စာအုပ်အမည် - Audition
စာရေးသူ - Ryu Murakami
ဘာသာပြန်စာအုပ်အမည် - လူရွေးပွဲ
ဘာသာပြန်စာရေးသူ - သင့်လူ
စာအုပ်တိုက် - ကံ့ကော်ဝတ်ရည်စာပေမှ 2019 ဖေဖော်ဝါရီလ တွင် ပထမအကြိမ် ပုံနှိပ်ခြင်း
အမျိုးအစား - ဘာသာပြန်ဝတၳု
တန်ဖိုး - 2500 kyats
စာမျက်နှာ- 188 pages
-------------------------------------------------
ဒီစာအုပ်အကြောင်း မပြောခင် ခင်ဗျားတို့ ကျနော်တို့ ငယ်ဘဝကနေ ယနေ့ထိ ပြစ်မှုတစ်ခုအတွက် ငရဲကြီးတယ်ဆိုတ့ဲ ကိစ္စကို လေ့လာကြည့်ကြရအောင်ဗျာ၊
ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ကျနော်ပုရွတ်ဆိတ်လေးတွေ သတ်ရင် အဖွားက ငရဲကြီးလိမ့်မယ်ဆိုပြီး ဆုံးမခ့ဲတယ်။ ဘယ်သတ္တဝါရဲ့ အသတ်မှ မသတ်ရဘူး .. ငရဲကြီးတတ်တယ်၊ ငရဲမှာ ဆီပူအိုးကြီးနဲ့ အကြော်ခံရမယ်။ ညအိပ်ခါနီးရင် ဘုရားရှိခိုးအိပ်ရမယ်၊ မအိပ်ရင် အိပ်မက်ဆိုးတွေ မက်လိမ့်မယ်.. စသဖြင့် ဆုံးမတယ်။ ပုံမှန်အားဖြင့် ကြီးပြင်းလာသူ လူသားတစ်ဦးအဖို့မှာ မိရိုးဖလာကိစ္စရပ်တွေအပေါ် စောကြောမှုတွေဟာ နည်းပါးနိုင်ပေမယ့် ကျနော်တို့လို Childhood Trauma တွေ အများအပြားရှိဖူးတ့ဲ လူတွေကတော့ ဘာ့အတွက် ဘာ့ကြောင့်ဆိုတ့ဲ Cause & Effect ကို သိပ်သိချင်တယ်၊ ဆိုပါတော့ဗျာ ခုနကပြောတ့ဲ ဘုရားမရှိခိုးဘဲ အိပ်ရင် အိပ်မက်ဆိုးတွေ မက်မယ်ဆိုတာမျိုး ... မရှိခိုးဘဲအိပ်တယ်ကွာ၊ အိပ်မက်ဆိုးတွေက တကယ်မက်သလားဆိုပြီး စမ်းသပ်မှုတွေ ပြုခ့ဲဖူးတယ်။
အ့ဲထက် တစ်ဆင့်တက်ပြီး ဘာသာရေးနဲ့ ပုဂ္ဂလအမြင်ကို လေ့လာတ့ဲအခါမှာတော့ ဘယ်လိုပြစ်မှုမျိုးဟာ ဘယ်လိုအပြစ်မျိုးနဲ့ ထိုက်တန်သလဲဆိုတာ တွေးမိလာတယ်။ ငွေတစ်သိန်းလိမ်ယူတာနဲ့ သူများသမီးပျိုတစ်ဦးဆီက ကာမလိမ်ညာရယူတာအတွက် အပြစ်ဒဏ်က တူတူပဲလား၊ ဘယ်ဟာပိုကြီးလဲ၊ အ့ဲတော့ဗျာ .. ခင်ဗျားတို့ရော၊ ခင်ဗျားတို့ကို လိမ်သွားမယ်၊ ခင်ဗျားတို့ဆီက ပစ္စည်းဥစ္စာခိုးသွားမယ်၊ အနိုင်ကျင့်ခံရမယ် စသဖြင့် ပြစ်မှုမျိုးအတွက် ပြစ်မှုကျုးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်မျိုးခံရရင် ကျေနပ်မလဲ၊ မကျေနပ်ခ့ဲတာမျိုးရှိရင်ရော ကိုယ်တိ်ုင်ကိုယ်ကျ လက်တုံ့ပြန်တာက တရားသလား၊ မတရားဘူးလား၊
အပေါ်မှာ ရေးထားတ့ဲအတိုင်းပေါ့ဗျာ၊ ဘာသာတရားတစ်ခုရဲ့ အရင်းအမြစ်အောက်မှာ ပုံမှန်နေထိုင်ရိုးနေထိုင်ခ့ဲသူ ကလေးတွေအတွက် အ့ဲလို လက်တုံ့ပြန်တာတွေဟာ ရှိဖို့ မဖြစ်သလောက်ရှားပေမယ့် ငယ်ဘဝ Childhood Trauma တွေနဲ့ ရှင်သန်ခ့ဲရသူလေးတွေမှာ အ့ဲလို စိတ်အခံတွေက အကြီးကြီးရှိတယ်ဆိုတာ အတိအကျယုံထားလိုက်ပါ မိတ်ဆွေ။
'ယာမာဆာကီအဆာမီ' ဆိုတာ သိပ်ချောသိပ်လှတ့ဲ မိန်းကလေး၊ အ့ဲဒီ လှပတ့ဲ ဂျပန်မလေးရဲ့ လူမမြင်နိုင်တ့ဲ ခန္ဓာကိုယ်အချို့နေရာတွေမှာ သေရာပါ ဒဏ်ရာတွေက မြင်မကောင်းဘူး၊ ကလေးငယ်ငယ်လေး ဘဝကတည်းက ပထွေးရဲ့ ရိုက်နှက် နှိပ်စက်မှုတွေက ရလာတ့ဲ ဒဏ်ရာတွေ။ လှသလောက် အညိုးကြီးတယ်၊ ရက်စက်တယ်၊ သူ့အပေါ်ကျူးလွန်တ့ဲ အပြစ်ကို သူကိုယ်တိုင် လက်တုံ့ပြန်ရမှ ကျေနပ်တယ်။ အ့ဲဒီ ယာမာဆာကီရဲ့ ဘဝထဲကို ဝင်လာတာက 'အာအိုယာမ' .. သူက အသက်လေးဆယ်ကျော်အရွယ် ကလေးတစ်ယောက်အဖေ မုဆိုးဖို။ သားဖြစ်သူ ရှီဂေးက တက္ကသိ်ုလ်ကျောင်းသားအရွယ်ရောက်နေပြီ။ အာအိုယာမရဲ့ မိန်းမဆုံးသွားတာက ရှိဂေး ၈ နှစ်သားအရွယ်ကတည်းက။ အထီးကျန်ဖြစ်နေတ့ဲ အဖေ့ကို ရှီဂေးကိုယ်တိုင် နောက်အိမ်ထောင်ပြုစေချင်တာမို့ လုပ်ငန်းရှင် အာအိုယာမက သူ့အကြိုက် အချက်အလက်ပြည့်စုံတ့ဲ မိန်းကလေးက်ို လူရွေးပွဲပြုလုပ်ပြီး ရွေးချယ်ခ့ဲရာက ယာမာဆာကီနဲ့ အာအိုယာမ ဆုံခ့ဲတယ်။ အာအိုယာမဟာ ယာမာဆာကီရဲ့ အလှမှာ တပ်မက်လွန်းအားကြီးခ့ဲတာမို့ လိမ်သင့်တာလိမ်၊ လျှိုသင့်တာလျှိုပြီး ယာမာဆာကီကို သိမ်းသွင်းခ့ဲတယ်။ တစ်နေ့မှာ သူလိမ်ခ့ဲ၊ လျှိုခ့ဲတာတွေကို Childhood Trauma သမားလေး ယာမာဆာကီ သိသွားလေသောအခါ ....
-------------------------------------------------
မိုးသားလတ် @ ကိုဟေမာန်လှဝင်း
၉-၃-၂၀၁၉ (၁၂:၀၀) ရန်ကုန်
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137