◾️ ရေှ့ နှစ်လှမ်းတိုး ၊ နောက် တစ်လှမ်းဆုတ်
စာညွွန်း / နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊ ဝင်းငြိမ်း။
စာပေနယ်ထဲ ခြေတစ်လှမ်းတိုးမိလာလေလေ၊ စာရေးခြင်းအလုပ်နှင့် စာရေးဆရာများ၏ ဘဝကို ပို၍ စိတ်ဝင် စားလေလေဖြစ်လာသည်။ သည်လိုဖြစ်သည်မှာ၊ စာရေးဆရာတိုင်းလိုလို ကြုံရသည်လား မပြောတတ်။ စာပေ နယ်ထဲ ခြေတစ်လှမ်း လှမ်းထားသည့် ကျနော့်အဖို့၊ ‘စာ’ ဆိုသည့် စကားလုံးက အချိန်တိုင်းလွွမ်းမိုးနေတတ် သည်။
ဆရာဝင်းငြိမ်း၏ ‘နှစ်ကြောင်းရေး တစ်ကြောင်းခြစ်’ ဆိုသည်နှင့် စိတ်ဝင်စားသွားသည်။ နှစ်ကြောင်းရေး၊ တစ်ကြောင်းခြစ်။ ဆရာကျော်ဝင်း ဟောပြောချက် တစ်ခု နားထောင်ဖူးသည်။ “Two Step Forward, One Step Backward!” ကို အဲသည်မှာ ကြားဖူးသည်။ ပါမောက္ခ ဟန်တင်တန် ပြောသည့်စကားလုံးဖြစ်မည် ထင်သည်။ မသေချာ။ မှားနိုင်ပါသည်။ ဒီမိုကရေစီ ခြေလှမ်းကို ပမာပြု၍ ပြောခြင်းဖြစ်သည်။ ရေှ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်….။ ဘာပဲပြောပြော တိုးတက်မွုဟု ဆိုသည်။ ထားတော့။ စကားလုံး နှစ်ခု ခပ်ဆင်ဆင်။
နှစ်ကြောင်းရေး၊ တစ်ကြောင်းခြစ်နှင့် ရေှ့နှစ်လှမ်းတိုး၊ နောက် တစ်လှမ်းဆုတ်… ဘာကွာပါသနည်း။ စာရေး ဆရာတစ်ယောက်သည် ကလောင်ကို မြဲမြဲ ကိုင်ခဲ့ရပါလိမ့်မည်။ ရေးရင်း ကလောင်လွတ်ကျ၍ မဖြစ်။ နာနာရေး၊ ဖိရေး၊ အမြဲရေး၊ ဖင်မြဲအောင်ရေး၊ တရစပ်ရေး၊ ရှာကြံပြီးရေး၊ တစိုက်မတ်မတ်ရေး၊ ရေးရေးရေး….။
◾️ပေဖူးလွွာမှ စ,
ဆရာဝင်းငြိမ်း၏ စာအုပ်သည် ယခင်က ကျနော်နှင့် မဆိုင်။ အခုတော့ ဆိုင်လာပြီ။ အကြောင်းမှာ ကျနော် စာရေးနေပြီဖြစ်သောကြောင့် ဖြစ်သည်။ ဝတ္ထုရေးခြင်း အကြောင်းများကို ရေးပြထားသည့်တိုင်၊ စာရေးဆရာ ဘဝ အစချီလာခြင်း အကြောင်းရပ်များ ပါဝင်နေသည်။ ကျနော် မွွေနေှာက်ဖတ်ကြည့်မိသည်။ မာတိကာကို လှန် ၍ စိတ်ဝင်စားသည့် အပုဒ်များကို အရင်ဖောက်ဖတ်လိုက်သည်။ စာရေးခြင်း နည်းနာတချို့ရသွားသည်။ ေဩာ်… သူတို့က ဒီလိုကိုး… ဟု မှတ်ချက်ချမိသည်။ ကျနော့်အတွက် လေ့လာစရာ ရသည်။
