Book Image

လိုင်​း​နောင်​နာဂပုံပြင်​များ

လူထုဦးလှ

လူထုဦးလှ

လိုင်​း​နောင်​နာဂပုံပြင်​များ
လူထုကြီးပွား​ရေးစာအုပ်​တိုက်​ ၊
ဒုတိယအကြိမ်​ ၊ ၂၀၁၇ ခုနှစ်​ ၊ နိုဝင်​ဘာလ ။
( ပထမအကြိမ်​ ၊ ၁၉၇၁ ခုနှစ်​ ၊ ဧပြီလ )
မျက်​နှာဖုံးနှင်​့အတွင်​းပန်​းချီ - ဝင်​း​မောင်​ ။
၁၂.၉ စင်​တီမီတာ x ၁၉.၁ စင်​တီမီတာ ။
စာမျက်​နှာ - ၂၂၀ ၊ တန်​ဖိုး - ၂၀၀၀ ကျပ်​ ။

လူထုဦးလှ၏ ( ၁၉၊၄၊၇၁ ) ရက်​စွဲဖြင်​့​ရေးသားခဲ့သော ​ကျေးဇူးစကားနှင်​့ ( ၁၀၊၄၊၇၁ ) ရက်​စွဲဖြင်​့​ရေးသားခဲ့ သော မိတ်​ဆက်​ တို့ပါရှိပြီး လိုင်​း​နောင်​နာဂပုံပြင်​​ပေါင်​း ၃၄ ပုဒ်​ ပါရှိသည်​။

'' ဒီစာအုပ်​ထဲမှာပါတဲ့ ပုံပြင်​​တွေကိုဖတ်​ရတဲ့အခါ လမ်​း ပန်​းအဆက်​အသွယ်​မ​ကောင်​းလို့ ကျွန်​​တော်​တို့နဲ့ အလှမ်​း​ဝေး​နေကြတဲ့ နာဂ​သွေးချင်​းသားချင်​းများ စိတ်​ကူး​ကောင်​းပုံ၊ အ​တွေ့အကြုံများအရ ဖန်​တီးတတ်​ပုံမျိုး စုံကို ​တွေ့ကြရပါလိမ်​့မယ်​''ဟု လူထုဦးလှ၏မိတ်​ဆက်​၌​ဖော်​ပြထားသည်​။


ဤစာအုပ်​တွင်​​ဖော်​ပြထား​သော လိုင်​း​နောင်​နာဂပုံပြင်​များမှာ '' မ​သေတဲ့ နာဂအနွယ်​ ၊ ဝမ်​​မောင်​း ယုတ်​လှ ယုတ်​လာ ( မီးထဲဖုတ်​ပါ့ ဖုတ်​ပါ )၊ကမ ်ဘာအဆုံးကိုရှာသူ ၊ ကမ်​တူးအား​တောဘူး ( လူကြွားကြီး ) ၊ အလိညူ​ခေါင်​​ချောက်​ဝမ်​း ၊ ​ဖောင်​ကျွဲ ( ​ဗေဒင်​စုတ်​ ) ၊ နာဂ​တွေကိုင်​တဲ့ လှံ ၊ ဝက်​မြင်​မှ​ဗေဒင်​​ဟောတာလား ၊ အီနူးနဲ့ခါးနူး ၊ ကျားကိုလိမ်​တဲ့လူ ၊ အ​မြှောက်​​ကောင်​းတဲ့​မြေ​ခွေး ၊ ကုကြုတ်​ခိုက်​ထား​ဒေါင်​ ၊ ကျားကလူစကားနားလည်​သလား ၊ စကားတစ်​ခွန်​းအ​ပြောမှားလို့ ၊ ​ယောက်​​ဆွေ သန်​း ၊ ​ရေကို​သွေးလို့မြင်​တဲ့စွန်​ငှက်​ ၊ ကတိ​တောင်​းမှား ခဲ့သူ ၊ နာဂလူနာ​တွေ ဘာ့​ကြောင်​့ တိရစ ၦာန်​​သွေးအစိမ်​း​သောက်​သလဲ ၊ ​မြေငလျင်​လှုပ်​ရတဲ့အ​ကြောင်​း ၊ ဝက်​နဲ့​ခွေး ၊ ဇီးကွက်​ပညာရှိ ၊ ဘာ့​ကြောင်​့​ခွေးမှာချိုမရှိသလဲ ၊ ဉာဏ်​​မြေကတုတ်​ ၊ ကွဲသွားတဲ့ညီအစ်​ကို ၊ လျှို့ဝှက်​စ ကား ၊ ဖား​တွေ ဘာ့​ကြောင်​့ခါးကုန်​းရသလဲ ၊ ဉာဏ်​ကြီး ရှင်​သုံး​ယောက်​ ၊ ထိပ်​ပြားရတဲ့ဇီးကွက်​ ၊ သတွတ်​ပင်​ဘာ​ကြောင်​့ကိုင်​းရတယ်​ ၊ အတုံ့အလှည်​့ ၊ ​နော်​​လော်​​ကျောက်​တုံး ၊ ခိုင်​ဖီး​အောက်​တွန်​း ၊ မုဆိုးအိုနဲ့​မြေ​ခွေး များ နှင်​့ ဉာဏ်​များတဲ့ ဖလတက်​ ''စသည်​တို့ ဖြစ်​သည်​။


