Book Image

လက်မရွံ့ထောင်အတွင်းမှ ကိုယ်တွေ့ဖြစ်ရပ်များ

ဒေါက်တာတင်အုံးကျော်

လက်မရွံ့ထောင်အတွင်းမှ ကိုယ်တွေ့ဖြစ်ရပ်များ
မူရင်းစာရေးဆရာ - Henry Gouger
ဘာသာပြန်သူ - ဒေါက်တာတင်အုံးကျော်
အဖြူရောင်စာပေမှထုတ်ဝေသည်
တန်ဖိုး- ၄၅၀၀ကျပ်




ကျန်တော်တို့ ထောင်လို့ဆိုလျှင် အနေအစားဆင်းရဲ မကောင်းသောနေရာအဖြစ်မြင်ကြမည်မှာ မလွဲမသွေ။ ကျွန်တော်သည် ထောင်အကြောင်း အကျဉ်းခန်းတွေအကြောင်းအမျိုးမျိုးကြားဖူး ဖတ်ဖူး ရုပ်ရှင်ကြည့်ဖူးပါသည်။ အင်းစိန်ထောင်၊ ဂျာမန် ဂျူးအကျဉ်းစခန်းများ စတာတွေကိုခဏခဏ မြင်ဖူး ဖတ်ဖူးပါသည်။ အင်း၀ခေတ် လက်မရွံ့ထောင်ဆိုတာကိုတော့ ကြားသာကြားဖူးပါသည် မဖတ်ဖူးခဲ့ပါ။ ယခုစာအုပ်သည် သက္ကရာဇ် ၁၈၂၄ ခုနှစ်ဆီမှ အင်း၀လက်မရွံ့ထောင်ကြီးတွင် အဖမ်းခံခဲ့ရသော အင်္ဂလိပ်လူမျိုး ကုန်သည် Henry Gouger ဆိုသူရဲ့ ကိုယ်တွေ့အဖြစ်အပျက်များကိုရေးသားထားခြင်းဖြစ်ပါသည်။ ၁၈၂၄ မှ ၁၈၂၆ ခုနှစ်အထိကာလများတွင် ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုကာလတွင်မြန်မာပြည်၌ မင်းပြု အုပ်ချုပ်နေသူမှာ ဘကြီးတော်ဘုရားခေါ် စစ်ကိုင်းမင်းဖြစ်ပါသည်။ ၁၈၂၂တွင် အသက်၂၃နှစ်သာရှိသေးသော အင်္ဂလိပ်ကုန်သည် Henry Gougerသည် အင်္ဂလိပ်ကိုလိုနီ အိန္ဒိယပြည် အရှေ့ဘက်တွင် ရှိသော လူသိပ်မသိသေးသည့် ဘုရင့်တိုင်းပြည်တွင် စီးပွားရေး ကို အစပြုရန် ၀င် ရောက်ခဲ့ပါသည်။ စာအုပ်ထဲတွင်ရေးထားသော‌အကြောင်းအရာများမှာ သူထောင်ကျသော အကြောင်းချည်းများသာမဟုတ်။ ထိုခေတ်အခါ မြန်မာပြည်ကြီး၏ အုပ်ချုပ်ရေးပုံစံများ၊ပြည်သူတို့၏ ဓလေ့ များ၊အယူသီးမှုများ နှင့် ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲအကြောင်းများပါ တွေ့နိုင်သည်။ ယခုစာအုပ်သည်၁၈၆၀ ခုနှစ် လွန်ခဲ့သော အနှစ်၁၆၀ခန့် က ရေးခဲ့သောစာအုပ်ဖြစ်ပါသည်။ အမှန်တိုင်း၀န်ခံရလျှင် မူရင်းစာရေးဆရာ ကုန်သည် Henry Gougerသည် မြန်မာနိုင်ငံအပေါ် အထင်သေးမှုများ၊ အမျက်ဒေါသများကို သူ၏စာထဲတွင် အတိုင်းသားတွေ့နိုင်သည်။ ထိုခေတ်အခါ မြန်မာနိုင်ငံသည် ရိုင်းစိုင်းသောတိုင်းပြည်ဟူ၍ရေးထားပါသည်။ ဓလေ့ထုံးတမ်းများ မတူမှုနှင့် အသားကျသေးပုံမပေါ်ပါ။ မြန်မာတို့သည်အနောက်နိုင်ငံ မဟာအင်အားကြီး နေမ၀င်အင်ပါယာနှင့်ယှဉ်လျှင် အမှန်ပင် မယဉ်ကျေးသော နိုင်ငံ ကဲ့သို့ဖြစ်နေသော်ငှား ရိုင်းစိုင်းသော လူမျိုးအဆင့်တော့ မဟုတ်နိုင်ပါ။ သူ့ဘက်ကကြည့်ပြန်လျှင်လည်း မြန်မာပြည်ကြီးသည် သူ၏အိပ်မက်ဆိုးပမာဖြစ်ခဲ့ရပါသည်။ ထိုခေတ်အခါ မြန်မာပြည်သည် ပြည်ပကုန်သွယ်မှုများ သိပ်များများစားစားမရှိပါ။ လုပ်ရကောင်းမှန်းလည်းမသိပါ။ အနောက်တိုင်းသားဦးရေမှာလည်း အလွန်နည်းပါးပါသည်။ အင်း၀ခေတ် ရန်ကုန်ဆိပ်ကမ်းသည် ပါချီပါချပ် ဆိပ်ကမ်းလေးသာ။ ထိုခေတ် မြန်မာနိုင်ငံနှင့် စီးပွားကူးသန်းနေသူများမှာ တရုတ်များသာ ရှိပါသည်။ ရန်ကုန်သည် သစ်တောအုပ်များသာရှိပြီး သမင်များ ကျားများတောင်တွေ့နိုင်ပါသည်။ ထိုခေတ်က အသုံးများသည်မှာ ရေလမ်းခရီးသာဖြစ်ပါသည်။ နာမည်ကျော် အင်း၀လက်မရွံ့ထောင်သည် နန်းမတော်မယ်နုအုတ်ကျောင်း၏ တောင်ဘက် မနီးမဝေး ကုန်းပြင်ထက်တွင်ရှိပါသည်။ ယင်းနေရာတွင် ဆရာယုဒသန်( Judgson) ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အထိမ်းအမှတ် အဖြစ်စကျင်ကျောက်တုံးကြီးတစ်တုံးပေါ်၌ကဗ္ဗည်းစာရေးထိုးထားခြင်းကိုတွေ့နိုင်ပါသည်။ကုန်သည်Henry Goudger သည် ရောက်စက ဘုရင်နှင့်မိဖုရားတို့က အရေးပေးခဲ့သည်။ သို့သော်လည်း ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ချိန်တွင်တော့ သူလျှိုအဖြစ်စွတ်စွဲခံရပြီး အင်း၀လက်မရွံ့ထောင်သို့အပို့ခံရပါတော့သည်။ အင်း၀ထောင်အကြောင်းပြောရမည်ဆိုလျှင် ထောင်သည် သစ်သားဖြင့်တည်ဆောက်ထားပါသည်။ အကျဉ်းသားများအား သံခြေကျဉ်း သုံးစုံဖြင့် ချုပ်နှောင်ထား၍ အလေးချိန်အားဖြင့် ၁၂ပိဿာခန့် ရှိပါသည်။ အကျဉ်းထောင်ကို စောင့်သည့်သူများမှာလည်း မျက်နှာတွင်မင်ကြောင်ဖြင့် အမှတ်သားလုပ်ထားသော အကျဉ်းသားဟောင်းများသာဖြစ်ပါသည်။ ထောင်ကိုစောင့်သော အကြီးဆုံးတာ၀န်ယူထားသူမှာ အကျဉ်းသားဟောင်း အဖေကြီး ဟု အများက ခေါ်ဆိုကြသူဖြစ်သည်။ ထောင်တွင်းတွင် အချင်းချင်းစကားပြောခွင့်မရှိ။ ထို့ကြောင့် ထောင် အခန်းတွင်းအလွန်တိတ်ဆိတ်သည်။ အကျဉ်းသားများကို စုပြုံထားခြင်း၊ လေ၀င်လေထွက် မရှိသော အခန်းဖြစ်ခြင်းတို့ကြောင့် အနံ့အသက်မှာ လှောင်ပိတ်မွှန်ထွန်နေပါသည်။ ကိုယ်လက်သန့်စင်ရန်ရေမရှိပါ။ ညအချိန် ခြင်အလွန်ကိုက်သဖြင့် ဆေးလိပ်မီးခိုးဖြင့်ခြင်ပြေးအောင် စီမံထားပါသည်။ စာအုပ်အဖုံးတွင်မြင်ရသည့်အတိုင်း ခြေထောက်ကို လေပေါ် တွဲလောင်းဆွဲပြီး အပြစ်ပေးပါသည်။ ထိုသို့ပြုလုပ်ခြင့်ဖြင့် အချိန်ကြာလာလျှင် ညောင်းညာ နာကျင်လာပါသည်။ အဆိုးဆုံးမှာ ခြင်များသည် ခြေဖဝါးကိုကိုက်ခြင်းဖြစ်သည်။ လက်လှမ်းမမှီ၍ မောင်း၍လည်းမရပါ။ ထောင်သားများအား ထမင်းမကျွေးပါ။ ထောင်ကျသူ၏မိသားစုသော်လည်းကောင်း၊ အသိမိတ်ဆွေသော်လည်းကောင်း ထမင်းလာပို့ပေးရပါသည်။ လာပို့ပေးမည့်သူမရှိပါက အလှူရှင်များကျွေးသောထမင်းနှင့် ငပိစားသုံးနိုင်ပါသည်။ အလှူရှင်မရှိသည့်နေ့များတွင်တော့ မိသားစုမရှိများသူအဖို့ ငတ်နေရုံသာ။ သို့သော်လည်း အကျဉ်းသားအချင်းချင်း ဝေမျှစားသောက်ကြပါသည်။ ထို့အပြင် စစ်ပွဲတွင်းမြန်မာတို့၏ စစ်အင်အားအကြောင်းလည်း ရေးထားပါသည်။ မြန်မာတို့၏ရေတပ်အင်အားပြပွဲ ကို ကုန်သည်ကြီးသည် မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရပါသည်။ ဧရာ၀တီ မြစ်ပြင် တစ်၀က်နီးပါးခန့် တိုက်သင်္ဘောများမှာ နေရာယူထားခဲ့ပုံများလည်း ဖတ်ခဲ့ရပါသည်။ စစ်ပွဲတွင်းတွင် မြန်မာတို့သည် အင်အားအလွန်များခဲ့ပါသည်။စစ်အင်အားတစ်သိန်းခန့် ရှိပါသည်။ သို့ သော်လည်း ရန်သူတို့အား ကိုယ်ပိုင်နိုင်သော ပျောက်ကျား စစ်ဖြင့်မတိုက်ပဲ ကွင်းပြင်တွင်ရင်ဆိုင်တိုက်ခိုက်၍ အရှုံးကြီး ရှုံးခဲ့ရပါသည်။ထို့ နောက် စစ်သူကြီးမဟာဗန္တုလ အားတာ၀န်ယူ၍တိုက်ခိုက်‌ စေခဲ့သည် ။စစ်သူကြီး မဟာဗန္တုလ၏ ရဲစွမ်းသတ္တိ၊ စစ်ရေးအမြင်ရှိပုံ၊ စစ်အောင်ပွဲများနှင့် ကျဆုံးမှုအကြောင်းလည်း ရေးသားထားပါသည်။ စာအုပ်ထဲတွင် သမိုင်းမှ သင်ခန်းစာများလည်း လေ့လာခဲ့ရပါသည်။ ရန်သူကို အထင်မသေးသင့်ကြောင်း၊ အခြေနေမှန်ကို နားလည်သဘောပေါက်၍ ကိစ္စအ၀၀ကို ကိုင်တွယ်သင့်သည်ဟုမြင်ပါသည်။ မူရင်းစာရေးသူသည် ဘုရင်များအား သဘောမကျသလောက် မင်းတုန်းမင်းကြီးကိုတော့ ဉာဏ်ပညာနှင့် ပြည့်စုံသူဟု ချီးကျူးထားသည်။ အချုပ်အားဖြင့်ဆို‌သော်ပညာမပါသောမျိုးချစ်စိတ်သည် တိုင်းပြည်နှင့် လူမျိုးအတွက်အဆိပ်အတောက်သာဖြစ်ပြီး ပညာပါသောမျိုးချစ်စိတ်သည်သာ တိုင်းပြည်နှင့်လူမျိုးတို့အတွက် အခရာဖြစ်ပါတော့သည်။
#Christopher Lay Wah