ဆရာဝင်းငြိမ်း၏ ပေဖူးလွွာ အင်တာဗျူးများကို စွဲလမ်းလိုက်ကတည်းက၊ နောက်လည်း ထပ်စိတ်ဝင်စားသွား ပြန်သည်။ ဝင်းငြိမ်းက စာရေးချင်သူများသို့ အမှာစာ ဆိုပြီး တပ်သည်။ သူ့စာအုပ်သည် ဝတ္ထုရေးချင်သူများနှင့် ပို၍ သက်ဆိုင်သည်။ ကျနော်နှင့် မသက်ဆိုင်။ သို့နှင့်တိုင် ကျနော် စိတ်ဝင်စားသည်။ စာရေးခြင်းသည် တူသည် မဟုတ်လား။ ဝတ္ထုပဲရေးရေး၊ ရသပဲရေးရေး၊ သုတပဲရေးရေး၊ ဘာသာပြန်ပဲရေးရေး… စာရေးနေသူသည် စာရေး ခြင်းအကြောင်းကို စိတ်ဝင်စားသည်။ စိတ်ဝင်စားရမည်။ ဝတ္ထုများကို စွဲစွဲလမ်းလမ်း မဖတ်စေကာမူ၊ တချို့ တလေကို ဖတ်ဖူးပါသည်။ ဝတ္ထုတို တချို့ကိုလည်း ကွန်ပြူတာထဲမှ ထုတ်ထုတ်ဖတ်လေ့ရိှသည်။ သိပ်များများ စားစား ကျနော် မဖတ်ဖြစ်ပါ။ ဝတ္ထုရေးခြင်းအကြောင်းတွေကို နားလည်တော့ ဘာအကျိုးရိှမည်နည်း။
ရိှပါသည်။ ကျနော် လက်တွေ့ ခံစားလိုက်ရသည်။ ဝင်းငြိမ်းက ရွွေအမြုတေမှာ ရေးသော ဆောင်းပါးများကို စု စည်းဖော်ပြထားသည်။ ဘာသာပြန်သဘောဖြစ်ပေမယ့်၊ ဖတ်လို့ ကောင်းသည်။ အတောင့်တိုက် ဘာသာပြန် ခြင်း၊ လုံးကောက်ဘာသာပြန်ခြင်းမျိုးတော့ မဟုတ်ဟု ထင်သည်။ မူရင်းအနှစ်သာရကို တည်၍ ရေးထားသည် ကိုတွေ့ရသည်။ အမေရိကန်ပြန်ကြားရေးဌာနက ရသည့် Writer မဂ္ဂဇင်းက စာများဟု ဝန်ခံထားသည်။ သူတို့ နိုင်ငံက စာရေးဆရာတွေ ဘယ်လိုရေးသလဲ၊ ဘယ်လို ဖြတ်သန်းကြသလဲ လေ့လာရသည်။ စာဖတ်ရင်း စာရေး ဆရာတစ်ယောက်၏ အငွေ့အသက်ကို ရနေသည်။ စာရေးဆရာတစ်ယောက်၏ နေ့စဉ် ဖြတ်သန်းမွု ဘဝကို တွေ့ရသလို၊ သူဖြတ်သန်းခဲ့သော စာပေလမ်းကြောင်း၊ သူယူဆသော စာရေးနည်း ပုံစံ၊ ဟန်ပန်၊ သူသဘော ထားသော ဝတ္ထုရေးနည်း ဗျူဟာ တို့ကို လေ့လာရသည်။
◾️စာရေးချင်သူများသို့
ဝင်းငြိမ်းက စာရေးချင်သူများ သို့ အမှာစာ ဆိုပြီး အမှာစာခေါင်းစီးကို တပ်ထားသည်။ စာရေးချင်သည့် လူငယ် များကို အဓိကညွွန််းသည့် သဘောဖြစ်သည်။ စာပေမျိုးဆက်ကို မေှျာ်လင့်သည့်သဘော။ စာရေးခြင်းအထုံကို လက်ဆင့်ကမ်းချင်သည့်သဘော။ တက်လူ စာရေးဆရာများကို ခင်းပေး၊ ကျင်းပေးသည့် သဘော။ စာရေးဆရာ ဖြစ်ချင်သူ တစ်ယောက်အဖို့၊ စာပေသင်တန်း သီးသန့် ရိှမည် မထင်ပါ။ ရိှလှျင်လည်း စာရေးဆရာ ဖြစ်အောင်လုပ်ပေးနိုင်မည် မထင်ပါ။ စာရေးနည်းလမ်းညွွန်ဆိုပြီး ရုံးစာရေးနည်းမျိုး ရိှပါသည်။ စာကို ဘယ်လို ရေးမလဲဆိုတာ လမ်းညွွန်ပြသသည့် စာအုပ် တချို့တွေ့ဖူးပါသည်။ စာရေးနည်း စာအုပ်များက စာရေးဆရာ ဖြစ်ရန် မ,စ နိုင်မည် မထင်ပါ။ သို့သော် ဝင်းငြိမ်း စာအုပ်က ဤသို့ မဟုတ်။ စာရေးနည်း လက်စွဲ မဟုတ်။ စာရေးနည်း လမ်းညွွန် မဟုတ်။ စာရေးဆရာတို့ ရေးပုံပြုပုံ၊ သူတို့ နည်းနာ၊ သူတို့ ယူဆချက်အနက်များကို ရေး ခြင်းဖြစ်ပါသည်။
စာရေးဆရာ ဖြစ်ချင်သူအဖို့၊ စာရေးဆရာဖြစ်ပြီးနေသူတွေ ဘယ်လို ပြုမူလုပ်ကိုင်ကြသလဲ ဆိုတာ သိလိုက်ခြင်း သည် အကျိုးကျေးဇူးကောင်းဖြစ်ပါလိမ့်မည်။ ဝတ္ထုကောင်းတစ်ပုဒ်ကို ဘယ်လိုရေးဟု အကြံပေးလို့ ရကောင်း ပါလိမ့်မည်။ သို့သော် ကံကူလက်လှည့်ဆရာလို လုပ်ကောင်း၍ အရာ မဟုတ်။ ဘာတွေက ဘယ်လိုရိှတယ် ဆိုတာကို ပြတာပဲ ကောင်းလိမ့်မည်။ ဤအင်္ဂါရပ်ကို ဆရာဝင်းငြိမ်း စာမှာ တွေ့ရပါသည်။ ပုံသေယူထားသော ဝတ္ထုရေးနည်းများကို လက်တွေ့ရေးသူများက ချိုးဖျက်ထားပုံကို တင်ပြထားသည်။ လွတ်လပ်စွာ ရေးသားခြင်း နှင့် နည်းစနစ်ကျကျ ရေးသားခြင်း အကြားက သဘောတရားများကို တွေ့လိုက်ပါသည်။ စာရေးနည်းမှာ ပုံသေ မရိှ။ သို့သော် သဘောတရား ဆိုတာတော့ ရိှသည်။ နည်းကို ပုံသေ မယူရ။ သဘောတရားကိုတော့ ညက်ညက် ကြေအောင် သိထားသင့်သည်။ ဤအချက်ကို ဆရာဝင်းငြိမ်း စာများမှာ တွေ့ရသည်။ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်…..။ ကျနော့်စာများသည်လည်း ဘယ်နှစ်ကြောင်း ရေးခဲ့လို့၊ ဘယ်လောက် ပြန်ခြစ်ခဲ့ရသည် မသိတော့။ ဖိရေးလွန်းသော ကလောင်သွားတို့ ချွန်လာသလား၊ တုံးလာသလား မပြောတတ်။ ပြန်ဆန်းစစ်ရ ပေမည်။
◾️ပြန်လှည်စုစည်း
ကျနော် ငယ်ငယ်က လစဉ်ထုတ် မဂ္ဂဇင်းများနှင့် မနီးစပ်ခဲ့။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်လောက်က ခေတ် စားခဲ့သော မဂ္ဂဇင်းများမှ၊ ကောင်းနိုးရာရာ ဆောင်းပါး စာမူများ စာအုပ်အဖြစ် ပြန်ထုတ်ဝေမှ ဖတ်ခွင့်ရသည်။ ကျနော်ငယ်ငယ်က စာနှင့်ပေနှင့် နီးစပ်သော ပတ်ဝန်းကျင်တွင် မရိှခဲ့။ ဝင်းငြိမ်း၏ နှစ်ကြောင်းရေး တစ်ကြောင်း ခြစ်ခဲ့သော စာမူများမှာ ၁၉၉၂ / ၉၃ လောက်က ရေးခဲ့သည်များဖြစ်သည်။ နောက်ထပ်တိုး ဖြည့်စွက်ထားသည် များက ၂၀၀၉၊ ၂၀၁၀ လောက်က စာမူများဖြစ်သည်။ စာမူကောင်းများ ပျံ့ကျဲနေလှျင် သိပ်အလုပ်မဖြစ်။ အသုံး မတည့်။ အခုလို စုစုစည်းစည်း ထုတ်ဝေလိုက်မှ လုံးခနဲ၊ ခဲခနဲ အကျိုးရိှသည်။ ဖတ်ချင်သူ၊ အသုံးပြုမည့်သူ၊ သက်ဆိုင်သူလက်ထဲမှာ ပုံနှိပ်စာအုပ်အနေနဲ့ ဆုပ်ဆုပ်ကိုင်ကိုင်၊ စုစုစည်းစည်း ဖတ်ရတာလောက် အကျိုးဖြစ် တာ မရိှ။
