စာအုပ်အမည် #မနက်စာအာဟာရ_၁
#MorningVitamins1
စာရေးသူ #မွန်ဟော်စီ #MonHalsey
စာအုပ်မှတ်တမ်း #၂၀၂၀ခုနှစ်_ဒီဇင်ဘာလ_ပကြိမ်
အုပ်ရေ #၃၀၀၀
တန်ဖိုး #၄၀၀၀
စာအုပ်တိုက် #ပန်းဆက်လမ်း #PannSattLann
တစ်နေ့တာလုံးကို စိတ်ခွန်အားတွေနဲ့ ဖြတ်သန်းချင်ပါသလား ? ဒါဆိုရင်တော့ အိပ်ရာနိုးတာနဲ့ မျက်နှာမသစ်ရသေးခင် အရင်ဆုံး ဒီထဲက စာလေး တစ်ပုဒ်ကိုဖတ်ကြည့်ပါ ...
Morning vitamin လို့ ဆိုထားတဲ့ အတိုင်း မနက်စာ အာဟာရ ခွန်အားဖြည့် စာစုလေးတွေကြောင့် စိတ်ခွန်အားတွေ ပိုမို တိုးတက်ကောင်းမွန်စေပြီး အောင်မြင် ကျေနပ်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်စေပါလိမ့်မယ် ...
ဘာလို့လဲဆိုတော့ နေ့တစ်နေ့အတွက် အရေးအကြီးဆုံးအချိန်ဟာ မနက်အိပ်ရာ နိုးထကာစအချိန်ပဲ ဖြစ်ပါတယ် ... မနက် အိပ်ရာထ စိတ်မကြည်တဲ့ အခါ တစ်နေ့တာလုံး ဘာလုပ်လုပ် အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ် ... အဲ့တာကြောင့် ပညာရှိအချို့က ပြောကြတယ် ...ပြဿနာတွေရဲ့ အစဟာ မနက်ခင်း အိပ်ယာထချိန်က စတယ်တဲ့ ...
ဒီထဲမှာပါတဲ့ တချို့အကြောင်းအရာက လွယ်သယောင်ယောင်နဲ့ ခက်တာမျိုးရှိတယ် ... ဒါပေမဲ့ နှလုံးသားထဲကို စွဲမြဲသွားတဲ့အခါ ကိုယ့်အတွက် ကောင်းမွန်တဲ့ ရလာဒ်တွေ ဖြစ်ပေါ်လာစေပါလိမ့်မယ် ...
ဥပမာ - ကိုယ့်ကို လူတစ်ယောက်က စော်ကားမော်ကား ပြောဆိုလာတယ် ဆိုရင်တောင် ဒီထဲက ကိုယ်ဖတ်ထားတာလေး မြင်ယောင်ပီး သည်းခံလိုက်နိုင်တာမျိုး ...
ကျွန်တော်ဆို မနက်မိုးလင်းရင် ခေါင်းမကြည်တတ်တာကြောင့် မြင်မြင်သမျှကို ဒေါသထွက် စိတ်တိုနေမိတတ်တယ် ... အဲ့လိုဖြစ်တော့ လူက မနက်ပိုင်းမှာတင် energy တွေကုန်ပြီး ပင်ပန်းသွားတယ် ...
မမွန်ရဲ့ ဒီစာအုပ်လေးဖတ်ကြည့်တော့ မနက်တိုင်း ကိုယ့်စိတ်ကို မကြည်လင်စေတဲ့ အကြောင်းအရင်းတွေ သွားတွေ့တယ် ...
အဲ့ နည်းစနစ်တွေအတိုင်း လိုက်လုပ်ကြည့်တော့ စိတ်က ကြည်လင်လာပြီး တစ်နေ့တာလုံးကို ခွန်အားအပြည့်နဲ့ မည်သည့်အခက်အခဲ မဆို ရင်ဆိုင်ချင်လာတဲ့ စိတ်တွေဖြစ်လာတယ် ...
အဲ့တာကြောင့် ဒီစာအုပ်လေးဟာ ညဘက် အိပ်ရာဘေးမှာ ထားအိပ်ပြီး မနက်နိုးတာနဲ့ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ် ...
#PyaeArKar
#စာညွှန်းအိမ်