Book Image

ပင်စင်နာတစ်ဦး၏ အတွေးအထင်

မောင်သော်က

မောင်သော်က

ပင်စင်နာတစ်ဦး၏ အတွေးအထင်
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇန်နဝါရီ ၂၀၁၉ ။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ ။
၁၃.၄ စင်တီမီတာ x ၁၉.၂ စင်တီမီတာ။
စာမျက်နှာ - ၂၇၀ ၊ တန်ဖိုး - ကျပ် ၃၀၀၀။

သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း ၌ ၁၉၇၉ သြ ဂုတ် နှင့် စက်တင်ဘာ တို့တွင်ဖော်ပြခဲ့သော '' ပင်စင်စားတစ်ဦး၏အာလူးပူရီ '' ၂ ပုဒ် ၊ ၁၉၇၉ အောက်တိုဘာ မှ ၁၉၈၂ ဒီ ဇင်ဘာ အထိဖော်ပြခဲ့သော '' ပင်စင်နာတစ်ဦး၏အာလူးမှတ်တမ်း'' အပုဒ် ၂၀ ၊ မြတ်လေးမဂ္ဂဇင်း ၌ ၁၉၈၇ မေ မှ ၁၉၈၈ ဇန်နဝါရီ အထိဖော်ပြခဲ့သော '' ခဲ ချက်ပုံကြမ်း'' ၅ ပုဒ် ၊ သတင်း ထူးစာစောင် ၌ ၁၉၈၈ ဇန်နဝါရီ တွင်ဖော်ပြခဲ့ပြီး ဘက်စုံစာစောင်တွင် ၁ ဖေဖော်ဝါ ရီ ၁၉၈၈ မှ ၁၅ ဇူလိုင် ၁၉၈၈ အထိ ဆက်လက်ရေး သားခဲ့သည့် '' မောင်သော်က နှင့် အတွေးအထင်'' ၉ ပုဒ် စသည့် အရေးအသား ၃၅ ပုဒ် ကို စုစည်း ထုတ်ဝေ ထားခြင်းဖြစ်သည်။

မူလဖော်ပြခဲ့သည့် မဂ္ဂဇင်းများမှ ကာတွန်းငွေကြည်၏ သရုပ်ဖော်လက်ရာများအားလည်း ပြန်လည်ထည့်သွင်း ဖော်ပြထားသည်။




'' ကျွန်တော်လား ..... ကျွန်တော်ကတော့ ဘာမှမလုပ်ခြင်းအားဖြင့် တိုင်းပြည်တာဝန်ကျေပြီဖြစ်တယ်။ ဒီနေ ရာမှာ ဆရာကြီးရွှေဥဒေါင်းလို အင်္ဂလိပ်လို ဘာသာပြန်ရမှ ကျေနပ်ရင်လည်း မျက်မမြင်ကဗျာဆရာကြီး မီလ်တန်က ' They also serve who only stand and wait ' တဲ့။ '' ( ပင်စင်စား တစ်ဦး၏ အာလူးပူရီ ၁ ၊ စာမျက်နှာ - ၈ မှ )

'' သို့ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ဘာခေါ်ရမည်မသိ စဉ်းစားနေစဉ် အင်္ဂလိပ်စာဝါသနာပါလှသော ဆရာ ကြီးရွှေဥဒေါင်းသည် ဤစကားလုံးကျမှ ဘာ့ကြောင့်သူ့ ရှိရင်းအသံထွက်အတိုင်း မသုံးစွဲခဲ့သည်ကို စဉ်းစားမရ ဖြစ်နေရပါသည်။ ပင်စင်စားဟူသည့် မြန်မာဝေါဟာရ ၏ ရင်းမြစ်မှာသိုးဆောင်းဘာသာ Pensioner ဖြစ်ပါသည်။ ဒင်နီယယ်ဂျုံး၏အသံထွက်အဘိဓာန်ကိုကြည့်လျှင် 
'ပင်စင်နာ' ဟုအသံထွက်ထား ပါသည်။ အဓိပ္ပာယ်ဖွင့် ဆိုချက်မှာ နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့ကြေးရိက္ခာငွေ ထုတ်ခွင့်ရသူဟူ၍ ဖြစ်ပါသည်။ ဤ အသံထွက်စကားလုံးသည် ကျွန်တော်နှင့် ဒက်ထိဝင်သတည်း။ ကျွန်တော်သည် 'ပင်စင်နာ' တစ်ဦး။ '' ( ပင်စင်နာတစ်ဦး ၏ အာလူးမှတ်တမ်း ၁၊ စာမျက်နှာ - ၂၀ မှ )

'' အဲဒီမှာ မက္ကဆီကန်လယ်သမားကြီးက ရွာသားတွေ ကို ပြန်ပြောလိုက်တဲ့ စကားလုံးကို မောင်သော်က သိပ်သဘောကျမိတယ်။ လယ်သမားကြီးက ' ဟေ့ ဒီမှာ ငါက ဘာလို့ပြောင်းပြေးရမှာလဲကွ။ ဒါဟာ ငါ့မြေ ငါ့ယာ၊ ငါဒီမှာပဲနေ ဒီမှာပဲသေမယ်။ သူတို့နှိပ်စက်တာကြောင့် ထွက်ပြေးရတယ်ဆိုရင် သူတို့ကို ကြောက်ပါတယ်လို့ ဝန်ခံရာကျသွားမှာပေါ့ကွ။ အဲဒီတော့ သူတို့နှိပ်စက်နိုင်သမျှ နှိပ်စက်ပေ့စေပေါ့ကွာ။ သူတို့က လုပ်ရဲရင် ငါက ခံရဲတယ်ကွ။ မင်းတို့မှတ်ထား၊ လောကမှာ တစ်ခါတလေခံရဲတာဟာလည်း သတ္တိပဲကွ။ အဲဒါမှ ဇွဲသတ္တိလို့ ခေါ်တယ်။ သူတို့က ' ဇွဲသတ္တိမဟုတ်ဘူး၊ ဖွဲသတ္တိကွ ဖွဲသတ္တိ သိလား'တဲ့။

