မောင်ထင်
စခန်းနော် လိုရာကွန့်နိုင်တဲ့
စိတ်ကူးချိုချိုအနုပညာ ၊
ပထမအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ မတ်လ ။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ ။
၁၃ စင်တီမီတာ x ၁၈.၉ စင်တီမီတာ ။
စာမျက်နှာ - ကမှ ဂ နှင့် ရ၁ ၊ တန်ဖိုး - ၁၀၀၀ ကျပ် ။
ညီကိုး၏ ( ၁၊၇၊၂၀၁ရ ) ရက်စွဲဖြင့်ရေးသားထားသော ''စီစဉ်သူရဲ့အမှာ''ပါရှိသည်။ ဆရာမောင်ထင်ရေးသား ခဲ့သည့် ပန်းချီ အနုပညာဆိုင်ရာဆောင်းပါး ၁၀ ပုဒ် နှင့် ဝတ္ထုတို ၁ ပုဒ် တို့ကိုစုစည်းထုတ်ဝေထားခြင်းဖြစ်သည်။
'' အဖေ့ရဲ့စာပေယဉ်ကျေးမွုအနုပညာဆောင်းပါးတွေထဲ က ပန်းချီအနုပညာဆိုင်ရာဆောင်းပါးတွေကိုစုစည်း ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ အဖေ့ရဲ့စာပေသက်တမ်းတစ်လျေှာက်မှာ ပန်းချီအနုပညာဆိုင်ရာဆောင်း ပါးက လက်ချိုးရေတွက်လို့ရအောင်နည်းပါးခဲ့ပါတယ်။'' ဟု စီစဉ်သူရဲ့အမှာ၌ ဖော်ပြထားသည်။
ပါရှိသည့်ဆောင်းပါးနှင့်ဝတ္ထုတိုတို့မှာအောက်ပါအတိုင်း ဖြစ်သည်။
၁။ အဟောင်းမှအသစ်သို့ ( ဗမာပြည်ပန်းချီသမဂ္ဂနှစ်ပတ်လည်စာစောင်၊နိုဝင်ဘာ၊၁၉၅၁ )
၂။ အနောက်မှအရေှ့သို့ ( သွေးသောက်မဂ္ဂဇင်း၊အမှတ် ရ၂ ၊ ဇန်နဝါရီ၊၁၉၅၂ )
၃။ မန ္တလေးပန်းချီသမိုင်း ( ဟံသာဝတီသတင်းစာ ၊၂၁ ၊ ဇူလိုင် ၊ ၁၉၇၃ )
၄။ စခန်းနော် လိုရာကွန့်နိုင်တဲ့ (ဟံသာဝတီသတင်းစာ ၊ ၁၃၊ အောက်တိုဘာ၊၁၉၇၃ )
၅။ ပန်းချီဝိဇ္ဇာဦးဘဉာဏ် ( ဟံသာဝတီသတင်းစာ ၊ ၆ ၊ ဒီဇင်ဘာ၊ ၁၉၇၅ )
၆။ ပန်းချီပြပွဲများ ( လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ ၊ ၂၉၊မေ၊၁၉၇၆ )
ရ။ ကမ ္ဘာ့ပန်းချီ မြန်မာ့ပန်းချီ ( ဟံသာဝတီသတင်းစာ ၊ ၁ ၊ စက်တင်ဘာ၊၁၉၇ရ )
၈။ ဆန်းသစ်ပန်းချီ ( ပန်ရုပ်စုံမဂ္ဂဇင်း၊အမှတ် ၁၊ အောက်တိုဘာ၊၂၀၀၂ )
၉။ ပန်းချီအနုပညာနှင့် ပန်းချီအရသာ ( ပန်ရုပ်စုံမဂ္ဂဇင်း ၊ အမှတ် ၂ ၊ ဒီဇင်ဘာ ၊ ၂၀၀၂ )
၁၀။ ဗန်ဂိုး၏လူထုပန်းချီ ( ပန်ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၃ ၊ ဧပြီ ၊ ၂၀၀၃ )
၁၁။ လှလှ ( ဝတ္ထုတို ) ( ဂန ္ထလောကမဂ္ဂဇင်း ၊ ဇန်နဝါရီ ၊ ၁၉၃၅ )
