''ကြေးစား''
ဆရာမောင်မိုးသူရဲ့ ဘာသာပြန်လက်ရာကောင်း တစ်ခုဖြစ်တဲ့ ကြေးစား ၀တ္ထုဟာ ကမ္ဘာကျော်စာရေးဆရာ Wilbur Smith ရဲ့ The Dark of the Sun ကို မြန်မာပြန်ဆိုထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထု ဇာတ်ကြောင်း ဟာ ၂၀ ရာစု မျက်မှောက်ခေတ် အာဖရိကတိုက်ရှိ ကွန်ဂိုပြည်ကို အခြေုပြုထားပါတယ်။ ကွန်ဂိုနိုင်ငံမှ ချမ်းသာကြွယ်ဝသော ကတန်ဂါပြည်နယ် ဝန်ကြီးချုပ် ရွှန်ဘေးဟာ လူဖြူကြေးစား စစ်သားများကို ငှားရမ်း စစ်တိုက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအခါ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေးစားစစ်သားများမသုံးရန် တားမြစ်သော အဆိုတင်သွင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ကြေးစားလူဖြူစစ်သားလေးဦးတို့ရဲ့ စွန့်စားခန်း၊ လျှို့ဝှက်သည်းဖို ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။
Publisher Name: ရန်ကုန်လမ်းမများ
Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904
Publisher Phone Number: Ph-095077348,0931865904