တင်မောင်မြင့်
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
"တင်မောင်မြင့် - ကျိန်စာ"
(W.Somerset Maugham ၏ The Painted Veil ဘာသာပြန်)
တန်ဖိုး ၄၂၀၀ ကျပ် • စာမျက်နှာ ၂၈၀
ကံ့ကော်ဝတ်ရည်မှ ပထမအကြိမ် ထုတ်ဝေခြင်း။
အင်္ဂလိပ်လူမျိုး ကမ္ဘာကျော်စာရေးဆရာကြီး ဆမ္မားဆက်မောင်မ်ဟာ ဆေးပညာဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်ပေမယ့် ၁၈၉၇ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးစာအုပ် Liza of Lambeth ထွက်ပြီးနောက်ပိုင်း နားကြပ်ကို လုံးဝခေါက်ထားလိုက်ကာ ကလောင်ကိုကိုင်ခဲ့သူ ဖြစ်ပါတယ်။ ထွက်သမျှစာအုပ်တွေကလည်း ရောင်းကောင်းတာချည်းပါပဲ။ သူ့စာအုပ်တွေက ကမ္ဘာအနှံ့အောင်မြင်တာဆိုတော့ ကျွန်တော်တို့မြန်မာပြည်က စာချစ်သူတို့အဖို့လည်း ဆမ္မားဆက်မောင်မ်ကို မစိမ်းပါဘူး။ မောင်မ်ရဲ့ စာအုပ်တွေကို တင့်တယ်၊ မောင်ပေါ်ထွန်း၊ ကျော်အောင်နဲ့ အခြားသောစာရေးဆရာများက ပြန်ခဲ့ကြသလို တင်မောင်မြင့်ကလည်း ယခင်က တစ်အုပ်ပြန်ခဲ့ဖူးပါတယ်။ ယခု ဘာသာပြန် ကျိန်စာကတော့ ဆမ္မားဆက်မောင်မ်ရဲ့ စာပေလက်ရာထဲမှာ တတိယအကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ The Painted Veil ကို ဘာသာပြန်ထားခြင်းပါ။ The Painted Veil ဟာ ကမ္ဘာ့စာပေလောကမှာ ဂန္ထဝင်စာရင်းဝင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ယခုထိ အလေးထားဖတ်ရှုနေကြဆဲဖြစ်ပြီး မြန်မာဘာသာပြန်အဖြစ်မူ ယခုမှသာ ပထမအကြိမ် ထွက်ရှိလာခြင်း ဖြစ်ပါတယ်။ မူရင်းဝတ္ထုရဲ့ အရှိန်အဝါကြီးမှုက ရုပ်ရှင်လည်း အကြိမ်ကြိမ်ရိုက်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၁၉၃၄ မှာ မင်းသမီး ဂရီတာဂါဘိုနဲ့ ပထမအကြိမ်ရုပ်ရှင်ရိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ် မင်းသမီး နာအိုမီဝက်စ်နဲ့ ၂၀၀၆ ခုနှစ်ကတင် ရိုက်ခဲ့သေးတာပါ။
ဆမ်းမားဆက်မောင်မ် ရဲ့ တတိယမြောက်အကောင်းဆုံးလက်ရာလို့ ဆိုတယ်
ရုပ်ရှင်အဖြစ် ၁၉၃၄ , ၁၉၅၇ နဲ့ ၂၀၀၆ တို့မှာ သုံးကြိမ်ရိုက်ကူးခဲ့တယ်
ဘယ်လောက်ကောင်းတယ် ဘယ်ပုံကောင်းတယ် ညွှန်းစရာမလိုတဲ့ ဂန္တဝင်စာအုပ်
မောင်မ်လက်ရာ ဆရာတင်မောင်မြင့် ပြန်တဲ့"ဘဝအနှောင်"ဆိုလည်း သိပ်ကြိုက်တာ
ဒီစာအုပ်ကတော့ ဖတ်ရတာ ပိုသွက်တယ် နက်ဖလစ် ဇာတ်ကား ကြည့်ရသလိုပဲ
ရမ္မက်ပြင်းပြင်းနဲ့ နောက်မီးလင်းတဲ့အခန်းတွေဆို ရင်တထိတ်ထိတ်ပဲ
"အင်နာကရင်နီနာ" "မဒမ်ဗိုဗာရီ" တို့တောင် သတိတွေ ပြန်ရသွားမိတာ
ဇာတ်လမ်းအကြောင်းတော့ ကိုယ်တိုင်လည်း ကြိုသိရတာ မကြိုက်လို့
မပြောတော့ဘူး သိပ်ကောင်းတယ် ဖတ်ကြည့်ကြပါ
သဘောကျမိတဲ့ စာသားလေးတွေ
"ချစ်တတ်ချင်ရင် ...
ကိုယ့်ကိုယ်ကိုယ် အချစ်ခံရမယ့် နှလုံးသားမျိုး ရှိလာအောင် လုပ်ရမယ်"
"စိတ်ရဲ့ ငြိမ်းချမ်းမှုကို အလုပ်ထဲမှာလည်း ရှာမတွေ့နိုင်ဘူး
ပျော်ရွှင်မှုထဲမှာလည်း ရှာမတွေ့နိုင်ဘူး
ကွန်ဗင့်ကျောင်းထဲမှာရော ကမ္ဘာကြီးထဲမှာပါ ရှာမတွေ့နိုင်ဘူး
မိမိကိုယ်တိုင်ရဲ့ ဝိညာဉ်မှာပဲ ရှာတွေ့နိုင်တယ်ကွဲ့"
"မင်းအကြောင်း ချေးခါးအူမ မကျန် ကိုယ်သိတယ်၊
မင်းက ပေါ့ပြက်ပြက်နဲ့ ခေါင်းမရှိတဲ့ မိန်းမပဲ၊ ဒါပေမဲ့ မင်းကို ချစ်မိတယ်၊
မင်းေအာက်တန်းကျမှန်းလည်းသိတယ်၊ ဒါပေမဲ့ ကိုယ် ချစ်မိတယ်၊
မင်း ကိုယ့်ကို မချစ်ဘဲ ယူခဲ့မှန်းလည်း သိတယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး၊
သိပ်ချစ်မိနေတာကိုး၊
မင်း ကိုယ့်ကို ပြန်ချစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး၊
မင်း ကိုယ့်ကို ငြီးငွေ့မသွားအောင်ဘဲ ကိုယ် ကြိုးစားခဲ့တယ်၊
ဒါပမေဲ့ အလကားပဲ"
#တင်မောင်မြင့် #ကျိန်စာ
#W_SomersetMaugham #ThePaintedVeil
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137