Book Image

ဘာသာစကားစစ်တမ်း

​မောင်​ထင်​

မောင်ထင်
ဘာသာစကားစစ်တမ်း
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ။
၁၃ စင်တီမီတာ x ၁၉ စင်တီမီတာ။
စာမျက်နှာ - က မှ စ နှင့် ၁၁၈၊ တန်ဖိုး - ကျပ် ၁၅၀၀။

၁၆ ဖေဖော်ဝါရီ ၂၀၁၉ ရက်စွဲဖြင့် ရေးသားထားသော 
ညီကိုး၏ စီစဉ်သူရဲ့အမှာ ပါရှိသည်။

ဟံသာဝတီသတင်းစာတွင် နိုဝင်ဘာ ၁၉၇၀ မှ ၁၄ ဒီဇင်ဘာ ၁၉၇၅ အတွင်း ဆရာမောင်ထင် ရေးသားခဲ့သော ဆောင်းပါး ၂၆ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။




'' စာပေသုတေသန၊ ကဝိလက္ခဏ သုတေသန၊ အသုံးချမြန်မာစာ၊ ကာရန်မဲ့ကဗျာ၊ ဘာသာစကားစစ်တမ်း၊မြန်မာစာ၊ မြန်မာစာ သင်ကြားနည်း၊ မြန်မာစာပေ သမိုင်း၊ ရှာဖွေခြင်းနှင့် ထိန်းသိမ်းခြင်း၊ စာကြည့်တိုက်လုပ်ငန်း၊ စာဖတ်သူပေါလာလျှင်၊ စာပေဆုများ၊ စာပေ ဆိုင်ရာ နိုဗယ်ဆု၊ မြန်မာ ကကြီး ခခွေး၊ စာဖတ်သောဓလေ့၊ ပုံနှိပ်စာလုံးသမိုင်း၊ ကောင်းသောစာပေ လူ့မိတ်ဆွေ၊ လူ့မိတ်ဆွေကို ရှာဖွေခြင်း၊ ရှေးမြန်မာတို့၏ သိပ္ပံ ဘာသာပြန်၊ သုတေသန စာတမ်းဖတ်ပွဲ၊ ကုန်းဘောင်ခေတ် ပုရပိုက်များ၊ စာမူပြိုင်ပွဲ၊ ပုရပိုက်ကပြောသော သမိုင်း၊ စာအုပ်ထုတ်ဝေရေး၊ သိပ္ပံမြန်မာစာ၊ ရခိုင်ကျောက်စာ'' စသောဆောင်းပါးများဖြစ်သည်။

'' သာဓကတစ်ခုပြချင်ပါသည်။ အလုပ်ရုံတွင် ' ဆေးလိပ်မသောက်ရ' ဟု ပညတ်သော် အများနားလည်နိုင်ပါ သည်။ သို့သော် ' ဆေးလိပ်သောက်ခြင်း သည်းခံပါ ' ဟုဆိုလျှင် ကျွန်တော်ဆေးလိပ်သောက်သည်ကို အများက ဝိုင်း၍သည်းခံကြပါဟု တိုက်တွန်းသော အဓိပ္ပာယ်ရှိပါသည်။ ရုံး၏ညွှန်ကြားချက်တို့တွင် ဤကဲ့ သို့ မတိမကျသော စကားတို့သည် အမှုကိုဆောင်ရွက်ရသူတို့အဖို့ နားဝေတိမ်တောင်ဖြစ်စေပါသည်။ ညွှန်ကြားချက်ကတစ်မျိုး၊ ဆောင်ရွက်ချက်ကတခြား ဖြစ်လာ ကြလျှင် အရေးအသား အဖွဲ့အနွဲ့ မရေရာသောကြောင့် ဖြစ်ရလိမ့်မည်ဟု ယူဆနိုင်ဖွယ်ရာရှိပါသည်။ ''
( အသုံးချမြန်မာစာ၊ စာမျက်နှာ ၁၅ နှင့် ၁၆ မှ )

