Book Image

ကျောင်းဆရာ မှတ်တမ်း

တင်ညွှန့်

တင်ညွှန့်

    (ကျောင်းဆရာ မှတ်တမ်း)
၂၀၁၇ခုနှစ်အတွက် အမျိုးသားစာပေဆု(စာပဒေသာဆုရ)စာအုပ်
ပုံနှိပ်ခြင်း:၂၀၁၈ခုနှစ်၊နိုဝင်ဘာလ(ဒုတိယအကြိမ်)
တန်ဖိုး:၆၀၀၀ကျပ်
စာမျက်နှာ:၄၉၉
မောက္ခစာအုပ်တိုက်


၂၀၁၇အတွက် အမျိုးသားစာပေဆုရတ့ဲ စာအုပ်လေးပါ 

ဆရာတင်ညွှန့် ရဲ့ကျောင်းဆရာမှတ်တမ်း စာအုပ်ဟာ အမှာစာစကားဖတ်ရုံန့ဲ လက်ကမချချင်အောင် ဆွဲဆောင်နိုင်တ့ဲစာအုပ်ကောင်းတအုပ်ပါ။
သူ့ ကျောင်းဆရာဘဝမှာ ကြုံတွေ့ခဲ့သမျှကို စိတ်ကူးပေါက်သလို ရေးထားခြင်းဖြစ်ပြီး မည်သည့်ဂျာနယ်၊မဂ္ဂဇင်းကိုမှလည်းမပို့ပဲ facebookပေါ်တွင်သာ တောက်လျှောက်ရေးတင်လာခ့ဲသော 
postတွေစုစည်းထားခြင်းပါတဲ့....
မောက္ခစာအုပ်တိုက်မှ တန်ဖိုး၆၀၀၀ကျပ်ဖြင့် ဒုတိယအကြိမ်ပြန်ထုတ်ဝေခြင်းဖြစ်ပါတယ် စာအုပ်ကောင်းလေးမို့ဖတ်စေချင်တ့ဲစေတနာန့ဲဝေမျှပေးတာပါ
 စာအုပ်ထဲပါတ့ဲ ကြိုက်မိတဲ့ စာပိုဒ်တိုလေးကို အမြည်းကူးယူတင်ပေးထားပါတယ်နော် ....

"မိုင်ဖားသားအစ် ခွေးနီ"