ဝတ္ထုများကို ဖတ်လေ့မရိှသော ကျနော်မှာ ဝတ္ထုသဘောတရားကို မသိ။ ဝတ္ထုသဘောတရားကို မှန်းဆန်း မမိသူ က ဝတ္ထုတွေအပေါ် အကဲမဖြတ်တတ်။ ထို့နောက် မခံစားတတ်။ ကျနော့်မှာ စာပေကျိန်စာသင့်ထားသည်လား မပြောတတ်။ ရသဝတ္ထုများကို ကြာရှည်စွာ ကျနော် ဖတ်လို့မရ။ ကျနော့် ဘဝမှာ၊ ဝတ္ထုတစ်အုပ်ကို အပြီးထိ တစ်ထိုင်တည်း မဖတ်ဖူးခဲ့။ ဖတ်လို့ မရခြင်းကြောင့် ဖြစ်ပါသည်။ ဝတ္ထုမကောင်း၍ မဟုတ်ပါ။ ကျနော့် အာရုံကျမွု မှာ ထိုဘက်မှာ ရိှမနေ။ တခြားဘက်မှာသာ ကျက်စားလိုသည် ထင်သည်။ ယခုတော့ အဆင့်တက်လာသည်။ ကျနော် ကံကောင်းသည်ဟု ထင်သည်။
◾️ပြန်ဖတ်ဖြစ်
နှစ်ကြောင်းရေး တစ်ကြောင်းခြစ်မှ ဝတ္ထုသဘောတရား တချို့ကို နားလည်လိုက်ရသည်။ ဝင်းငြိမ်း၏ စာရေး ဆရာများနှင့် အင်တာဗျူး စာအုပ်ထဲမှလည်း သူတို့ ပြောသော ကဗျာ၊ ဝတ္ထုသဘောတရားတချို့ကို ဖတ်မိခဲ့ သည်။ ထို့ကြောင့် ဝတ္ထုကို ကျနော် အာရုံကျမိသည်။ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် စာများကို ဖတ်ရင်း၊ ဂျူး ၏ ‘ကြာတော့သည်လည်း မောင့်စကား’ ဝတ္ထုကို ကောက်ကိုင်မိသည်။ နည်းနည်း စွဲသွားသည်။ ဂျူး၏ ဝတ္ထုရေး ပုံကို အကဲခတ်မိသည်။ စာရေးသူ အချင်းချင်းသိလေ့ရိှသည့် အမြင်မျိုး ရသည်။ ထို့နောက် မဖတ်ဖြစ်တာ ကြာ သော ‘ရေမျောသီး’ ဝတ္ထုတိုလေးကို ပြန်ဖတ်သည်။ စာရေးဆရာသည် ဘယ်လိုစိတ်နှင့် သည်လို စာမျိုးကို ရေးခဲ့သလဲ ဆိုတာ မှန်းဆမိသည်။ ဝတ္ထုသဘောတရားကို နားလည်လို့ ဤသဘောကို ဖမ်းမိလိုက်သည် ထင်သည်။ ထို့နောက် ‘မြရဲ့လ’။ ဂျူး၏ လက်ကို စွဲသွားသည်။ တက်သစ်စ ကလောင်ဘဝက ဤသို့၊ ဤနှယ် အစွမ်းထက်ခဲ့ပါသကော…ဟု ချီးကျူးမိသည်။ ‘မြရဲ့လ’ ကိုတော့ ရသသဘောအရရော၊ ဝတ္ထုတို သဘောတရား အရရော ကောင်းကောင်းရခဲ့သည်။
