Book Image
ဝင်းငြိမ်း
ဝင်းငြိမ်း

အမည်ရင်း ဦးဝင်းငြိမ်းဖြစ်သည်။ အဘ ဦးကျားဘငြိမ်း နှင့် အမိ ဒေါ်ကြည်ကြည် တို့မှ ၁၉၄၆ ခု၊ မေ ၂၈ ရက်တွင် မွေးဖွား၏။ ဇာတိမှာ မန္တလေးမြို့ဖြစ်ပြီး မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။


မန္တလေး သံတဲကျောင်းတွင် ပညာ စတင်သင်ကြားခဲ့သည်။ ထိုကျောင်းမှ ၁၉၄၆ တွင် အထက်တန်း အောင်ခဲ့သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ၁၉၆၇ ခုတွင် ဘီ၊စီအိုအယ်မ် (အေအေ) ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အာ၊ အေ၊ အာ၊ အိုင်၊ ဒီ၊ အယ်မ်၊ အေ ဒီပလိုမာ သင်တန်းများ တက်ရောက် အောင်မြင်ခဲ့သည်။ ဘဏ္႑ာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ရသုံး မှန်းခြေ ငွေစာရင်း ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး ရာထူးထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။


၁၉၆ဝ တွင် စုံထောက်မဂ္ဂဇင်း၌ ဘာသာပြန်ဝတၳုတို စတင်ရေးသားခြင်းဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုက စတင်ထုတ်ဝေသော ပေဖူးလွှာမဂ္ဂဇင်းတွင် စာဖတ်သူများနှင့် တွေ့ဆုံ မေးမြန်းခြင်း ကဏ္႑ကို တာဝန်ယူခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် အခြားကလောင်ခွဲများဖြင့် ပေါ့ပ်ကဏ္႑များ ရေးသားခဲ့သည်။ ရုပ်ရှင်အမြုတေ၊ စန္ဒာ၊ ရင်ခွင်သစ်၊ အရိန္ဒမာ၊ ရုပ်ရှင်၊ ရွှေစည်းစိမ် မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။


ယခု ရွှေအမြုတေမဂ္ဂဇင်း စီစဉ် တည်းဖြတ်သူ၊ အလင်းတန်းဂျာနယ် မွမ်းမံ တင်ဆက်သူအဖြစ် ဆောင်ရွက်ရင်း စာပေများ ဆက်လက် ရေးသားနေသည်။

အခြား ကလောင်ခွဲများမှာ ဇာနည်ငြိမ်း၊ မိုးကျော်ထွန်း၊ ဘို၊ ဝင်းကိုကို တို့ဖြစ်ကြသည်။

ထုတ်ဝေပြီးသောစာအုပ်များ

# နှစ်ကြောင်းရေး တစ်ကြောင်းခြစ်

# ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်ခဲ့သူနှင့်စာပေလူကြမ်းမင်းသား

# ဝင်းငြိမ်းနှင့်စာရေးဆရာများ

# ဆရာဇော်ဂျီ၊ဆရာမင်းသုဝဏ် ကူးတို့ရှင်နှစ်ဦး

# အထီးကျန်ည

# မယ်ဗမာ

# ဖအေတူသား

# ဗမာ့စောင်း

# နန်းကျဘုရင်

# ဆင်စွယ်နန်းတော်ပေါ်က မင်းသမီး(သို့မဟုတ်)အင်ဂျလီနားဂျိုလီ

# မင်းမှုထမ်း

# ဖြစ်တည်ခြင်း

# အချစ်နဲ့စစ်

# ဗမာ့ဟယ်လင်

# ဇာတ်တူသားစားသူများ

# အချစ်စစ် အချစ်မှန်ဆိုသည်မှာ

# မျက်ရည်ရဲ့နောက်မှာ

# အစနဲ့အဆုံး

# မင်းသားလေးပြန်လာပြီ

Reference from: wikipedia

Written Books

Book Review Image

နန်းကျဘုရင်

ဝင်းငြိမ်း
Book Review Image

စာပေလူကြမ်းမင်းသား_အောင်သင်းနှင့်_တွေ့ဆုံပေးခြင်း

ဝင်းငြိမ်း
Book Review Image

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊

ဝင်းငြိမ်း
Book Review Image

မင်းသားလေး ပြန်လာပြီ

ဝင်းငြိမ်း
Book Review Image

ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်

ဝင်းငြိမ်း