''လူသည် အသစ်သစ်ကိုသာလျှင်အလိုရှိတတ်သည်မှန်၏။သို့သော် အစဉ်ပြတ်သောအသစ်သည်လူ့အဖို့ အဓိပ္ပာယ်မရှိ။အနုပညာသဘောအရကြည့်လျှင် လူ၌ သူ့ရိုးရာနှင့်သူရှိ၏။ရိုးရာမရှိသောသူမှာအတိတ်မရှိသောသူဖြစ်၏။ အတိတ်မရှိသော သူ၏ပစ္စုပ္ပန်သည် သုညအတိဖြစ်သည်။ ပစ္စုပ္ပန်၌ သုညဖြစ်လျှင် အနာဂတ်၌ သုညပင်ဖြစ်ရပေမည်။ သို့သော် ဤစကားကို လက်မခံလို၍ အတိတ်ပင်မရှိသော်လည်း တိုးတက်နိုင်၏ ဟု ဇွတ်ငြင်းလိုလျှင် ထိုသူ့အတွက် အနာဂတ်တို့၌ သုည တစ်လုံးမှသည် နှစ်လုံးဖြစ်လာနိုင်သည်ဟုဆိုကြပါစို့။
အထက်သဘောသည် စီးပွားရေးအရလည်းမှန်၏။လူမွုရေး အရလည်းဟုတ်၏။ နိုင်ငံရေးအရလည်းဟုတ်မှန်၏။''
( အဟောင်းမှအသစ်သို့ ၊ စာမျက်နှာ - ၃ မှ )
''နိုင်ငံရေးသမားအဖို့ အာဏာသည်အရေးကြီးသည်။ အနုပညာသမားအဖို့ ယဉ်ကျေးမွုသည်အရေးကြီးပေ သည်။ အာဏာဟူသည်မှာ နေ့မြင်ညပျောက်သဘော ရှိသည်။ ယဉ်ကျေးမွုကိုကား နေ့တွင်းချင်း မြင်၍မရ။ ညတွင်းချင်းလည်း မပျောက်နိုင်ပေ။'' ( အနောက်မှအရေှ့သို့ ၊ စာမျက်နှာ - ရ မှ )
''ရေှးရိုးကိုတုပ၍ ရေှးရိုးအတိုင်းလိုက်ခြင်းသည် အနုပ ညာသမား၏အလုပ်မဟုတ်ဟုဆိုနိုင်ပါ၏။ရေှးရိုးအတိုင်း ချည့်သာလိုက်၍လုပ်နေလျှင် ထိုသူသည်တတ်ကျွမ်းသူ တစ်ဦးဖြစ်နိုင်သည်။ သို့သော်အနုပညာသမားဖြစ်ချင်မှ ဖြစ်မည်။ သို့သော် တစ်ဖန်အနုပညာသမားဖြစ်ဖို့ရာ တတ်ကျွမ်းရမည်မဟုတ်ပါလော။ မတတ်ဘဲနှင့်အနုပ ညာသမားအမည်ခံလိုလျှင် စုတ်တံကိုကိုင်ဖို့မလို။ စုတ်တံမကိုင်ဘဲနှင့်ပန်းချီဆရာဖြစ်ရမည်ဆိုလျှင် ကျွန်တော်ဘာမှမပြောတတ်တော့ပါ။''
( ဆန်းသစ်ပန်းချီ ၊ စာမျက်နှာ - ၄၁ မှ )
''မြင်ကာမတ္တခေတ်နေှာင်းနည်းနိဿယဆရာတို့နှင့်ဗန်ဂိုး သည် ထုနှင့်ထည်နှင့် အားရှိပါးရှိရေးဆွဲတတ်သော ပန်းချီဆရာဖြစ်သည့်အပြင် လူထုအများကို ပန်းချီအနု ပညာနှင့်ရင်းနှီးအောင် ဖန်တီးသူပုဂ္ဂိုလ်ဖြစ်ရာ ထိုပုဂ္ဂိုလ်ကို လူထုနှင့်တစ်သားတည်းဖြစ်သော လူထုပန်းချီဆရာ ဟုပင် ခေါ်ထိုက်ပေမည်။'' ( ဗန်ဂိုး၏လူထုပန်းချီ ၊ စာမျက်နှာ - ၆၂ မှ )
''မြန်မာ့မျက်စိမှာ မရဏနုဿတိပွားစရာဖြစ်လာတဲ့ကား ဟာ ကုလားမျက်စိမှာ ပျော်ပွဲကြီးလို့မထင်မှတ်ရဘူး။ မရဏသဘောကိုပဲတွေးတောမိစေရမယ်။ အဲဒီလိုမျိုးရေးနိုင်တဲ့ပန်းချီမျိုးမှ ပန်းချီဗျ။'' ( လှလှ ( ဝတ္ထုတို ) ၊ စာမျက်နှာ - ၆၆ )
ပန်းချီအနုပညာနှင့်စပ်လျဉ်း၍ ဆရာမောင်ထင်၏ ရွုမြင်သုံးသပ်ချက်တို့ကို ဖတ်ရွုကြရမည့် အရေးအသားများ ဟု ယူဆမိပါသည်။
မမသ
၁၈ ၊ မေ ၊ ၂၀၁၈