ထို့နောက် ကွန်ပြူတာထဲ သိမ်းထားတာ ကြာပြီဖြစ်တဲ့ စာရေးဆရာများ၏ စာအုပ်များကို ကောက်လှန်ကြည့် သည်။ သိန်းဖေမြင့် စုစည်းမွုများထဲတွင် ဝင်လိုက်သည်။ ‘ရေနံ’ ဝတ္ထုတိုလေးကို တွေ့သည်။ ချက်ချင်း ဖတ်ပစ် လိုက်သည်။ သိန်းဖေမြင့်၏ ရေးဟန်ကို အလိုလို နားလည်သွားသည်။ ဝတ္ထုတိုဆိုတာ သည်လို၊ သည်လို ရေးရ ပါပကော… ဟု နားလည်လိုက်ပြန်သည်။ အလိုလေး…။ ဝတ္ထုမဖတ်ဖြစ်သည့် ကျနော့် အခု ဝတ္ထုတိုတွေ မြည်း တတ်နေပါပြီကော။
ဤအခြင်းအရာများသည် စာရေးသက်ပေါက်စ ချာတိတ်တစ်ယောက်က၊ ဝတ္ထုရေးနည်းများကို စပ်ဟပ်လေ့ လာကြည့်နေသည့် ဖြစ်စဉ် ဖြစ်ပါသည်။ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်…ကြောင့် ခံတွင်း မတွေ့သော ဝတ္ထု များကို ပြန်လှန်ကြည့်နေတတ်ပြီ။ ရေးမည် မဟုတ်ဟု ဆုံးဖြတ်ထားသော ရသဝတ္ထုများကို ရေးတတ်ချင်လာ သည်။ ဇာတ်အိမ်အဖွဲ့အနွဲ့နှင့် ဇာတ်ကောင်၊ စရိုက်များ အကြောင်း စိတ်ကူးယဉ်ကြည့်နေမိသည်။
ရသဝတ္ထုတချို့ကို နှစ်ကြောင်းရေးလိုက်၊ တစ်ကြောင်းခြစ်လိုက်ဖြင့် တစ်ပုဒ်ပြီးအောင် ကျနော် ရေးဖြစ်လိမ့် မည် ထင်ပါသည်။ ရေှ့နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်ရင်း ကြာလာတော့ ခရီးပေါက်သွားမည် ထင်ပါသည်။
#မင်းသေ့
ညနေ ၅ း ၃၉
၆ ၊ ဇန်နဝါရီလ ၊ ၂၀၁၉ ။
◾️မှတ်စုများ
၁။ စာစရေးမယ်ဆိုရင် စာကြမ်းကို စရေးရမယ်။ ပြန်ဖတ်ကြည့်ပြီး မလိုအပ်ဘဲ ဖောင်းပွနေတာကို ခြစ်ထုတ်ရပါ မယ်။ ပြီးတော့ တစ်ကြိမ်ပြန်ကူး။ ကူးပြီးသားကို ပြန်ဖတ်ကြည့်၊ နောက်ထပ် မလိုအပ်တာတွေ့လာရင် ဒုတိယ အကြိမ် စိစစ်ရပြန်ပါတယ်။ ဒါ့ကြောင့် စာပေဆောင်းပါးများရဲ့ စုစည်းမွုကို နှစ်ကြောင်းရေး တစ်ကြောင်းခြစ် လို့ ခေါင်းစဉ်တပ်လိုက်ခြင်းပါ။
၂။ ဘယ်လိုပုံစံနဲ့ စမယ် ဆိုတာက အကြောင်း မဟုတ်ပါဘူး။ ကိုယ်စလိုက်တဲ့ စာပိုဒ်မှာ စတိုင်(လ်) ရိှရမယ်။ စာဖတ်တဲ့သူကို စိတ်လှုပ်ရှားလာအောင် နှုိးဆွပေးနိုင်ရမယ်။ စကားလုံးပေါင်း ငါးသောင်းလောက်နဲ့ ရေးတဲ့ ဝတ္ထုမျိုးတွေတောင်မှ ပထမဆုံးစာပိုဒ်ဟာ ပန်းချီဆရာတစ်ယောက် ပတ္တူစပေါ်မှာ ပန်းချီစရေးရင် စုတ်ချက် ကြမ်းကြမ်း တစ်ချက် ဆွဲပစ်လိုက်သလို၊ စာဖတ်သူရဲ့ အာရုံကို ဆွဲဆောင်နိုင်လောက်မယ့် စာပိုဒ်နဲ့ စရပါတယ်။
