အလွန့်အလွန်ကောင်းဆိုတဲ့ စကားလုံးထက် ကောင်တဲ့စကားလုံး ရှာမတွေ့၍ အလွန့်အလွန်ကောင်းသော စာအုပ်လို့ပဲ ပြောလိုက်ပါရစေ။
ရသစာတမ်း ဆိုတဲ့အတိုင်း နူးညံံ့သိမ်မွေ့စွာ စကားပြောဟန်နဲ့ ဆရာကရေးပြထားပါတယ်။
ဆရာဦးတင့်ဆွေများ ဘေးနားနေ လာပြောနေသလာ မှတ်ရလောက်အောင် ကလောင်စွမ်းထက်ပါတယ်။
" ယနေ့ အရေးကြီးသည် "
ယနေ့ အရေးကြီးသည် ဟု လူတိုင်း အောက်မေ့သင့်ကြလှပေးသည်။ သို့ရာတွင် အရေးကြီးသည် ဆိုသည်မှာ ပြေးရန် လွှားရန် အရေးကြီးသည် မဟုတ်၊ အလုပ်လုပ်ရန် အရေးကြီးကြောင်းကို သဘောပေါက်သင့်လှပေးသည်။
" ငါ "
သူ ကောင်းစား၍ ငါ ပျက်စီပြလေပြီ စသည်ဖြင့် ငါ ဟူသော အတ္တ ကို အရင်းခံကာ စဉ်းစားနေသော လူတစ်ဦး တစ်ယောက်အတွက် စိတ်ချမ်းမြေ့မူမည်သည် ရှိနိုင်ရန် အလွန်တရာမှ ခဲယှဉ်းပေလိမ့်မည်။
" ဆင်းရဲသား "
အထက်လူလည်း ရှိ၏။ အောက်လူလည်း ရှိ၏။ သတ္တိ ရှိက အထက်လူနှင့် ရန်ဖြစ်သင့်က ဖြစ်ပါ။ သတ္တိ မရှိက အသာနေပါ။ မိမိ အောက်လူကိုဖြင့် ဘယ်အခါမှ မညှဉ်းဆဲပါနှင့်။
" လူကြီးနှင့် လူငယ် "
လူနှင့်သက်ဆိုင်သော ကိုယ်ကာယအပြောင်းအလဲ၊ ပညာနှင့် စိတ်ဓာတ်အပြောင်းအလဲ ပညာများကို သားသည်အဖေ၊ သားသည်အမေ၊ ကျောင်းဆရာအစရှိသည့် လူကြီးလုပ်သူတိုင်း လေ့လာလိုက်စားသင့်လေသည်။
" တို့ဘာသာ "
ကျွန်တော်တို့နိုင်ငံတွင် ဗုဒ္ဓသာသနာ တကယ်ထွန်းကားလျှင် လူမျိုး မည်သည့်အခါမှ မတိမ်ကောနိုင်။
" ကစားစရာ "
ကလေးကို မရိုက်ရ၊ ကစားစရာ ဝယ်ပေးရမည်။ ကလေးကို မုန့်ဝယ်ကျွေးရမည်။ ကလေးကို မအော်ရ၊ မငေါက်ရ၊ ချိုချိုသာသာ စကားပြောရမည်။ ပုံပြောပြရမည်။ သီချင်း ဆိုပြရမည်။ ကလေးကို မခိုင်းရ။ ကလေးခိုင်းသည်ကို လူကြီးက လုပ်ရမည်။ မလုပ်လိုလျှင် အိမ်ထောင်မပြုဘဲ လူပျိုကြီး၊ အပျိုကြီး လုပ်နေပါ။
" ရှေ့နေကလေးတော့ နည်းနည်း လိုက်ပါရစေ "
ဤကမ္ဘာမြေကြီးနှင့် ဤလောကကြီးသည် လူကြီးများအတွက်သာ တည်ရှိနေသည်မဟုတ်။ ကလေးများအတွက်လည်း ဖြစ်၏။ သူတို့၏ အခွင့်အရေးများကို မပိတ်ပင်ပါနှင့်။
" စာရေးဆရာ "
စာရေးဆရာမည်သည်မှာ မွဲသော်လည်း အလွန် မိမိ၏ အလုပ်ကို မိမိဂုဏ်ယူ၍ တန်ဖိုးထားတတ်ကြသော လူမျိုး တစ်မျိုး ဖြစ်ပါသည်။ မိမိအလုပ်တွင် များစွာ စိတ်ဝင်စားပြီး အလွန်စိတ်ကူးယဉ်လျက် ပျော်ရွှင်နေတတ်ကြသော သတ္တဝါတစ်မျိုး ဖြစ်ပါသည်။
" သတိသံဝေ ရပါလေတော့ "
နိုင်ငံ၏ အင်အားအမျိုးမျိုးကို ပြန်လည်ထူထောင်နိုင်ရန် အတ္တဟိတ၊ ပရဟိတ အကျိုးနှစ်ပါးအတွက် ထိထိရောက်ရောက် အနစ်နာခံရမည့်အခါမျိုးသာ ဖြစ်ပါ၏။ ဤသို့မပြုလုပ်ကြဘဲ အချင်းချင်း ဂုဏ့်းပြိုင်နယ်လု နေလိုကြပါလျှင် အားလုံး ပျက်စီးကြရပေလိမ့်မည်။
" မိုးတစိမ့်စိမ့် "
ငြိမ်ချမ်းရေးကို ရလိုလျှင် လူတိုင်း လူတိုင်း မိမိအပြစ်ကို မိမိပြင်၍ မိမိကိုယ်ကိုယ် မိမိ စ၍ ပြုပြင်ရပေလိမ့်မည်။ လူတိုင်းလူတိုင်း မပြုပြင်နိုင်စေကာမူ အရေးကြီးသောနေရာများတွင် အရေးကြီးသော ပုဂ္ဂိုလ်ကြီးများက စ၍ ပြုပြင်ကြလျှင် များစွာ ခရီးရောက်ပေလိမ့်မည်။
#ဖြိုးဝေ
Publisher Name: စာနဒီ စာအုပ်တိုက်
Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Publisher Phone Number: 095071196, 095071197