ဒဂုန်တာရာ
နေ့စဉ်မှတ်တမ်း
စိတ်ကူးချိုချိုအနုပညာ ၊
ဒုတိယအကြိမ် ၊ ဖေဖော်ဝါရီ ၂၀၁၉။
( ၂၀၁၂ ၊ စံပယ်စာအုပ်တိုက်၏ပထမအကြိမ်မူကို
ဖြည့်စွက် ထုတ်ဝေခြင်း )
မျက်နှာဖုံးပန်းချီ - ဘဋ္ဌေးကြည်။
၁၃.၁ စင်တီမီတာ x ၁၉ စင်တီမီတာ။
စာမျက်နှာ - ကနှင့်ခ + ၁၅၉ ၊ တန်ဖိုး - ကျပ် ၂၀၀၀။
၃ ဒီဇင်ဘာ ၂၀၁၁ တွင် ရေးသားခဲ့သော စာရေးသူ၏ အမှာစာ ပါရှိသည်။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ၌ သြဂုတ် ၁၉၉၈ မှ မတ် ၂၀၁၂ အထိ ရေးသားခဲ့သော ဆောင်းပါး များနှင့် ငြိမ်းချမ်းရေးပန်ကြားလွှာတို့ကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။
ပထမမျိုးဆက်၏သင်းရနံ့၊ နေ့စဉ်မှတ်တမ်း၊ မာယာ၏ အသံ၊ ငယ်သူငယ်ချင်းသုံးယောက်၊ အိမ်လွမ်းစိတ္တဇ၊ ဘူတာရုံကြီး ပလက်ဖောင်းမှာ၊ ဂျစ်ပစီတေးသံ၊ ပွတ်ရ်ှကင် ဂန ္ထဝင် နှစ် ၂၀၀၊ စန္ဒရားဆရာ ဝတ္ထု၊ မိလန္နိယ၊ မာယာပန်းရုံ၊ ချယ်ရီတုတ်နှင့် ဂေါ်ရခါးရွက်စိမ်း၊ ရေကျော်ဇာတ်လမ်း၊ ကိုရီးယားကျွန်းဆွယ်မှ ချစ်ရနံ့ ပုံကား ချပ်၊ မိလန္နိယ ယဉ်ကျေးမှု၊ နွဲ့ ၊ ချယ်ရီနီစွေးဆင်သ နေ့ စဉ်မှတ်တမ်း၊ ယုဒသန်မှ လရောင်ပြိုးပြက်၊ နွေဦးအိပ်မက်၊ ပင်စိမ်းပင်အိုမှ စိမ်းနုရွက်သစ်၊ စံ ၊ စွန်ပလွံပင် စိမ်း မြနှင့် ရွှေအိုရောင်သဲကန ္တာရ၊ စိမ်းမြနွယ်ခက် ပြိုးပြက်၊ အတိတ်နှင့်အနာဂတ်ကို တိုးတိုက်မိခြင်း၊ အချစ်နှင့် အမုန်း၊ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ၆စောင်၊ ဇရာဗေဒ နှင့် နိုင်ငံရေး၊ နေ့စဉ်မှတ်တမ်း စသည့် အရေး အသား ၃၃ ပုဒ် ပါရှိသည်။
''ကျွန်တော်ကတော့ ဂျစ်ပစီတေးသံကို နားထောင်ရင်း
ယနေ့ကမ ္ဘာတွင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များကို နိုင်ငံရေးဂျစ်ပစီဟု ခေါ်ရမည်လားလို့ စဉ်းစားတွေးတောနေမိပေသည်။
ဂျစ်ပစီ ဆိုသည်ကတော့ ဂီတအနုပညာကို ချစ်မြတ်နိုး၍ ပြည်သူတို့ကို အနုပညာဖြင့်ဖျော်ဖြေသူဟု နားလည်ထား သည်။ နိုင်ငံရေးဂျစ်ပစီကတော့ အိမ်နီးချင်းများကို