  ကျောင်းမှာ တခါတလေ ဆရာမလေးတွေန့ဲ သင်ကြားရေးအတွက်ပြောရတာ သဘောကျစရာတွေပါ။သူတို့က ငါဘွဲ့ရဆိုတ့ဲ မာန်လေးတွေန့ဲ ကျောင်းဆရာလာလုပ်ကြတာကိုး။ကျောင်းတွေမှာကလည်း မူလတန်းပြရာထူးတွေကို သင်တန်းအရင်မလွှတ်ပဲ လူအရင်လွှတ်လိုက်တော့ ပြဿနာလေးတွေ တွေရတာပေါ့။
   ကျောင်းကိုအသစ်ရောက်လာတ့ဲ ဆရာမလေးတွေကလည်း ရောက်လာတာန့ဲ လေးတန်း၊သုံးတန်းလောက်ကိုပဲ လုကြတာများတယ် ။သူငယ်တန်းဆိုရင် သင်ရကောင်းမှန်းမသိ၊တောင်းသင်တ့ဲသူတွေ တစ်ခါမှမတွေ့ဖူးဘူး။သူငယ်တန်းဆိုတာ ဆရာကြီးတွေအတွက် သီးခြား သတ်မှတ်ထားတ့ဲအတန်းလို့ ထင်နေကြပုံရတယ်။
    ဒါပေမ့ဲ ကျွန်တော်ကတော့ သူငယ်တန်းကို ကျောင်းဆရာဖြစ်ကတည်းက ဘဝန့ဲရင်းပြီး သင်ခွင့်ရခ့ဲတာကိုပဲ ဂုဏ်ယူနေမိတယ် ။
  ကျွန်တော် ကျောင်းဆရာဖြစ်စက ရွာကိုရောက်လာတော့ ဆရာကြီးက သူငယ်တန်းသွားသင်ဗျာဆိုပြီး လွှတ်လိုက်တယ် ။အမှန်တော့ အ့ဲဒါစာမေးပွဲစစ်လိုက်တာ။ကျောင်းဆရာဝင်ခွင့် စာမေးပွဲပေါ့။စိတ်ထဲလည်း ထောင်းခန့ဲတော့ ဖြစ်သွားမိတယ် ။ငါ့လိုဘွဲ့ရကိုများ သူငယ်တန်းသင်ခိုင်းရလားပေါ့။ဆရာကြီးကိုဘာသွားသင်ရမှာလဲ မေးလိုက်တော့ ကကြီး ခခွေး သွားသင်ပေးလိုက်ပါတ့ဲ။သူနည်နည်းပါးပါးတော့ သင်ပြီးပါပြီတ့ဲ။
   သူငယ်တန်း အတန်းထဲကို ဝင်လိုက်တော့ နှပ်တွဲလောင်း၊ဗိုက်ဟောင်းလောင်း၊ချက်ဖောင်းလေးတွေက မျက်စောင်းထိုးကြည့်ကြတယ်။ငါတို့ဆရာကြီးမဟုတ်ပါလားဆိုတ့ဲ သဘောမျိုး၊အထင်သေးသလိုမျိုးလေ။ကို်ယ်ကလဲ နည်းနည်းနှောနှောမှမဟုတ်တာ ဘွဲ့ရထားတာဆိုတော့ ဘလက်ဘုတ်ပေါ် မြေဖြူကို ဖောင်တိန်ကိုင်သလို ကိုင်ပြီးရေးလိုက်တော့ ထောက်ခန့ဲကျိုးသွားတာကို နောက်က ''ခိ'' လို့ရယ်သံကြားလိုက်ရတာကိုပဲ ဒေါသထွက်ပြီးလှည့်ကြည့်လိုက်မိသေးတယ်။
   ကကြီး ခခွေးသင်မယ်ဆိုတော့ ဗျည်းတွေကို ရေးရတော့တာပေါ့။အဲ့ဒီမှာ ပြဿနာက'ည' ရေးပြီးတော့ ဘာဆက်ရေးရမှန်း မသိတော့ဘူး။ဋ၊ဌ၊ဍ တွေကိုဘယ်ဘက်ကို ဘယ်လိုလှည့်ရေးရမှန်းမသိလို့ ချွေးပြန်တာ။အ့ဲဒီမှာ တခါတည်း စာမေးပွဲကျတော့တာ။ဘယ်နေရာကနေ ချောင်းကြည့်နေမှန်းမသိတ့ဲ ကျောင်းအုပ်ဆရာကြီးက ထွက်လာပြီး ''ဆရာ လေးတန်းဘက်ဝင်ပေးပါဦး၊ကျွန်တော်သင်လိုက်မယ်'' ဆိုပြီးတော့သာမကယ်ရင် ရှက်တာန့ဲထွက်ပြေးမိမယ် ထင်တာပဲ။အဲ့ဒီအချိန်ကတည်းက ငါဘွဲ့ရဆိုတ့ဲမာန် ကျောင်းကြမ်းပြင်ပေါ် ဖုတ်ခန့ဲပြုတ်ကျသွားတော့တာ။