'' ယခုခေတ် စာသင်သားအချို့သည် စလုံးသံနှင့် ဆလိမ်သံ ကို မှန်အောင် မဆိုတတ်ကြချေ။ မှန်အောင်မဆိုတတ်သောကြောင့်လည်း မှန်အောင်မရေးတတ်ကြချေ။ ထို့ကြောင့် 'စ ' သံ အလို့ငှာ ဆလိမ်ကိုရေး၍၊ 'ဆ' သံအလို့ငှာ စလုံးကို ရေးလေ့ရှိသည်။ ကာလရွေ့လျား လျှင် စလုံးနှင့်ဆလိမ် နေရာလွဲလိမ့်မည်ထင်သည်။ ''
( မြန်မာစာ၊ စာမျက်နှာ ၃၀ မှ )

'' ယခုခေတ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ကဗျာ၊ ကာ တွန်း စသည့် ဖတ်စရာပစ္စည်းများတွင် ခေတ်လူတို့ ရေးကြသားကြပုံမှာ သတ်ပုံကိုလည်းကောင်း၊သဒ္ဒါကို လည်းကောင်း၊ ဝါကျဖွဲ့ထုံးကိုလည်းကောင်း၊ ကဗျာစပ်ထုံးကိုလည်းကောင်း ဂရုဓမ္မမပြုကြဘဲ ရေးကြသည်ဟု ယူဆစရာ များစွာရှိပါသည်။ '' 
( မြန်မာစာ သင်ကြားနည်း၊ စာမျက်နှာ ၃၃ မှ )

'' သြဇာဆိုသည်မှာ ကောင်းသောသြဇာလည်းရှိ၏။ 
မကောင်းသော သြဇာလည်းရှိ၏။ ရည်ရွယ်ချက်ကို လိုက်၍ အကောင်း အဆိုးရှိစမြဲပင်။ အနုပညာရှင်က တိုင်းပြုပြည်ပြုရည်ရွယ်ချက်ဖြင့် ဖန်တီးလျှင် ယေဘုယျ အားဖြင့် ယင်းကဲ့သို့ဖန်တီးလိုက်သောအရာသည် အနုပညာ၏အရသာကို ခံစားသော ပရိသတ်အား ကောင်းကျိုးဖြစ်ထွန်းစေသည်။ သို့ရာတွင် အနုပညာ သြဇာ ကို မကောင်းကျိုးအတွက် အသုံးချလိုသော သူက ဖန်တီးလိုက်သောအရာမှာကား အရသာခံစား သူအတွက် အပြစ်ဖြစ်ဖို့သာ ရှိပေလိမ့်မည်။ ထို့ကြောင့် စာပေ စာပေဟူ၍ ဆိုသော်ငြားလည်း စာကောင်းပေကောင်းကို စိစစ်ရွေးချယ်တတ်ဖို့လိုသည်ဟု တင်ပြနေရခြင်းဖြစ်ပါသည်။ ''
( ကောင်းသောစာပေ လူ့မိတ်ဆွေ၊ စာမျက်နှာ ၇၇ မှ )

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ဝန်းကျင်က ရေးသားခဲ့သော ဆောင်းပါးများဖြစ်သည့်တိုင် မြန်မာစာပေနှင့် သုတေ သန နယ်ပယ်အတွက် တန်ဖိုးမဖြတ်နိုင်သော ဆောင်း ပါးကောင်းများဖြစ်ပါသည်။

မိုးမင်းသိမ်း
၂၂ စက်တင်ဘာ ၂၀၂၀


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှု ဓလေ့များ အတွဲ (၁+၂)

. ဆင်ဖြူကျွန်းအောင်သိန်း
Book Review Image

ဟော့ဂ်ဝပ်မှော်ကျောင်းတော်၏ စာကြည့်တိုက်မှတ်တမ်း

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

လိုင်​း​နောင်​နာဂပုံပြင်​များ

လူထုဦးလှ
Book Review Image

ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ပွဲဦးထွက်စာပေဆောင်းပါးများ

အောင်သင်း
Book Review Image

ဆယ့်နှစ်လရာသီ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ကျောင်းဆရာ မှတ်တမ်း

တင်ညွှန့်
Book Review Image

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊

ဝင်းငြိမ်း
Book Review Image

စည်းနဲ့ကမ်းနဲ့မြန်မာစာ

ဒေါက်တာထွန်းတင့်
Book Review Image

စာစီစာကုံး ရေးရအောင် (သို့) စာစီစာကုံးစာအုပ်ထက် ပိုသော စာအုပ်တစ်အုပ်

မြန်မာစာပြဆရာမတစ်ဦး