"ပီလက်ခီလို သူရဲကောင်း တွေ ကမ်ဘာ ကိုကယ်တင်နေတဲ့အချိန်မှာ ကျတော်တို့ဟာ ကိုယ့်အခန်းအဲယားကွန်းမအေးတာလောက်ကို ပြသနာလုပ်နေကြတယ်။"
မျော်လင့်ခြင်းဖတ်စာ မှာ စိတ်၀င်ကောင်းစရာလေးက ရှေးအတွေးခေါ်ပညာရှင်တို့ရဲ့ အတွေးခေါ်လေးတွေ နဲ့ တွေးစရာ စဉ်းစားစရာ မှတ်သားစရာလေးတွေနဲ့ရေးသားထားတာလေးပဲ။
ဂရုမစိုက်ခြင်းအနုပညာ ရဲ့ နောက်ဆက်တွဲပါဘဲ..စာအုပ်မှာ ပျော်ရွင်/အောင်မြင်/ကြီးပွားရေးစာအုပ်မဟုတ်ဘူး။ဘ၀ကို ပိုလွယ်သွားအောင် ကူညီပေးမယ့် နည်းလမ်းတွေမပါဘူး။ နာကျင်မူတွေလျော့သွားအောင်ကူညီပေးမယ့် နညိးလမ်းတွေလဲမပါဘူး။နာကျင်မူတွေလေျာ့သွားအောင် စွမ်းမဆောင်မပေးနိုင်ဘူး။ ပိုပြီးရင်ရင့်လာအောင်ဘဲ အားပေးနိုင်မယ်။ဒုက္ခကို ပိုနားလည်အောင် ဘဲ ရှင်းပြပေးထားမယ်။ ဒီစာအုပ်ဖတ်ပြီး ချက်ချင်း motivated ဖြစ်မသွားဘူး။ ပထမတော့ အမှန်တိုင်းပြော ရရင် ပို စိတ်ညစ်သွားတယ် တခြားစာအုပ်တွေလို ချက်ချင်းဖတ်ရင်းတက်ကြွသွားတာမျိုးမဟုတ်ဘုး မိူင်သွားမယ်ပြီး တွေးစရာတွေအများနဲ့ ခန တွေေ၀သွားတယ်။ ပြီးတော့ကိုယ့်ကိုယ်ပြန်ဆန်းစစ်လာမိတယ်။ငါကော..ဆိုတဲ့အတွေးတွေနဲ့..တခြားစာအုပ်တွေလို ဖတ်ပြီး ဖတ်နေတုန်း
ပျော်သွားတာမျိုးမဟုတ်ဘူး။ တွေးစရာအများကြီးနဲ့ ငါရဲ့ ဒုက္ခ တွေကိုကော ဘယ်လိုမျိုး အလှဆင်ရမလဲ..ဆိုတဲ့အတွေးတွေ၊ နောက်ကြုံလာရမဲ့အခက်ခဲတွေ၊ဒုက္ခတွေတွက် ကြိုပြီးရင်ခုန်..ပြုံးမိလာတယ်။ လေးစရာကောင်းတဲ့စာကြောင်းတစ်ကြောင်းစီတိုင်း..အဓိပ္ပါယ် အပြည့်နဲ့၊ စဉ်းစားစရာတွေအပြည့်နဲ့ စာအုပ်ကောင်းဆိုတာထက်ပိုပါတယ်။
(ကိုယ်သဘောကျမိသော..စကားပိုဒ်လေးတွေရေးပြထားတယ်..တကယ်တော့ စကားလုံးတိုင်းထိပါတယ် အစပိုင်းက စကားလုံးတွေ ဘဲ tasterအဖြစ်ရေးပေးထားတယ်)
"လိုချင်တပ်မက်စိတ်တွေနဲ့ လူးလှိမ့်နေတဲ့
ဒီနေ့ခေတ်မှာ.. သန့်စင်တဲ့ မျှော်လင့်ခြင်းဟာ
အသက်ငင်နေပြီ။"
|လိုချင်လို့ကြိုက်လို့ ဆိုတဲ့ အပေါ်ယံအကြောင်းပြချက်တွေအောက်မှာ မျော်လင့်ခြင်း ကဲ့ဇာစ်မြစ်ဟာပျောက်ဆူံးနေပြီ|(page.19)
|ကိုယ့်ကိုယ်ကို အပ်ချလောင်းဆိုပြီး ပြောင်းလလြိုက်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ပြောင်းသင့်တယ်အမြဲထင်နေတာကလဲ အဓိပ္ပါယ် မရှိဘူး။|(page. 37)
|ဆေးလိပ်မသောက်သင့်တာလဲသိတယ်။သကြားလျော့စားသင့်တာလဲသိတယ်။သူငယ်ချင်းတွေအကြောင်းအတင်းမပြောသင့်တာလဲသိတယ်။ဒါပေမဲ့ ဆက်လုပ်နေကြတာဘဲ။ဘယ်လိုပြင်ရမလဲဆိုတာကိုမသိလို့မဟုတ်ဘူး။ပြင်ဖို့အတွက် ခံစားချက်၀င်မလာသေးတာ။|(page.41)
|ခံစားချက်ကို ဦးစားပေးလိုက်ရင် မျှော်လင့်ချက် ပြသနာ တွေဖြစ်လာတယိ။ဒီလိုပဲ.၊ ခံစားချက် ကိုအတင်းဖိနှိပ်ထားရင်လည်းအဆင်မပြေပြန်ဘူး။|(page.48)
|ဘ၀ဆိုတာ တစ်လမ်းသွားဘဲ မဟုတ်လား။ဒီတော့ အဲ့ဒီလမ်းပေါ်မှာ သွားနေတဲ့ခံစားချက်တွေကို လမ်းမှားမရောက်အောင်၊ ချောက်ထဲ ပြုတ်ကျမသွားအောင် အကာအရံတွေကာပေးဖို့ လေ့ကျင့်ရတဲ့သဘောပါပဲ။ခက်တယ်၊ဒါပေမဲ့ တခြားနည်းလမ်းမရှဘူး။|(page.54)
|ကျတော်တို်အားလုံးဟာ ကိုယ့်မျက်နှာကို လက်သီးန့ဲအထိုးမခဲရအောင်ရှောင်တတ်၊ နေတတ်ကြတဲ့ သူတွေချည်းပါပဲ။ဒါပေမဲ့ အထိုးခံရတဲ့အခါ..ပြန်ထိုးမယ့်အစား"၀ဋ်ရှိလျု့ ခံရတာပဲလေ"ဆိုပြီး ငြိမမခံမိခဲ့ကြတယ်။အဲ့ဒါကမှ တကယ့်ပြသနာ။|(page58)
#မျော်လင့်ခြင်းဖတ်စာ
#ချမ်းမြေ့၀င်း
#မူရင်း_Markmanson
အရေးသားလိုအပ်မူကြောင့် အားလုံး ကိုကြိုတောင်းပန်လျက်။
အယ်မလီ