   ကျွန်တော်တို့ အတန်းတင် စာမေးပွဲအတွက် အမှတ်တွေစစ်နေရာကနေ အတွေးလေးတွေ ရောက်သွားမိချိန်မှာ ဆရာမလေးတစ်ယောက်က 
  ''ဆရာကြီး ဒီကျောင်းသားက ဘာဖြေထားမှန်းလဲမသိဘူး။အင်္ဂလိပ်စာထဲကို မြန်မာစာတွေပါ ရောရေးထားတယ် ။ကျွန်မဘယ်လိုအမှတ်ပေးရမလဲ"တဲ့။
   သူလာပြတ့ဲ အဖြေစာရွက်ကိုယူကြည့်လို်က်တော့ ကျောင်းသားက
  "What is your father?"ဆိုတ့ဲ မေးခွန်းကို
  "My father is ခွေးနီ" လို့ဖြေထားတာ တွေရတယ်။ဒါန့ဲ ကျွန်တော်က ကျန်တ့ဲအဖြေစာရွက်တွေ ယူခ့ဲပါလို့ ပြောလိုက်တော့ ဆရာမလေးတွေ အဖြေလွှာတွေ အားလုံးယူလာပေးတယ်။သူ့ကျောင်းသားတွေအားလုံး My father is U Ba. လို့ဖြေထားကြပြီး အဲဒီလို ဖြေထားတာတွေ အားလုံးကိုလည်း အမှတ်ပေးထားတယ်။ဒါနဲ့ ကျွန်တော်က
  "ဆရာမ...ဘယ်လိုလုပ်ချင်သလဲ"လို့ မေးလိုက်တော့ ဆရာမလေးက
   "ဆရာကြီးကလည်း သင်ထားတ့ဲအတိုင်းမှ မဟုတ်တာ။ပြီးတော့ အင်္ဂလိပ်စာကို မြန်မာလို ဖြေထားသေးတယ်"
   "ဆရာမအတန်းထဲက ကျောင်းသားအားလုံးရ့ဲ အဖေတွေအမည်က ဦးဘလား"
   "ဟုတ်မယ် မထင်ပါဘူး"
  "ပြီးတော့ ဆရာမ သူတို်အဖေတွေရ့ဲ တစ်ဦးချင်းအမည်အလိုက် အင်္ဂလိပ်လို သင်ပေးဖူးလား"
  "မသင်ပေးမိဘူး ဆရာကြီး"
  "ဒီလိုကျောင်းသားမျိုး ဆရာမအခန်းထဲရှိတာ ဂုဏ်ယူသင့်တယ် ဆရာမ။ဂုဏ်ထူးတောင် ပေးသင့်သေးတယ် ။သူ့အဖေကို ခွေးနီလို့ကလွဲပြီး လက်မခံချင်တ့ဲ သူ့စိတ်ဓာတ်ကို လေးစားရမယ်။ သူ့ကိုအမှန်ပေးလိုက်ပါ ဆရာမ။ကျနေရင်တောင် အအောင်ပေးလိုက်ပါ။ကိုယ့်အဖေ ဦးဘ မဟုတ်မှန်း ထူးထူးခြားခြား ဆန့်ကျင်ရဲတ့ဲ ကျောင်းသားအတွက်ဘဂုဏ်ပြုလိုက်ကြရအောင်ပါ"
    ဆရာမလေးလည်း ကြောင်တောင်တောင်ဖြစ်ပြီး ရုံးခန်းထဲကထွက်သွားတယ် ။သူလည်း သူ့အဖေဟာ ဦးဘန့ဲပဲအောင်ပြီး ဘွဲ့ရလာခ့ဲပုံပေါ်တယ် ။
#Ohnmar Min
                     
