Eaint ဒီနေ့ပြောပြပေးချင်တဲ့စာအုပ်လေးကတော့ ဆရာမ"ထက်ရည်" ရဲ့ "အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်" ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။????????????
ဒီစာအုပ်ကလေးကိုမိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ချင်တဲ့၊ကိုယ်ရဲ့တန်ဖိုးထားမှုတွေနဲ့ကိုက်ညီပြီးရေရှည်လည်းခံမဲ့ပုံရိပ်တစ်ခုကိုတည်ဆောက်ချင်တဲ့အမျိုးသမီးတွေအတွက်ရည်ရွယ်ပါတယ် လို့ဆရာမထက်ရည်ရဲ့အမှာစာထဲမှာဖော်ပြပေးထားပါတယ်။
စာအုပ်လေးရဲ့နာမည်လေးအတိုင်းပါပဲ။အမျိုးသမီးတွေအတွက်အဓိရည်ရွယ်ပြီးရေးသားထားပါ။ဒါပေမဲ့အမျိုးသားတွေလည်းဖတ်လို့ရပါတယ်။
စာအုပ်လေးထဲမှာအဓိအားဖြင့်အပိုင်းသုံးပိုင်းပါပါတယ်။ Exploring Me ရယ်၊ Designing Me ရယ်၊ Mature Me ရယ်။အဲ့ကမှသူတို့နဲ့သက်ဆိုင်တဲ့အပိုင်းအသေးလေးတွေထပ်ခွဲထားတာပါ။????????????♀️
စာအုပ်ထဲမှာကိုယ်တိုင်လိုက်ဖြည့်ရမဲ့လေ့ကျင့်ခန်းလေးတွေ၊ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမယ့်မေးခွန်းလေးတွေ၊လည်းပါဝင်ပါတယ်။
စာအုပ်ထဲမှာကိုယ်ကြိုက်လို့ highlight တားထားတွေတော့အများကြီးပါပဲ။အဲ့ထဲကတချိုဟာလေးတွေကိုဖော်ပြပေးချင်ပါတယ်။????
>>ကောင်းမွန်တဲ့ပုံရိပ်ကိုတည်ဆောက်ချင်တဲ့အမျိုးသမီးတစ်ယောက်အတွက်အရေးကြီးတဲ့အချက်က Know your worth လို့ခေါ်တဲ့ကိုယ့်တန်ဖိုးကိုယ်နားလည်ဖို့ပဲဖြစ်ပါတယ်။(ဆရာမထက်ရည်)
>>နေ့စဥ်ဘဝမှာပျော်ရွှင်စရာသေးသေးလေးတွေကိုပျော်ရွှင်တတ်မှသာပျော်ရွှင်မှုအကြီးတွေကိုခံစားတတ်မှာပါ။(ဆရာမထက်ရည်)
>>Self image ကိုဖော်ပြနေတဲ့အရာတွေထဲကတစ်ခုက Little voice ကိုယ့်ကိုယ်ကိုယ်ပြောတဲ့အသံသေးသေးလေးတွေပါ။(ဆရာမထက်ရည်)
>>အမြဲလေ့လာနေခြင်း၊ကျွမ်းကျင်မှုတွေကိုမြှင့်တင်နေခြင်းအားဖြင့်ကိုယ်ရည်ကိုယ်သွေးကိုမြင့်တက်စေတဲ့အပြင်လုပ်ငန်းခွင်မှာရော၊လူမှုဆက်ဆံရေးမှာပါအကျိုးကျေးဇူးများမှာပဲဖြစ်ပါတယ်။(ဆရာမထက်ရည်)
>>ခန္ဓာကိုယ်နဲ့ဦးနှောက်နဲ့ကဆက်စပ်နေပါတယ်။ကိုယ်ကပျင်းတွဲတွဲကြီးနေလိုက်ရင်ဦးနှောက်ကလေးလေးကြီးဖြစ်သွားပြီးစိတ်ကပါပျင်းသွားရောတဲ့။ဒီတော့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီးအချိန်တိုင်းစမတ်ကျချင်ရင်မတ်မတ်လေးထိုင်၊မတ်မတ်လေးလမ်းလျှောက်ဖို့သတိရပါ။(ဆရာမထက်ရည်)
>>အခြေအနေတိုင်းကိုကိုယ်နှစ်သက်ချင်မှနှစ်သက်မှာပါ။ဒါပေမဲ့ကိုယ့်ရဲ့တုံ့ပြန်မှုပုံစံကိုတော့ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်။(ဆရာမထက်ရည်)
>>ကိုယ့်မှာဓာတ်မီးတစ်လက်ရှိရင်အများကိုအလင်းပေးနိုင်သူဖြစ်ပါစေ။(ဆရာမထက်ရည်)
>>အကောင်းအဆိုး၊အပူအအေး၊အလင်းအမှာင် ဆန့်ကျင်ဘက်တိုင်းဟာဆက်စပ်နေတယ်။ဒါကြောင့်လူမှာလည်းအကောင်းအဆိုးဆိုတာအမြဲရှိပါတယ်လို့ဆိုပါတယ်။မတူကွဲပြားမှုတွေနဲ့ဖွဲ့စည်းထားတဲ့လောကကြီးမှာအကောင်းတွေကိုမြင်အောင်ကြည့်ပါ။အခြေအနေဆိုးတွေထဲမှာတောင်မှအကောင်းကိုမြင်အောင်ကြည့်နိုင်အောင်လေ့ကျင့်ပါ။(ဆရာမထက်ရည်)
>>လုပ်စရာရှိတာမြန်မြန်သွက်သွက်လုပ်၊ဘဝမှာမဖတ်ဖူးတဲ့စာအုပ်တွေဖတ်၊မသွားဖူးတဲ့ခရီးတွေသွား၊ကိုယ့်ကိုယ်ကိုယ်တောင်ပြန်တုန်လှုပ်စေမဲ့ Challenge တွေလုပ်၊စိတ်ပျက်စရာလူတွေကိုဘဝထဲကထုတ်၊ကိုယ်သေသွားတဲ့အခါဘဝမှာတစ်ခုခုတော့ကောင်းတာလေးတွေလုပ်ခဲ့တယ်ဆိုတဲ့အသိလေးနဲ့သေရဖို့ကအရေးကြီးပါတယ်။(ဆရာမထက်ရည်)
>>အသက်အရွယ်တစ်ခုရောက်လာတဲ့အခါတာဝန်တွေများလာတဲ့အလျောက်အလှအပကိုလည်းမေ့နေတတ်ကြပါတယ်။ကျွန်မအမြင်ကတော့အမျိုးသမီးတစ်ယောက်အနေနဲ့ဘယ်အသက်အရွယ်မှာဖြစ်ဖြစ်လှပစွာပြုပြင်နေထိုင်ခြင်းကဂုဏ်ကျက်သရေကိုတိုးပွားစေတယ်လို့ထင်ပါတယ်။(ဆရာမထက်ရည်)
အစရှိတာလေးတွေပေါ့နော်။
ဒီစာအုပ်လေးကအမျိုးသမီးတွေအတွက်အရမ်းအသုံးဝင်မယ့်စာအုပ်လေးတစ်အုပ်ပါ။အမျိုးသမီးလေးတွေရော၊အမျိုးသမီးတွေရော၊အမျိုးသမီးကြီးတွေရော၊အားလုံးဖတ်ကြည့်ကြည့်ပါနော်။တကယ်ကိုယ့်ဘဝအတွက်အသုံးဝင်စေလို့ပါ။????
အစအဆုံးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
Eaint