လိုင်​း​နောင်​နာဂတိုင်​းရင်​းသားတို့၏ လငပုပ်​ဖမ်​းခြင်​း အား ''အလိညူ​ခေါင်​​ချောက်​ဝမ်​း'' ​ခေါ် လကို ကျားက စားသည်​ဟူ​သောအယူအဆ၊''​ဖောင်​ကျွဲ''ဟု​ခေါ်တွင်​သည်​့ ဖက်​ရွက်​​ဗေဒင်​​ဟောခြင်​းဓ​လေ့၊ ''ကုကြုတ်​ခိုက်​ထား​ဒေါင်​''​ခေါ် အမျိုးသမီး များပါးရဲထိုးခြင်​းဓ​လေ့၊ ငလျင်​လှုပ်​ချိန်​၌ ''တုတ်​ထန်​''​ခေါ် တုံးကြီးအား​ခေါက်​ကြပုံတို့အပြင်​ ၎င်းတို့နိစ္စဓူဝဖြတ်​သန်​း​နေကြရသည်​့ လုပ်​ငန်​း​ဆောင်​တာများ၊လူမှုဆက်​ဆံ​ရေးများနှင်​့ ထိ​တွေ့​နေရသည်​့ တိရစ ၦာန်​တို့အ​ပေါ်အ​ခြေခံသည်​့ ရိုးရာ ပုံပြင်​များပါရှိသည်​။

ရိုးရာပုံပြင်​များကို စိတ်​ဝင်​တစားရှိကြ​သော စာဖတ်​ပရိ သတ်​တို့အကြိုက်​​တွေ့မည်​့ပုံပြင်​များဖြစ်​ရာ မိမိတို့မျိုး ဆက်​သစ်​များ အတွက်​လက်​ဆင်​့ကမ်​း​ပေးသင်​့သည့် ပုံပြင်​များဟု ယူဆမိပါသည်​။

မမသ
၁၂ ၊ ​မေ ၊ ၂၀၁၈


Publisher Name: လူထုကြီးပွား​ရေးစာအုပ်​တိုက်


Related Books

Book Review Image

ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှု ဓလေ့များ အတွဲ (၁+၂)

. ဆင်ဖြူကျွန်းအောင်သိန်း
Book Review Image

ဟော့ဂ်ဝပ်မှော်ကျောင်းတော်၏ စာကြည့်တိုက်မှတ်တမ်း

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ပွဲဦးထွက်စာပေဆောင်းပါးများ

အောင်သင်း
Book Review Image

ဆယ့်နှစ်လရာသီ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ကျောင်းဆရာ မှတ်တမ်း

တင်ညွှန့်
Book Review Image

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊

ဝင်းငြိမ်း
Book Review Image

ဘာသာစကားစစ်တမ်း

​မောင်​ထင်​
Book Review Image

စည်းနဲ့ကမ်းနဲ့မြန်မာစာ

ဒေါက်တာထွန်းတင့်
Book Review Image

စာစီစာကုံး ရေးရအောင် (သို့) စာစီစာကုံးစာအုပ်ထက် ပိုသော စာအုပ်တစ်အုပ်

မြန်မာစာပြဆရာမတစ်ဦး