Publisher Name: အဖြူရောင်စာပေ


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း
Book Review Image

ကြေးစား

မောင်မိုးသူ
Book Review Image

အာဃာတ

စိုးသိဏ်း
Book Review Image

အရှေ့တို့ရဲ့အရှေ့

အေးဆောင်
Book Review Image

မိတဆိုး

မိုးမင်းသိမ်း
Book Review Image

မီဆိုဟင်းချို

သင့်လူ
Book Review Image

မျော်​လင်​့ခြင်​းဖတ်​စာ

ချမ်းမြေ့ဝင်း
Book Review Image

ထီပေါက်သူ

ဖိုးနိုင်လင်း
Book Review Image

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ

ဒေါက်တာဇော်သန်း
Book Review Image

ရတနာနတ်မယ် သို့မဟုတ် တခါတုန်းက သမ္မတကတော်

သန်းဝင်းလှိုင်
Book Review Image

တေးဆိုငှက်ဒဏ္ဍာရီ

သင့်လူ
Book Review Image

စွန့်ခဲ့ရကျွန်မဘဝပါရှင်

ခင်​မျိုးချစ်​
Book Review Image

အိမ်မက်ကုန်သည်

မောင်မိုးသူ
Book Review Image

ချစ်သောဂျွန်

တင်မောင်မြင့်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

ဦးဆိုးပေ ဒေါ်ဆိုးပေ

ဖိုးနိုင်လင်း
Book Review Image

သေသူ့ထံမှ ပေးစာများ

မြသန်းတင့်
Book Review Image

မြေဖြုခဲပန်းချီဆရာလေး ကောင်းကောင်း

လင်းထိုက်
Book Review Image

သမ္မန်စာ

တင်မောင်မြင့်
Book Review Image

ကျေရာကျေကြောင်း

မောင်ပေါ်ထွန်း
Book Review Image

တောရိုင်းမြေ

ကျော်အောင်
Book Review Image

ရေတက်

ဟိန်းလတ်
Book Review Image

ကြာညိုနံ့သင်းသော ရေ၀တီမ (ဒုတိယအကြိမ်)

မြသန်းတင့်
Book Review Image

ကြမ္မာမုန်တိုင်း

လင်းခန့်
Book Review Image

ပါစီဂျက်ဆန်နှင့် ကျိန်စာသင့်ဓား

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

ကလေးချစ်

သစ္စာနီ
Book Review Image

စွဲစွဲနစ်နစ်

ရွှေဝင်း
Book Review Image

မင်္ဂလာပါ ဆရာမ

တိုက်စိုး
Book Review Image

မဟာတို့၏ကျဆုံးခန်း

လှစိုးဝေ
Book Review Image

တပ်မှူးများ

မြသန်းတင့်
Book Review Image

ရေခဲနဂါး

မျိုးဇော်ဝင်း
Book Review Image

မင်းသားလေး ပြန်လာပြီ

ဝင်းငြိမ်း
Book Review Image

ကံကြမ္မာ အကျဉ်းသား

မောင်ပေါ်ထွန်း
Book Review Image

သစ်မိစ္ဆာခေါ်သံ

လင်းခန့်
Book Review Image

ရန္တပို

ပါရဂူ
Book Review Image

ပလိပ်

ထင်လင်း
Book Review Image

လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ

မြသန်းတင့်
Book Review Image

ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း

တော်ကောင်းမင်း
Book Review Image

ဖား

တော်ကောင်းမင်း
Book Review Image

ကျင်းပေါက်များ

သင့်လူ
Book Review Image

ကျိန်စာ

တင်မောင်မြင့်
Book Review Image

မမရေချယ်

တင်မောင်မြင့်
Book Review Image

အပြာဦးနှောက်

မောင်မြတ်မိုး
Book Review Image

ကျွန်တော်၏လက်နှိပ်စက် အနီရောင်မှတ်စုနှင့် လက်ရွေးစင်စကားပြေများ

ဒီနိုဗို
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

ဇင်_မုမန်ဆရာသခင်၏ ဂိတ်ပေါက်မရှိသောဂိတ်

အောင်သူရ