မေတ္တာအပြည့်နဲ့ လွှမ်းခြုံထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပြီး စေတနာအရင်းခံသော အကြောင်းအရာပေါင်း များစွာကို သီကုံးဖွဲ့နွဲ့ရာမှာ တစ်ခါတစ်ရံ နုလွန်းလှလွန်းသလောက် များသောအားဖြင့် ရဲရဲတင်ပြဝံ့သူ၊ ပြတ်ပြတ်ထင်ထင် ဖော်ကြူးတတ်သူတစ်ဦးလည်းဖြစ်တဲ့ စာရေးဆရာပီတိ(ပေကြီး)ရဲ့ "ညီမလေးသို့ နှလုံးသားဓာတ်စာ" စာအုပ်ဖြစ်ပါတယ် ။
စာအုပ်မျက်နှာဖုံးပေါ်မှာ မိန်းကလေးတိုင်းဖတ်သင့်သည့်ဆောင်းပါးများလို့ ရေးထားသလိုပါပဲ တကယ့်ကို မိန်းကလေးတိုင်းဖတ်သင့်ပါတယ်။ အစ်ကိုတစ်ယောက်က ညီမလေးဆီကို ပေးတဲ့ ပေးစာသဘောမျိုး စေတနာစကားတွေပါ၀င်နေပါတယ်။
ဘယ်လိုလူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်သလဲ
ဘယ်အရွယ်မှာအိမ်ထောင်ပြုသင့်သလဲ
မိန်းကလေးတစ်ယောက်ရဲ့ဘ၀တန်ဖိုးဟာဘာလဲ
လက်မထပ်မီအတူတကွနေထိုင်သင့် မနေထိုင်သင့်
အင်တာနက်ဟာ ဘ၀လား
ဖုန်းယဉ်ကျေးမှုဆိုတာဘာလဲ
စတဲ့စတဲ့အချက်တွေဟာ စိတ်၀င်စားဖို့ကောင်းလှပါတယ်။
ခေတ်ထဲစီးမျောနေတဲ့ မြန်မာ့အခြေအနေ လူနေမှုစရိုက်လက္ခဏာတွေကြားမှာ မိန်းကလေးများ ဘ၀ အမှားအမှန်ဝေခွဲမရဖြစ်နေပြီလား။ ပြောင်းပြန်ဖြစ်လာတဲ့ ယောကျာ်းလေး မိန်းကလေးတွေရဲ့ ဖြတ် သန်းရှင်သန်မှုမှာ မိန်းကလေးတွေအမှောင်ကျနေခဲ့ပြီလား။ တွေးတောစရာ ဆင်ခြင်စရာ လိုက်နာကျင့်သုံး စရာ အချက်တွေ ရောပြွန်းပါ၀င်နေပါတယ်။
၁။ ပျို့ဂုဏ်ရည်
၂။ ဘာရည်ရွယ်ချက်နဲ့ အင်တာနက်အသုံးပြုတာလဲ
၃။ ပုံမှန်
၄။ ခေတ်နောက်ပြန်၍တိရစ္ဆာန်ကမ္ဘာကို ဖန်တီးနေကြသူများ
၅။ လက်မထပ်မီအတူတကွနေထိုင်ခြင်းနှင့် ညီမလေးတို့သိသင့်တဲ့အချက်များ
၆။ ညီမလေးအတွက် မွေးနေ့လက်ဆောင်
၇။ ဘ၀လက်ကျန်
၈။ တူနှစ်ချောင်းအိမ်ထောင်ဖက်
၉။ ညီမလေးအိမ်ထောင်ပြုသင့်တဲ့အရွယ်
၁၀။ အတုအစစ်
၁၁။ အိမ်သာ
၁၂။ မိန်းကလေးများ ဘ၀ကို လောင်းကြေးထပ်ခံရခြင်း
၁၃။ ဖုန်းယဉ်ကျေးမှုနဲ့ ညီမလေးတို့ ဘ၀များ
၁၄။ ဘောလုံးပွဲနဲ့ မိန်းကလေးများ
၁၅။ သံသယနောက်ကျော
၁၆။ စိတ်ဓာတ်စာ
ဆိုတဲ့ ဆောင်းပါးရှည်များနဲ့ဖွဲ့စည်းထားပြီး ဆောင်းပါးတစ်ပုဒ်ခြင်းစီရဲ့ အစမှာလည်း အနှစ်ချုပ်ကောက်စာ လေးတွေကို ထည့်သွင်းထားတဲ့အပြင် ရောင်စုံသရုပ်ဖော်ပန်းချီများလည်းပါ၀င်နေပါတယ်။
စာရေးသူက သူ့စာအုပ်ကို နှလုံးသားဓာတ်စာလို့
ခေါင်းစဉ်တပ်ထားသော်ငြား တကယ်တော့ ဦးနှောက်ဓာတ်စာဆိုလည်းမှားမည်မထင်ပါ။ ပေါ့ပါးသွက်လက်သော အရေးအသားတွေကြားက လေးနက်တည်ကြည်တဲ့စာသားတွေကို ခံစားမိစေမှာပါ။
စာအုပ်မှာယူလိုပါက
????အမည်ရင်း
????ဖုန်းနံပါတ်
???? အိမ်အမှတ်
???? လမ်းအမည်
???? ရပ်ကွက်အမည်
???? မြို့အမည်
???? တိုင်းဒေသကြီးအမည်များကို
စာမျက်နှာတွင်စာပို့၍ဖြစ်စေ။
09402505029ကိုဖုန်းဆက်၍ဖြစ်စေ
ပေးပို့မှာကြားနိုင်ပါတယ်။
????????????
လိပ်စာအချက်အလက်စုံလင်စွာပေးခြင်းဖြင့်ပို့ရလွယ်ကူအောင်ကူညီပေးစေလိုပါသည်။
????????????စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ။????????
�????????????????????????????????????????????????????????????????????????????
ပီတိစာပေရပ်ဝန်း
09 428994318
#ပီတိ(ပေကြီး)
#ညီမလေးသို့နှလုံးသားဓာတ်စာ