လေးနှစ်သမီးအရွယ် ကျောင်းစနေကတဲက ပျော်ရွှင်မှု
ဆိုတာ ချိုနဲ့လားလို့ မေးရမဲ့မိန်းကလေး။
မောင်နှမ အရင်းငါးယောက်။ အမကြီး တယောက်၊
အကိုသုံးယောက် ပြီးတော့သူ... နာမည်က ယန်ကျွင်း
လင်။နောက် ကက်သလစ် မယ်သီလရှင် ကျောင်းနေ
တော့ Adeline Yen . သူ့ကိုမွေးပြီးမကြာမီ သူ့အမေ
ဆုံးတယ်။
သူ့ကြောင့် အမေသေရတယ်ဆိုပြီး သူ့အထက်
လေးယောက်ကသူ့ကိုမုန်းတယ်။
အဖေဖြစ်သူက မိန်းမသေပြီး နောက်တနှစ်မှာပဲ
သူ့ထက် ၁၄ နှစ် ငယ်ပြီး ချောမောလှပတဲ့ တရုတ် ပြင်သစ် ကပြားမတယောက်နဲ့လက်ထပ်တယ်။သူတို့
မိထွေးကို နျန်း ( အမေ ) လို့ပဲသူတို့ခေါ်တယ်။
နျန်း ကမောင်လေးတယောက်နဲ့ညီမလေးတယောက်
ထပ်မွေးတယ်။အားလုံးမောင်နှမ ၇ ယောက်ပေါ့။
သူတို့ အရင်းငါးယောက်ကို နျန်းကသူ့သားသမီးတွေ
နဲ့တန်းတူမထားဘဲ ခွဲခြားဆက်ဆံတယ်။ နေထိုင်စား
သောက် ဝတ်ဆင်တာအားလုံးပဲ။အဖေဖြစ်သူ
ကပါ သူ့ဇနီးအငယ်လေးနဲ့တသဘောထဲဖြစ်တယ်။
သူ့အဖေ သူ့မိထွေး သူ့မောင်နှမတွေအားလုံး သူ့
အပေါ်မကောင်းကြဘူး။
သူ့ကိုကြင်ကြင်နာနာဆက်ဆံသူ ဆိုလို့ သူ့အဖွား
သူ့အဖိုး သူ့ကြီးတော် ( ကြီးကြီးပါပါ ) သူ့ကျောင်းက
သူငယ်ချင်းအချို့နဲ့ခရစ်ယာန်သီလရှင် ( မာသာ )
တွေပဲရှိတယ်။
သူ့အဖွား ကသူတော်တော်ငယ်ငယ် ပထမတန်း
ကျောင်းသူ ဘဝကတဲကဆုံးသွားတယ်။
သူဟာအနှိမ်ခံဘဝမှာနေရသော်လည်း စာအလွန်
တော်တယ်။ အတန်းတိုင်းမှာအမြဲပထမရတယ်။
သူတို့ မိသားစု ဟောင်ကောင်ကိုပြောင်းတော့ သူလဲ
ဟောင်ကောင်ကသီလရှင်ကျောင်းမှာ ကျောင်းအိပ်
ကျောင်းစားသွားနေရတယ်။
သူစတုတ္ထတန်း စာမေးပွဲပြီး ကျောင်းရက်ရှည်ပိတ်
တော့ လန်ဒန်ကကျင်းပတဲ့ နိုင်ငံတကာ ပြဇာတ် အရေး
ပြိုင်ပွဲကို ဝင်ပြိုင်ပြီးပထမဆုရသွားတယ်။
ဆုရတဲ့အချိန်မှာ သူ့အသက် ၁၄ နှစ် ပဉ္စမ တန်း။
သူ့ကိုအလွန်ချစ်တဲ့သူ့အဖိုး ( ယဲယဲ ) သူဆုရတာကိုသိမသွားဘူး။ ဆုမကြေညာမီ ရက်ပိုင်းကလေးစောပြီး
ကွယ်လွန် တယ်။
သူ့ကိုလုံးဝဂရုမစိုက်တဲ့အဖေ.... သူ့နာမည်ကိုတောင်
မမှတ်မိ၊ သူ့မွေးနေ့ကိုလဲမသိ၊ငွေဒင်္ဂါးတပြားသူ့ဆီမှာ
တွေ့လို့ ( တကယ်က သူ့ကြီးကြီးပါပါ ပေးထားတာ )
ကျာပွတ်နဲ့ရက်ရက်စက်စက်ရိုက်နှက်ခဲ့တဲ့အဖေ...
အဲဒီ အဖေဟာ နောက်ဆုံးတော့ သူ့အပေါ် ကောင်း
ကွက်တကွက်ရှိခဲ့ပါတယ်။
နိုင်ငံတကာ ပြဇာတ်အရေးပြိုင်ပွဲမှာသူ့သမီးပထမရလို့
သူ့အပေါင်းအသင်းတွေကြားမှာဂုဏ်တက်ခဲ့၊ မျက်နှာ
ပွင့်ခဲ့တာကြောင့်သူ့သမီးအပေါ်သဘောထားပျော့
ပျောင်းသွားပုံရပါတယ်။
သူ့သမီး ယန်ကျွင်းလင် ( ခေါ် ) အက်ဒလင်း ကို
အင်္ဂလန် ပညာသင်သွားဖို့ ခွင့်ပြုလိုက်တယ်ဗျာ။
အက်ဒလင်း ဟာဆရာဝန်တယောက်ဖြစ်လာတယ်။
ဘော့ဗ်မား ဆိုတဲ့ တရုတ် အမေရိကန်ကပြားနဲ့
အိမ်ထောင်ကျ လို့ သူ့နာမည်ကလဲ Adeline Yen
Mah ဖြစ်လာတယ်။
စိတ်ဓာတ်ခွန်အားမြှင့်ပေးတဲ့စာကောင်းတပုဒ်ကို
ပြေပြေပြစ်ပြစ် ထိထိမိမိဘာသာပြန်ပေးတဲ့ မိုးမင်းသိမ်း
ကိုကျေးဇူးတင်ပါတယ်။
မိုးမင်းသိမ်း ပို့လာတဲ့လက်ဆောင်စာအုပ်ကို ၁၇ ရက်
နေ့ကရရှိပြီး ၁၉ ရက်နေ့မှာဖတ်ရှုပြီးစီးပါကြောင်း။
SAW
20 06 2019
9: 00 pm