Book Image
​မောင်​ထင်​
ထင်၊ မောင်၊ စာရေးဆရာ
( ၁၉၀၉ - မတ်လ ၂၁ ရက် ) နေ့တွင် အဖ ဦးတရောင်၊ အမိ ဒေါ်စိန်ပွင့် တို့မှ ဧရာဝတီတိုင်း လပွတ္တာမြို့၌ ဖွားမြင်သည်။ အမည်ရင်းမှာ ဦးထင်ဖတ် ဖြစ်ပြီး မြန်မာစာပေလောကတွင် ထင်ရှားသော စာရေးဆရာကြီးတစ်ဦးဖြစ်သည်။

ငယ်စဉ်ဘဝ ပြင်ဆင်
လပွတ္တာမြို့ဦးခန္တီကျောင်းနှင့် ဦးဘိုးထွန်းကျောင်းများတွင် စတင်ပညာသင်ကြားခဲ့သည်။
ရန်ကုန်မြို့မအမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ မြောင်းမြတိုင်းရင်းသားအထက်တန်းကျောင်း မှ ဟိုက်စကူးဖိုင်နယ်၊ ၁၉၃၃ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ(ဝိဇ္ဇာဘွဲ့) ရရှိအောင်မြင်ခဲ့သည်။


မောင်ထင် ခေါ် ဦးထင်ဖတ်
ကျင်လည်ရာဘဝ ပြင်ဆင်
၁၉၃၅ တွင် မြောင်းမြမြို့ တိုင်းရင်းသား အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ လုပ်ခဲ့သည်။ ၁၉၃၆-၁၉၄၂ ခုနှစ်တွင် မြို့ပိုင်၊ ၁၉၄၃-၁၉၄၄ ခုနှစ်တွင် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန်၊ ၁၉၄၄-၁၉၄၅ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၆-၁၉၄၇ ခုနှစ်တွင် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်၊ ၁၉၄၇-၁၉၄၉ ခုနှစ်တွင် လူမှုဝန်ထမ်းကြီးဌာန (ခေတ္တ) ရခိုင်တိုင်းမင်းကြီး၊ ၁၉၄၉ ခုနှစ်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး အဖြစ် အမှူထမ်းခဲ့ပြီး အစိုးရအမှုထမ်းဘဝမှ နှုတ်ထွက်ခဲ့သည်။
၁၉၅၀-၅၅ ခုနှစ်တွင် ရန်ကုန်သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ၊ ၁၉၅၅-၅၈ ခုနှစ်တွင် စာပေဗိမာန်စွယ်စုံကျမ်း အတိုင်ပင်ခံ၊ ၁၉၅၇-၇၇ တွင် လန်ဒန်တိုင်း သတင်းထောက်နှင့် အလွတ်အတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၅၉ တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝန်အဖြစ် တာဝန်ပေးခြင်းခံရသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် သမိုင်းဖြစ်ရပ်မှန် ပြုစုရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ငဘ ဝတ္ထုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် ဘာသာများဖြင့် ပြန်ဆိုထုတ်ဝေခံခဲ့ရသည်။
၁၉၉၃ခုနှစ်မှစ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာအမျိုးမျိုး ရေးသားပြုစုခဲ့သည်။

ရေးသားခဲ့သောစာအုပ်များ ပြင်ဆင်
ကိုဒေါင်း (၁၉၃၇)
မြို့အုပ်မင်းဆိုး ဘုံရုံကဗျာ (၁၉၃၇ -၁၉၄၁)
ဘာအရေးကြီးဆုံးလဲနှင့်အာဇာနည်မိခင်ပြဇာတ် (၁၉၄၄)
ငဘ (၁၉၄၇)
ရာဇဓမ္မသင်္ဂဟကျမ်းနှင့်ယောမင်းကြီးဦးဖိုးလှိုင် အထုပ္ပတ္တိ (၁၉၆၀)
မျိုးဖျက်ရန်သူ (၁၉၆၀)
ဗမာ့နိုင်ငံရေးသုခမိန် (၁၉၆၅)
ပုရှ်ကင်၏မုန်တိုင်းထဲကနဖူးစာနှင့်အခြားဝတ္ထုတိုများ (၁၉၆၅)
မြန်မာ့လယ်ယာမြေစနစ် (၁၉၆၆)
မိုပါဆွန်းဝတ္ထုတိုများ (၁၉၆၆)
လောကအမြင် (၁၉၆၇)
မောင်ထင်၏ဝတ္ထုတိုများ (၁၉၆၈)
ကမ္ဘာ့စာပေအညွှန်း (၁၉၇၄ - ၁၉၈၇)
အံ့ဖွယ်ပုံပြင် (၁၉၇၄)
မြို့အုပ်ပုံပြင် (၁၉၇၆)
အနာဂတ္တိကျမ်း (၁၉၇၇)
မြင်ဝါတောင် (၁၉၇၇)
ဂါလီဗာခရီးစဉ် (၁၉၈၁) အမျိုးသားစာပေဆု - ဘာသာပြန်
ဂန္တဝင်သံခိပ် (၁၉၉၉)
ရရှိခဲ့သောဆုများ ပြင်ဆင်
၁၉၉၄ တွင် ပထမအကြိမ် ပခုက္ကူဦးအုန်းဖေတစ်သက်တာစာပေဆုကို ရရှိခဲ့သည်။
၁၉၈၁ တွင် အမျိုးသားစာပေဆု (ဘာသာပြန်) ကို ဂါလီဗာခရီးစဉ် ဖြင့် ရရှိခဲ့သည်။
၁၉၉၆ တွင် ဒုတိယအကြိမ် မြတ်မိခင်စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဆုများထဲမှ မိဘမေတ္တာစာပေဂုဏ်ရည်ဆုကို ရရှိခဲ့သည်။
၂၀၀၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု (ဝိဇ္ဇာဘာသာရပ်) ကို ရရှိခဲ့သည်။

၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် နံနက် ၈ နာရီတွင် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်၊ (က-၄ လမ်း)၊ အမှတ် (၂၄၈) နေအိမ်တွင် ကွယ်လွန်သည်။



Reference from: wikipedia

Written Books

Book Review Image

စခန်​း​နော်​ လိုရာကွန်​့နိုင်​တဲ့

​မောင်​ထင်​
Book Review Image

ကျွန်တော်ဘာ့ကြောင့် စာရေးရသလဲ

​မောင်​ထင်​
Book Review Image

ဘာသာစကားစစ်တမ်း

​မောင်​ထင်​