လူတိုင်းဟာ နေ့တစ်နေ့မှာ တစ်ခုမဟုတ် တစ်ခု စိတ်ညစ်စရာတွေ ရှိတတ်ကြတာပါပဲ။ အနည်းနဲ့ အများ ပဲ ကွာ သွားကြတယ်။
ဒီထဲမှာမှ အများဆုံးက ဆယ်ကျော်သက် လူငယ်တွေ
Relationship တွေအဆင်မပြေတာ ၊ မိဘနဲ့ စိတ်အခန့်မ
သင့်တာ ၊ ဘဝရဲ့ ရန်မှန်းချက်က ဘာလဲ ရေရေရာရာ မသိရှိသေးတာ...စတဲ့များစွာသော အကြောင်းတွေကြောင့် မပျော်ရွှင်ရဘူး။ ငါတစ်ယောက်ထဲ စိတ်ညစ်နေပါလား ဆိုတဲ့စိတ်တွေ ခံစားနေရတဲ့အချိန်ဒီစာအုပ်လေးကို ဖတ်ကြည့်လိုက်ပါ။
စာရေးဆရာက ပျော်ရွှင်ဖို့ ၊စိတ်ထားတတ်ဖို့ကိုသေသေ ချာချာ အချက်တစ်ခု ချင်းစီနဲ့ ရှင်းပြ ထားတာကျွန်မတို့
လူငယ် တွေရဲ့ လက်တွေ့ဘဝနဲ့လည်း ကိုက်ညီသလို ၊အရမ်းကို တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ် ပါ။
ဆရာစာအုပ်လေးထဲမှာ ပြောထားသလို လူငယ်ဆိုတာ ဘဝမှာ တစ်စုံတစ်ယောက်ဖြစ်လာဖို့အတွက် တစ်ခုခု လုပ်နေရမဲ့ အချိန်ကောင်းပါပဲ။ တစ်နည်းအားဖြင့် ပြောရရင်ပတ်ဝန်းကျင် ကို အကျိုးပြုနိုင်မဲ့ လူတစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊အသိပညာ၊
အတတ်ပညာဆိုင်ရာတွေမှာ လက်နက်တွေတပ်ဆင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်" တဲ့။
ဆရာက လူငယ်တွေ ရဲ့ လိုအပ်ချက် တွေလိုက်နာသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ ၊နေ့စဥ်ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ ပြောပြထားတဲ့ အချက်တွေက အရမ်းကို တန်ဖိုးရှိလွန်းလှတဲ့ စာအုပ်တစ်အုပ်ပါ။
စာအုပ်ထဲမှာ လေ့ကျင့်ရမယ့် ကိုယ့်ရဲ့ စိတ်ကိုဆန်းစစ်ပေးတဲ့ မေးခွန်းတွေ ကိုကျော်မသွားပဲ ကိုယ့်စိတ်ထဲခံစားနေရတာတွေ ချရေးခိုင်းတယ် ဘယ်လိုစိတ်ထားရမယ်ဆိုတာ လမ်းပြ။ပေးထားတယ် ။ဒီစာအုပ်လေးက ကျွန်မအတွက် မိတ်ဆွေကောင်းတစ်ယာက်က ဘေးနားထိုင်ပြီးအကြံဥာဏ်ပေးပြော
ပြနေသလို ပဲမို့ ထပ်ခါထပ်ခါ ဖတ်တယ် မှတ်သားတယ် လက်တွေ့လိုက်နာ လုပ်ဆောင်တယ်။အင်မတန်ကို အကျိုးရှိတဲ့အတွက် ဖတ်သင့်တဲ့စာအုပ်လေးပါ လို့ ဝေမျှပေးချင်လာတယ်။
ကျွန်မ တို့လူငယ်တွေ က ပတ်ဝန်းကျင် ကောင်းတစ်ခု လိုအပ်လွန်းလှသလို စိတ်အဟာရ အတွက် စာကောင်းပေမွန်တွေ ရွေးချယ်ဖတ်တတ်ဖို့လည်း လိုအပ်လှပါတယ်။
လူငယ်တော်တော်များများ က စာအုပ်မဖတ်ဖြစ်ကြပါဘူး။ Socialလွှမ်းမိုးမှုတွေ ၊ဂိမ်း တွေ နဲ့ အချိန်တွေကုန်ပြီးစာပေဘက် ကို အဖေ၊အမေတွေ ကိုယ်တိုင်အားပေးပြီးစာကြည့်တိုက် ရှိတဲ့ ကျေးရွာ ဖွံ့ဖြိုးမှုရှိတဲ့နေရာလေး အချို့သာ စာပေနဲ့ထိတွေ့နေကြတာပါ။
စာမဖတ်တဲ့သူက ဖတ်ဖို့ စိတ်ကိုမဝင်စားတဲ့ လူစုရယ်လို့ သီးသန့် ရှိနေတယ်လို့ ကျွန်မ ပတ်ဝန်းကျင်တစ်ဝိုက်ကို ကြည့်ပြီး ပြောချင်ပါတယ်။
ဒါကြောင့် စာမဖတ်တဲ့သူလေးတွေ ကို #ပျော်ရွှင်ပါစေ စာအုပ်တစ်အုပ်လေးပဲအရင် ဖတ်ကြည့်ခိုင်းလိုက်ရင် သူတို့ရဲ့
စိတ်ဓာတ် ၊ အသိဥာဏ် လုံးဝ ကွာခြားလာမှာ၊ ပြုပြင်ပြောင်း လဲလာမှာလို့ယုံကြည်ပါတယ် ။
ဒါ့ကြောင့် ဒီစာအုပ်လေးဟာ ဘဝမှာ ဘယ်လိုနေထိုင်သင့်တယ်၊ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေး ၊ပညာရေး အတွက် လမ်းညွှန်မှုတွေ ပျော်ရွှင်စေဖို့ အချက်လေးတွေ ကျွန်မအပေါ် လုံးဝလွှမ်းမိုးတဲ့ စာအုပ်လေးဖြစ်တာကြောင့်ကျွန်မလက်ကမချနိုင်အောင် သဘောကျ ပြီး လက်တွေ့ဘဝနဲ့ ကိုက်ညီတဲ့စာအုပ်လေးဖြစ်တာကြောင့် ဖတ်ကြည့်စေချင်လွန်းလို့ ညွှန်းလိုက်ရပါတယ်ရှင်။
စာဖတ်သက်ရင့်နေတဲ့ ကိုကိုမမတွေရော...ဝတ္ထုရသတွေ ဖတ်နေရင်း အလှည့်အပြောင်း......ဒီစာအုပ်လေးကို ဖတ်ကြည့်ဖြစ်တဲ့အခါ ကြိုက်နှစ်သက်မိခဲ့ရင်သင့်တော်တဲ့စာသိပ်မဖတ်ဖြစ်တဲ့ပတ်ဝန်းကျင် က မောင်လေး ညီမလေး တွေကို လမ်းညွှန်ပေးကြပါလို့ပြောချင်မိပါတယ်။
စာချစ်သူ မိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင်ပြီးစာအုပ်ကောင်းလေးတွေအများကြီး ရွေးချယ် ဖတ်ရှုနိုင်ပါစေနော် ❣
❇ ❇ ❇ ❇ ❇ ❇ ❇❇ ❇ ❇ ❇❇ ❇ ❇
ဝင့်ဝါ