စာအုပ်အမည် - စာစီစာကုံးရေးရအောင်
ဤစာအုပ်သည် မြန်မာစာပြဆရာမတစ်ဦး၏ စာစီစာကုံး ရေးရန်အတွက် တွေးပုံတွေးနည်း၊ ရေးပုံရေးနည်းတို့ကို ရိုးရှင်းလှပစွာ နည်းပေးလမ်းပြထားသည့် စာအုပ်ဖြစ်သည်။ အလိမ္မာကလေးမဂ္ဂဇင်းတွင် လပေါင်းများစွာ ဖော်ပြခဲ့သော စာစီစာကုံးရေးနည်းများကို စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်၏။ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အားလုံး လေ့လာသင် ယူနိုင်သော စာအုပ်လည်း ဖြစ်ပါသည်။
Publisher Name: Mr. book publishing house