ဝင်းငြိမ်း
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
https://savethelibrarymyanmar.org/author/134/show
The Return of the Young Prince
A.G Roemmers
မင်းသားလေး ပြန်လာပြ်ီ
စာရေးဆရာ - ၀င်းငြိမ်း
ပထမအကြိမ်၂၀၂၀၊ဇန်နဝါရီလ။ (Preorder)
ငါတို့စာပေ မှ ထုတ်ဝေသည်။ (#NDSP)
အုပ်ရေ - ၁၀၀၀
တန်ဖိုး- ၂၅၀၀ ကျပ်
စာမျက်နှာ အရေအတွက် - ၁၃၆ မျက်နှာ
မင်းသားလေး ပြန်လာပြီ သည် မူရင်း၀တ္ထုမှ ဂြိုဟ် တစ်ခုပေါ်တွင် နေထိုင်သော မင်းသားလေးတစ်ပါး စကြ၀ဠာ အတွင်းရှိ ဂြိုဟ် ကမ္ဘာများ သို့ မကြာခဏ သွားရောက်လည်ပတ်ရာ ကမ္ဘာမြေ သို့လည်း ရောက်ရှိလာသည့် အခိုက်အတန့် ကို ရေးဖွဲ့ထားပါသည်။ ရည်ရွယ်ချက်မှာ လူသား များ အနေဖြင့် မိတ်ဆွေချင်း စောင့်စည်းအပ်သော ၀ တ္တရား၊ မိသားစု နှင့် လူ့အဖွဲ့အစည်း တို့အကြား မှ စောင့်စည်း အပ်သော ၀ တ္တရား တို့ကို ဖော်ကျူးထားခြင်းဖြစ်သည်။ ချစ်ခြင်း မေတ္တာ၏ ဆန်းကြယ်မှုကို လည်း ဤ ၀ တ္တု၌ ဖော်ကျူးထားသည်ကို တွေ့ရမည်ဖြစ်သည်။
(စာအုပ်တွင်းမှ ကူးယူဖော်ပြသည်)
ဒီစာအုပ်လေးဟာ The little Prince ရဲ့ အဆက်လို့ပြောရပါမယ်။ The Return of the Young Prince မှာကျတော့ ကမ္ဘာမြေကို ရောက်လာတဲ့ မင်းသားလေး လူသူကင်းမဲ့တဲ့ လမ်းဘေး တစ်နေရာမှာ အိပ်မောကျစွာနဲ့ ရှိနေတုန်း တစ်စီးသော ကားသမား က အမှတ်မထင် တွေ့မိလို့ ကားပေါ်ခရီးသွားဟန်လွဲ ကယ်ဆယ် တင်ရင် ကားဆရာ နဲ့ မင်းသားလေး ဟာ တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောဖြစ်ကြတဲ့ Dialogue လေးတွေကို စိတ်၀င်စားဖွယ်ရာ အဖြစ်ဖတ်ရမှာပါ။
ပျော်ရွင် မှု တွေ ပျောက်ဆုံးပျက်သုန်းသွားခဲ့တဲ့ မင်းသားလေး ဟာကမ္ဘာမြေပြင်က လူတွေအကြောင်းသိလို့ မေးခွန်း အမေးအဖြေတွေနဲ့ မေးရင်း
"ဘ၀ မှာ အရာအားလုံးဟာ ပျက်သုန်းရမှာဆိုပေမယ့် ဘာကြောင့် လူကြီးတွေ က သူတို့ ဘ၀မှာ မရောင့်ရဲနိုင်ကြဘဲ တစ်ခုပြီးတစ်ခု ထပ်လိုချင်နေကြတာလဲ" မင်းသားလေးက မေးတော့
"လူတွေက ပျော်ရွင်ခြင်းဆိုတာ တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ခြင်းလို့ ထင်ကြတယ်။ တကယ်တော့ အဲ့ဒါ ကိုယ့်ကိုကိုယ် လှည့်စားခြင်းပဲ။ တကယ်တမ်း အရေးကြီးတာက ကိုယ့်မှာ ရှိတာ မဟုတ်ဘူး။ သူတစ်ပါး ကို ပေးကမ်းခြင်းကသာ ပိုပြီး အရေးကြီးတယ်။ လက်တွေ့ဘ၀ မှာတော့ လူတွေက ကိုယ့်အတွက် ကိုရဖို့ သာကြည့်နေကြတယ်။ ဒီခံယူချက် ကို ပြောင်းလဲ နိုင်မယ်ဆိုရင် လူ့ဘ၀ မှာ ပျော်စရာ ဖြစ်လာလိမ့်မယ်" ကားဆရာက ပြန်လည် နွေးထွေးစွာ ဖြေဆိုပါတယ်။
ဒီစာအုပ်လေးဟာ self-help လည်း ဖြစ်စေသလို၊ လူသားတွေ ဘယ်လို ပြုမှုနေထိုင်သလဲဆိုတာ ကို သင်ယူဖို့ကြိုးစားနေတဲ့ မင်းသားလေး တစ်ယောက် ကားဆရာနဲ့ စကားအပြန်အလှန် ပြောဆိုရင်း ဘယ်အထိ ခရီးဆက် ဖြစ်မလဲ ဒီခရီးမှာ ဘာတွေ ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာ ကိုတော့ စာအုပ်လေးဖတ်ရင်း နဲ့ အဖြေရှာဖို့ ဒီစာအုပ်လေးကို ညွှန်းလိုက်ပါတယ်ဗျာ
စာဖတ်ခြင်းမှာ အချိန်ပေးမွေ့လျော်နိုင်ပါစေ
N????
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543