တကယ့်အဖြစ်အပျက်တွေကို နှလုံးသားပေါ် ကလောင်တင်ပြီး စာမျက်နှာတွေပေါ်မှာ ပြန်ထပ်ဟပ်စေသောအခါ မြင်တွေ့မိသူအဖို့ နှလုံးလေဟပ် တလှပ်လှပ်ပင် ဖြစ်မိပါတယ် ဆရာ့ရဲ့ပြောင်မြောက်တဲ့အရေးအသားကတော့ လူကိုကျောင်းဆရာလုပ်ချင်စိတ်ပေါက်သွားအောင် ပြုစားသွားသလိုပါပဲ 
စာအုပ်ထဲမှာတော့ ဆရာတင်ညွှန့်ရဲ့ ကျောင်းဆရာဘဝ ပဲခူးရိုးမ တောထဲက ရွာလေးတစ်ရွာမှာ တာဝန်ကျရင်း တွေ့ကြုံခဲ့ရတာတွေကို မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ် 
ဆရာ့ရဲ့မှတ်တမ်းလေးထဲမှာ သူငယ်တန်းတောင်းမတက်တဲ့ သူ့သားကို အတန်းပြန်ချခိုင်းတဲ့ မိဘကိုလည်းတွေ့ဖူးလို်က်တယ် ၊ 1990 ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရလို့ ဝမ်းသာလုံးဆို့ပီး သေဆုံးသွားခဲ့ရတဲ့ ဆရာမြလိုလူကိုလည်းတွေ့လိုက်တယ် ၊ ကျောင်းနေချိန်မှာ ခိုးရာလိုက်ပြေးတဲ့ကျောင်းသား/သူကို ဆရာက ကြိမ်ကြေးတောင်းတဲ့ ဓလေ့ကိုလည်းတွေ့ရတယ် ၊ ကျောင်းလာတက်ပေမဲ့ ထမင်းမစားရတဲ့ဘဝလေးတွေက ဆရာ့ထမင်းချိုင်ကူဆေးပေးရင်း ထမင်းကျန်စားကြတဲ့ ဘဝလေးတွေကိုလည်း တွေ့လိုက်ရတယ် ၊ လူတန်းစားမခွဲခြားပဲ သုဘရာဇာအိမ်က ထမင်းကျွေးတာကို မြိန်ရေယှက်ရေ စားသောက်ခဲ့တဲ့ ဆရာတင်ညွှန့် ၊ မြေဖြူကိုင်ချင်ခဲ့တဲ့ ရှားရှားပါးပါး ဗိုလ်စစ်သား ခင်မောင်မြင့် ၊ အစရှိတဲ့ ဆောင်းပါးပေါင်းများစွာကို ရင်သပ်ရှုမောစွာဖြင့် ဖတ်ရှုခဲ့ရပါသည် ။ 
ကျေးလက်က ကလေးငယ်အများစုသည် ထမင်းနပ်မမှန်ပဲ ပညာသင်နေကြရပါသည် အတန်းပညာအနည်းငယ်တတ်လာသည့်အချိန်တွင် မိသားစု ဝမ်းရေးကြောင့် ပညာကိုဆက်လက်သင်ကြားနိုင်ခြင်းမရှိပဲ တောထဲဝင်၍ ဝါးခုတ်ခြင်း အမဲလိုက်ခြင်း အစရှိတဲ့ ကြုံရာကြပန်းအလုပ်များကိုသာ လုပ်ကိုင်ကြရပေတော့သည်ကို ရင်နင့်ဖွယ်မြင်တွေ့ရပါသည် ။ 
ဒီစာအုပ်လေးကိုငှါးရမ်းဖတ်ရှုချင်တယ်ဆိုရင်တော့ MyittaryeikMobileLibrary မှာလည်းငှါးရမ်းဖတ်ရှုနိုင်ပါသည် ။ အပိုင်ဝယ်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ်လည်း ညွှန်းမိပါသည် ။

#PyaeArKar


Publisher Name: မောက္ခစာအုပ်တိုက်


Related Books

Book Review Image

ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှု ဓလေ့များ အတွဲ (၁+၂)

. ဆင်ဖြူကျွန်းအောင်သိန်း
Book Review Image

ဟော့ဂ်ဝပ်မှော်ကျောင်းတော်၏ စာကြည့်တိုက်မှတ်တမ်း

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

လိုင်​း​နောင်​နာဂပုံပြင်​များ

လူထုဦးလှ
Book Review Image

ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ပွဲဦးထွက်စာပေဆောင်းပါးများ

အောင်သင်း
Book Review Image

ဆယ့်နှစ်လရာသီ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊

ဝင်းငြိမ်း
Book Review Image

ဘာသာစကားစစ်တမ်း

​မောင်​ထင်​
Book Review Image

စည်းနဲ့ကမ်းနဲ့မြန်မာစာ

ဒေါက်တာထွန်းတင့်
Book Review Image

စာစီစာကုံး ရေးရအောင် (သို့) စာစီစာကုံးစာအုပ်ထက် ပိုသော စာအုပ်တစ်အုပ်

မြန်မာစာပြဆရာမတစ်ဦး