မောင်သော်က သိပ်ကြိုက်သွားတယ်ဗျာ။ ဟုတ်တယ်လေ လောကမှာ တချို့သောလူစုက လုပ်ရဲကိုင်ရဲတာမှ သတ္တိလို့ ထင်နေကြတယ်။ အမှန်စင်စစ်ကျတော့ ခံရဲ တာလည်း သတ္တိပါပဲ။ '' ( ခဲချက်ပုံကြမ်း ၅ ၊ စာမျက်နှာ ၂၂၆ မှ )

၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး မဖြစ်ပွားမီ ကာလ အတွင်းထိ ရွှေပြည်ကြီး၌ ကြုံတွေ့ခဲ့ရသည့် ကဏ္ဍပေါင်းစုံ ပြဿနာအဖုံဖုံတို့အား ရွှင်ရွှင်သွက်သွက် သရော် ရေးဖွဲ့ထားသည့် အရေးအသားများ ဟု ခံစားမိ ပါသည်။

မိုးမင်းသိမ်း
၇ ဧပြီ ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ပညာသိုက်

တိုက်စိုး
Book Review Image

မလိမ်တတ်မညာတတ်တဲ့လူတစ်ယောက်နှင့်အခြားဝတ္ထုတိုများ

မြင့်သန်း
Book Review Image

ခရီးပန်းတိုင်ရယ်လို့ မရှိ

ကိုတာ
Book Review Image

ဦးတင့်ဆွေ

ဦးတင့်ဆွေ
Book Review Image

စာကြည့်တိုက် ခရီးသည်

ဟိန်းလတ်
Book Review Image

ကြောက်စိတ်နဲ့ ကလေးတို့မနက်ဖြန် (သင့်ဘဝမျက်နှာဖုံးဆောင်းပါးများ)

မောင်သစ်ဆင်း
Book Review Image

အ​တွေး​နောက်​က အ​ရေး ( ​တောက်​တိုနှင်​့ မမည်​မရများ )

မြင့်သန်း
Book Review Image

စာအုပ်​များနှင်​့နှစ်​​ပေါင်​းများစွာ ၊ မင်​ခြစ်​​ကောက်​​ကြောင်​းများ

ကျော်ဝင်း
Book Review Image

ဗော်လဂါမှ ဂင်္ဂါသို့

ပါရဂူ
Book Review Image

စခန်​း​နော်​ လိုရာကွန်​့နိုင်​တဲ့

​မောင်​ထင်​
Book Review Image

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တွေးစရာ ဆောင်းပါးများ

ကျွန်း
Book Review Image

လင်​းယုန်မှတာရာ ( လင်​းယုန်​ဂျာနယ်​ပါ​ ဆောင်​းပါးများစုစည်​းမှု )

ဒဂုန်တာရာ
Book Review Image

​ဇော်​ဂျီ ၊ ကျွန်​​တော်​ နှင်​့ သီရိပစ္စယာအလွမ်​း

မြသန်းတင့်
Book Review Image

​ခေတ်​စမ်​းပုံပြင်​များ ​(ခေါ်) ​ခေတ်​စမ်​းဝတၳုများ

မင်းသုဝဏ်
Book Review Image

အောက်​​မေ့တသအမှတ်​တရစာ

လူထုဒေါ်အမာ
Book Review Image

အနက်ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရများအဘိဓာန်

သန်းဝင်းလှိုင်
Book Review Image

၀င်းဖေ ၏ လွယ်အိတ် ၁+၂+၃

၀င်းဖေ
Book Review Image

လန်ဒန်-ရောမ၊ ဥရောပ

မသီတာ(စမ်းချောင်း)
Book Review Image

စိတ်​ဓာတ်​​တော်​လှန်​​ရေး

​ဒေါက်​တာ​အောင်​ခင်​
Book Review Image

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း

ဟန်ဇော်
Book Review Image

စသည်၊ စသည်ဖြင့်…

မြင့်သန်း
Book Review Image

အဓိပ္ပာယ်မဲ့ပြဇာတ်

အောင်ခင်မြင့်
Book Review Image

ဗမာစာ တတ်ဖို့လိုတယ်

မောင်သာနိုး
Book Review Image

လူထု နှင့် နိုင်ငံရေး

မောင်စွမ်းရည်
Book Review Image

အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ

ဂျူး
Book Review Image

ကျွန်တော် တွေးမိသလိုရေးပါမည် အမှတ် ၂

မောင်အောင်မွန် ( ဝင်းအောင်ကြီး )
Book Review Image

ကျွန်တော်သည်မျောက်ကဆင်းသက်၏

ကိုတာ
Book Review Image

သုတေသနအားဖြင့် ထပ်မံပြောဆိုရန်လိုအပ်လာသဖြင့် တင်ပြခြင်း

မောင်မြင့်ဇော်
Book Review Image

နေ့စဉ်မှတ်တမ်း

ဒဂုန်တာရာ
Book Review Image

နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လဲ

ဒဂုန်တာရာ