲ့ လိုက်ပါမသွားတဲ့ တောဝက် ဘောလုံးအသင်းသား တစ်ယောက်ကြောင့် သူတို့တွေ ထန်လွမ်ဂူ ထဲ ဝင်သွားကြမှန်း လူကြီးတွေ စောစော သိကြရတယ် ။ လူကြီး မိဘတွေ ၊ တာဝန်ရှိသူတွေ ထန်လွမ်ဂူ ကို သွားကြည့်တဲ့ အချိန်မှာ လူငယ်လေးတွေဟာ ဂူထဲမှာ လမ်းပျောက်နေကြပြီ ။
ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ကျွမ်းကျင် ရေငုတ်သမားတွေ ၅နာရီ ကြာအောင် ရေထဲငုတ်ပြီး သွားရတဲ့ နေရာမှာ လူငယ်လေးတွေ ဘယ်လို ရပ်တည်နေကြရလဲ ။.စားနပ်ရိက္ခာ မရှိဘဲ လိုဏ်ဂူထဲမှာ ကျနေတဲ့ စမ်းရေပဲ သောက်ပြီး သူတို့ နေနိုင်ရတာ ဘာကြောင့်လဲ ။
ကယ်ဆယ်ရေး အပိုင်းမှာ ကျတော့လည်း ပြဿ နာက တစ်မျိူး ။ သွားရောက် ကယ်ဆယ်တဲ့ ရေငုတ်သမားတွေ တွေ အန္တရယ် ကင်းဖို့ ၊ မည်းမှောင်နေတဲ့ ဂူလမ်းကြောင်းတလျှောက် လမ်းမပျောက်ဖို့ ၊ အသွားအပြန် အတွက် အောက်ဆီဂျင် ပမာဏ လုံလုံလောက်လောက် သယ်ယူနိုင်ဖို့ စတဲ့ ပြဿ နာတွေ ရှိပါတယ် ။
ထန်လွမ်ဂူထဲ ပိတ်မိနေတဲ့ လူငယ်တွေရဲ့ ရှင်သန်ခြင်း နဲ့ ရေငုတ်သမားတွေ ၊ ဆရာဝန်တွေ ၊ ဆည်မြောင်း ပညာရှင်တွေ ၊ နည်းပညာမြင့် ကိရိယာ တွေနဲ့ ဝိုင်းဝန်းကူညီ သူတွေရဲ့ တစ်ရက်ချင်း.ဖြတ်သန်းမှု ကို မှတ်တမ်းတင်ထားတဲ့ ပုံစံနဲ့ အမေရိကန် စာရေးဆရာ Marc Aronson ရေးထားပါတယ် ။ ဘာသာပြန်က ဆရာဟိန်းလတ် ဖြစ်ပါတယ် ။
Publisher Name: မဟာစာပေ
Publisher Address: အမှတ် (၆၃_B)၊ ၅_လွှာ (A)၊ အင်ကြင်းလမ်း၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။
Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။