Book Image

နန်းကျဘုရင်

ဝင်းငြိမ်း

ပါတော်မူဘုရင် သီပေါမင်း၏ အိမ်နိမ့်စံ ပုံရိမ်များ။ နန်းကျဘုရင် တစ်ပါး၏ ရုန်းကန်နေထိုင်ခဲ့ရပုံများ။ လူသိနည်းသော တော်ဝင် မိသားစု၏ အတွင်းရေးများ။ မှတ်တမ်းတင်ခြင်း မခံခဲ့ရသော တော်ဝင်မျိုးဆက်သစ်များ၏ ဘဝများ။ ဗမာနောက်ဆုံး တော်ဝင်မိသားစု၏ အထွေထွေကို မူရင်းစာရေးသူ ဆူရာရှားက ရှစ်နှစ်ကျော်လေ့လာအချိန်ယူကာ ရေးသား ပြုစုထားသည့် နန်းကျဘုရင်။ ရှားပါးဓာတ်ပုံများ၊ သမိုင်းဝင် အထောက်အထားများဖြင့် ပြည့်ပြည့်စုံစုံ ပုံနှိပ် ထုတ်ဝေထားပါသည်။ မြန်မာ့သမိုင်းတွင် ကွက်လပ်ကြီး ဖြစ်နေသည့် နန်းကျဘုရင်အကြောင်းကို အပြည့်စုံဆုံး တစ်ဝကြီး ဖတ်ရှုလေ့လာနိုင်ပါသည်။ 


နန်းကျဘုရင်ဟု အမည်ပေးထားသော စာအုပ်သည် သီပေါမင်း၏ မိသားစုအကြောင်းကို ဆူဒါရှားဆိုသည့် အိန္ဒိယနွယ်ဖွား စာရေးဆရာမက ၇ နှစ်နှစ်ခန့် အချက်အလက်များ စုဆောင်းပြီး သမိုင်း မှတ်တမ်း တစ်ခုသဖွယ် ရေးသားထားသော စာအုပ်ဖြစ်သည်။ တစ်ခါမှ မဖတ်ဘူး၊ မကြားဘူးသည့် အကြောင်းအရာ အဖြစ်အပျက်များကို တရားကျစရာ၊ သင်ခန်းစာ ယူစရာ၊ မှတ်သားစရာ အဖြစ် ဖတ်ရှုရမည့် ပျောက်ကွယ်နေသော သမိုင်းဇာတ်လမ်း တစ်ခုဟု ဆိုနိုင်မည် ထင်သည်။ 

သီပေါမင်း ပါတော်မမူခင် အခြေအနေများ၊ သီပေါမင်း ရတနာဂီရိတွင် နေထိုင်စဉ် အဖြစ်အပျက်များ၊ စုဘုရားလတ် အကြောင်း၊ ဆင်ဖြုမရှင်နှင့် မန္တလေး နန်းတွင်း အရှုပ်တော်ပုံများ၊ သီပေါမင်း၏ သမီးတော်များ အကြောင်း စသည်တို့ကို နိုင်ငံခြားသား စာရေးဆရာ တစ်ယောက်၏ အမြင်ဖြင့် ရေးသားထားသည့်အတွက် အရသာတစ်မျိုး ပေးစွမ်းနိုင်သော စာအုပ်ဖြစ်သည်။ အားလုံးက ဖူးဖူးမှုတ်ထားသော လက်အုပ်ချီမိုး ရှိခိုးကန်တော့ရသော မင်းတစ်ပါး၏ အိမ်နိမ့်စံ ဘဝအကြောင်းကို အသေးစိတ် ဖတ်ရှုရသလို၊ ရင်နင့်စရာ သမီးအကြီး၏ ဇာတ်လမ်း၊ အခြား သမီးတော်များ၏ အဖြစ်အပျက်များ စသည်ဖြင့် ပြည့်ပြည့်စုံစုံ ဖတ်ရှုရသော စာအုပ်ဖြစ်ပါသည်။ 

ကျွန်တော် စိတ်ဝင်စားမိသော အဖြစ်အပျက်တစ်ခုမှာ စုဘုရားလတ်နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံသည့် အပိုင်းများ ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး မျိုးဆက်တစ်ခုတွင် အရေးပါလှသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် စုဘုရားလတ်တို့၏ အချိတ်အဆက်သည် ကျွန်တော့်အတွက် တွေးစရာ အပုံအပင် ကျန်ရစ်ခဲ့သော စာအုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါသည်။ 

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

သမိုင်းအတွေး_သမိုင်းအရေး

တင်နိုင်တိုး