မောင်ရင်တာက တောသား။လူကသာ
ပလီစိချောက်ချက် တောင်ရေးမြောက်ရေးစာတွေ
လျှောက်ရေးနေတာ စာကိုဘယ်လိုဘယ်ပုံဖတ်ရမှန်း
လဲသေချာမသိဘူး။ပြီးတော့ ခံစားချက်ကြီးတစ်ခုနဲ့
အရိုးကုဆရာဝန်ဖြစ်လာတဲ့လူ။
`မင်းကဘာဆရာဝန်လဲ´ဆိုပြီးမေးတဲ့မေးခွန်းဟာ
ဘယ်လောက်အနေရထိုင်ရကျပ်သလဲဆိုတာ
မောင်ရင်တာသိတာမှ ဟိုဘက်ကမ်းကိုလွန်လို့။
မောင်ရင်တာကတောသားဆိုတော့ရွာကိုချစ်တယ်။
အမေကိုသတိရလို့ပဲဖြစ်ဖြစ်။ရွာကအဟောင်းမြင်းတွေနဲ့
လူအိုလူဟောင်းသံယောဇဉ်အပေါင်းတကာနဲ့
ထွေရာလေးပါးစကားပြောဖို့ဆိုဖို့ဆို
ဖိုးကျိုင်းတုတ်လိုလူစား။
စဉ်းစားကြည့်ကြဦး။မော်ဒန်ကဗျာဆရာဖြစ်တဲ့
မောင်ရင်တာက ရွာက သာလာယံဇရပ်ကြီးတည်ဆောက်ပြီးစီးသည့်အတွက်
ကာရံညီတဲ့ကဗျာချိုး။စာချိုးတွေစပ်ရတော့
သူ့မျက်နှာဘဟ်လိုဖြစ်နေမလဲဆိုတာ။
မောင်ရင်တာက မျောက်ကနေဆင်းသက်တယ်။
ဘာဖြစ်ဖြစ် နွားကနေဆင်းသက်တာထက်တော့
ခန္ဓာဗေဒအရဖြစ်စေ။စိတ္တဗေဒအရဖြစ်စေ
လက်မထောင်နိုင်သေးတယ်လို့ ယူဆတယ်။
မောင်ရင်တာရဲ့အကျင့်က ယားတတ်တာ။
သူယားတာက ကိစ္စမဟုတ် ယားတိုင်းစာတွေ
တောင်ရေးမြောက်ရေးလျှောက်ရေးတာ။
ကလေးစာလိုလို အဓိပ္ပာယ်မရှိတဲ့။မက်ဆေ့မပါတဲ့
စာတွေဖြစ်မှာလဲဆိုးသေး။ဘေးကလဲ
ဝိုင်းညှော်တာခံရတော့။သူစိတ်ညစ်တယ်။
ဒါပေမဲ့ ယားတိုင်း စာကတော့ရေးဦးမှာပဲတဲ့။
(ဒီနေရာမှာမဆီမဆိုင် စာအုပ်နဲ့မဆိုင်တာ လျှောက်တွေးရရင် အာရင်ဘတ်ပြောသလို
ဒဿနဆန်ဆန်အတွေးအမြင်တွေ
ဝတ္တုထဲထည့်ရင်း အဆုံးမှအဖျားရှူးသွားကြတာမျိုးကို
ဆိုလိုချင်ပုံရတယ်)
ယောကျာ်းပျင်းကျောခင်း။မိန်းမပျင်းခြေဆင်း
ဆိုပြီး သမုတ်တဲ့လူ့ဘောင်ကြီးမှာ
မောင်ရင်တာကတော့ ကုလားထိုင်ပေါ်မှာ
ထိုင်ရတာသဘောကျတယ်။ထိုင်သမှ
မတ်မတ်ထိုင်တာတောင်မဟုတ်။ကျောကိုကွေးပြီး
ငပျင်းဆိုက်ဒ်နဲ့ခွေခေါက်ထိုင်တာ။
ဒါမှအရသာရှိသတဲ့။
ဟေ့ကောင် ငပျင်းလို့ခေါ်ရင်လဲ
ဝါးးးလားးလားလို့သန်းဝေပြရုံပဲ။