၃။ သိပ်ချစ်ကြည်နူးကြတဲ့အခါမျိုးမှာ လူတွေက စကားနည်းနည်းပဲ ပြောတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အများ ကြီးတာသွားတယ်။ ဒီအခါမျိုးမှာ အပြက အပြောထက် အများကြီးထိရောက်တယ်။ ပါးစပ်က ဖွင့်မပြောဘဲ စိတ်ထဲကသာ ပြောနေကြတာမျိုးပေါ့။ တစ်ခါတလေမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာမှကို မပြောကြဘူး။ ဒါကြောင့် စကားပြောနဲ့ ပတ်သက်ပြီး ထိရောက်စေတဲ့ တတိယဥပဒေက ရင်တွင်းခံစားမွု ပြင်းထန်လေ၊ ခံစားရတဲ့သူမှာ စကားနည်းသွားလေပဲ။
၄။ စကားပြောအနုပညာက ကိုယ့်ဇာတ်ကောင်တွေကို ထိုးသွင်းမြင်နိုင်ခြင်းပဲ။ ပထမ ဇာတ်ကောင်တွေကို ရှာ ဖွေတွေ့ရိှမယ်။ ဒုတိယအဆင့်က သူတို့ကို ဖော်ပြပေးမယ်။ နောက်ဆုံးအဆင့်က သူတို့ရင်ထဲ အနက်ရွိုင်းဆုံးမှာ ရိှတဲ့ ခံစားချက်တွေကို စာရေးသူက ‘စကားပြော’ က တစ်ဆင့် စာဖတ်သူ သိလာအောင် ဖော်ထုတ်ပေးခြင်းပါ ပဲ။
၅။ ဇာတ်ကောင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တုံ့ပြန်မွုရိှရပါမယ်။ စကားပြောဆိုတာ ဇာတ်ကောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ စာရေးသူက သတိထား ရမယ်။
၆။ ဝတ္ထုတစ်ပုဒ်ရေးတယ်ဆိုရင် အနည်းနဲ့အများဆိုသလို ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အဖြစ်အပျက် တစ်စိတ် တစ်ဒေသကိုတော့ ကိုယ့်ဝတ္ထုထဲမှာ ထည့်ရေးတတ်ကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကိုယ့်ဘဝမှာ အမှတ်တရ ရရိှခဲ့တာတွေကို ဘယ်အတိုင်းအတာအထိ ထည့်ရေးမလဲ။ ဘယ်သူ့ခံစားချက်နဲ့ ရေးရမလဲ။
ရ။ စာရေးဆရာရဲ့ အလုပ်က မှတ်မိတာတွေကို ချရေးဖို့ မဟုတ်ဘူး။ မှတ်မိတာတွေထဲက အချို့ကိုသာ အလျဉ်း သင့်သလို ထုတ်နုတ်သုံးစွဲသွားဖို့ပဲ။
၈။ ကျွန်တော့် စားပွဲပေါ်မှာ စာရေးဖို့ ကြိုးစားနေတဲ့ လူငယ်တွေရဲ့ စာမူတွေ ဖတ်ရတယ်။ တချို့က ‘ကိုယ်တွေ့ အဖြစ်အပျက်’ လို့ ဆိုကြတယ်။ ဒါပေမယ့် ဝတ္ထုကောင်း မဟုတ်ဘူး။ ဘာ့ကြောင့် မကောင်းသလဲဆိုတာ….
၉။ ဇာတ်ကောင်စရိုက်ကို တည်ဆောက်တဲ့နေရာမှာ နည်းလမ်း လေးမျိုးရိှတယ်။ ပုံပန်းသဏ္ဍာန်၊ စကားပြော၊ လှုပ်ရှားမွုနဲ့ ကိုယ့်လက်တွေ့ဘဝထဲက လူတွေရဲ့ အမူအကျင့် ကို ပေါင်းစပ်ပေးခြင်းပါပဲ။
၁၀။ ဝတ္ထုဆိုတာ ဘာလဲ။ မုသားများနဲ့ သီကုံးထားတဲ့ အမှတ်တရ အဖြစ်အပျက် တစ်ခုလို့ ကျွန်မ ဆိုချင် ပါတယ်။