ခေါင်းကိုက်စေသူ။ ''
( ဂျစ်ပစီတေးသံ ၊ စာမျက်နှာ - ၄၆ မှ )
''စာရေးဆရာနှင့် နိုင်ငံရေးသမားမှာ အမှန်တရားရှာဖွေ ရာတွင် တူကြသည်။ သို့သော် ရှာပုံရှာနည်း လှုပ်ရှားမှု ပုံသဏ္ဌာန်ကတော့ မတူ။
ဝေဝါးနေ၍မဖြစ်။ ဦးတည်ချက်ရှိရမည်။ ထင်ရာလုပ်၍ မဖြစ်။ ယင်းဦးတည်ချက်မှ လွဲချော်မသွားဖို့သည် မိမိပါ ဝင်နေသော စာပေလှုပ်ရှားမှု ( သို့မဟုတ် ) နိုင်ငံရေး လှုပ်ရှားမှုတွင် အရေး ကြီးသည်ကို တချို့က သိမှသိပါလေစ။''
( ချယ်ရီတုတ်နှင့် ဂေါ်ရခါးရွက်စိမ်း၊ စာမျက်နှာ - ၆၈ နှင့် ၆၉ မှ )
''ကျွန်တော်တို့သည် ရာဇဝင်ကိုဖြတ်သန်းနေကြသည်။ လမ်းကွေ့ လမ်းဆိုး၊ လမ်းဆင်း လမ်းတက်ကတော့ တစ်ဦးနှင့်တစ်ဦး မတူကြ။ ထောင်စုနှစ်ဟောင်း နှစ်သစ်အကူးတွင် စိတ်ထင့်နေသည်ကတော့ အခြားမဟုတ်။
၂၁ ရာစု ကူးလာသောခေတ်တွင် ကမ ္ဘာကြီးသည် ငြိမ်း ချမ်းရေး ရှိမှရှိပါ့မလား။ လမ်းတွင် ကျွန်တော့်ကိုလိုက်ပို့သော တူမက '' ဦးလေးတို့ မျိုးဆက်က လူတွေက ထက်မြက်တယ်'' ဟု လွှတ်ခနဲ ပြောလိုက်သည်။ ကျွန်တော်တို့ ပထမမျိုးဆက်ထဲတွင် ကျွန်တော်က အငယ်ဆုံး။ အကြီးဆုံးကတော့ ကျွန်တော့်ထက် ၁၂ နှစ်ကြီးသည်။ သဘောထားချင်း တစ်ထပ်တည်းတော့ တူချင်မှတူမည်။ တူစရာမလို။
ကျွန်တော်က ချက်ချင်း တူမကိုတုံ့ပြန်လိုက်သည်။
'' သည်ထဲမှာ အညံ့ဆုံးက ဦးလေးကွ'' ဟုပြောလိုက်သည်။ သည်လိုပဲ ကျွန်တော့်ကိုယ်ကျွန်တော် ထင်သည်။''
( မိလန္နယ ၊ စာမျက်နှာ - ၅၈ နှင့် ၅၉ မှ )
'' နေ့စဉ်မှတ်တမ်း ကျွန်တော့်စာကတော့ သူများနှင့်မတူ သည်ကိုတော့ သတိပြုမိသည်။ မှတ်တမ်းဆိုတာကတော့ စနစ်တကျ လုပ်ကြရပေမည်။ ကျွန်တော်ကတော့ ကျွန်တော့်ရင်ထဲလာရိုက်သော အဖြစ်အပျက်များကို ဟိုတစ်စ သည်တစ်စ ရေးဖွဲ့မိသည်ဟု ထင်ရသည်''
( စာရေးသူ၏အမှာ မှ ) ဟု ရေး ဖွဲ့ထားခဲ့သည့် ဆရာ ဒဂုန်တာရာ၏ အရေးအသားနှင့် အယူ အဆ တို့အား ဆွတ်ပျံ့လွမ်းမော ကြည်နူးဖွယ် ဖတ်ရှုလိုက်ရပါသည်။
မိုးမင်းသိမ်း
၂၇ မတ် ၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845