ထိုင်ပုံထိုင်နည်းပုံစံမကျလို့
တပည့်ဖြစ်တဲ့ရီယန်ကို ကြိမ်နဲ့ရိုက်ဖူးတဲ့
ကွန်ဖြူးရှပ်သာ ကလီယိုပက်ထရာနဲ့တွေ့ရင်
ညို့သကျည်းချည်းပဲတုတ်နဲ့ရိုက်လိမ့်မယ်လို့
ကိုရင်တာက တွေးသပေါ့။
ခေတ်သစ်ကမ္ဘာကြီးမှာ ပညာရဲ့အခန်းကဏ္ဍက
ဘယ်လိုဘယ်ပုံဆိုတာ မောင်ရင်တာ
ကောင်းကောင်းသဘောပေါက်တယ်။
သူ့အဆိုအရ ကမ္ဘာကိုထုဆစ်တဲ့လူ၃ယောက်
ရှိသည်ဟူသတတ်။
သူတို့ကတော့ ဒါဝင်။ကားလ်မာ့စ်နဲ့ ဖရွိုက်တဲ့။
ဒီ၃ယောက်ထဲကို တေလာ ကိုလဲ မောင်ရင်တာက
ထပ်ဖြည့်ချင်သေးသဗျ။
ကိုရင်တာက စာဆိုရင်modeရှိမှဖတ်တာ။
သူများညွှန်းလို့ကွန့်လို့ ကောင်းပါတယ်ဆိုတဲ့
စာအုပ်တွေကြိုးစားဖတ်သော်ငြား
စိတ်မပါလာရင် ဘုတ်အုပ်ကိုပိတ်
ကွပ်ပျစ်ပေါ်မှာလှဲ။ကြည်လင်နေတဲ့ကောင်းကင်ကို
တစ်မနက်လုံး လှဲပြီးကြည့်နေတတ်တဲ့ကောင်။
ဒီမှာ စာဖတ်ပုံဖတ်နည်းနဲ့ပတ်သက်ပြီး
ကိုရင်တာ ဆရာနည်းနည်းလုပ်တယ်။
Unengaged readingနဲ့ Engaged readingဘာညာ။
မှတ်သားစရာအခန်းတွေ????????။
အဆုံးသတ်မှာတော့ အမေ့အကြောင်းရေးပြီး
ဝတ္တုတိုယောင်ယောင်။ဆောင်းပါးစုစည်းမှု့ယောင်ယောင်
စာအုပ်လေးကိုအဆုံးသတ်ပလိုက်တယ်။
အိပ်ရာထဲလေဖြတ်ပြီးလဲနေတဲ့အမေဖြစ်သူကို
ကြည့်ရင်း မောင်ရင်တာ စဉ်းစားခန်းက
တောင်ရေးမြောက်ရေး ရေးထားတာဆိုပေမဲ့
ရင်ထဲက အရာတွေကို ဆွဲထုတ်သွားသလိုပဲ။
ဖတ်နေရင်း အမေ့ကိုတောင်ယောင်ယမ်းပြီး
ကြည့်မိတဲ့အထိ ရင်မှာမကောငိးဘူး။
လူတိုင်းမှာ Right to die(သေပိုင်ခွင့်)ရှိတဟ်။
ဒါကိုမောင်ရင်တာကော ကျွန်တော်ကော
လက်ခံပါတယ်။
အရှေ့ပိုင်းက ပလီစိချောကိချက်ရေးထားတဲ့
စာတွေကိုဖတ်နေရင်း ပြုံးစိစိဖြစ်နိုင်ပေမဲ့
နောက်ဆုံးအခန်းဖြစ်တဲ့
အခန်း(14) အမေသတိလစ်ခြင်း
အခန်း(15)အမေ့ခေါ်သံမှာ
မောင်ရင်တာက ခင်ဗျားတို့ကိုကောင်းကောင်း
ဒုက္ခပေးမှာ။ဒါက တောင်ရေးမြောက်ရေးမဟုတ်။
တကယ့်ခံစားချက်။သားတစ်ယောက်ရဲ့ခံစားချက်ဆိုပြီး!!!!
Gliby Clarke