Book Image

စသည်၊ စသည်ဖြင့်…

မြင့်သန်း


‘စသည်၊ စသည်ဖြင့်…၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အရေးအသားများ’စာအုပ်
‘စသည်၊ စသည်ဖြင့်’စာအုပ်သည် ‌ရွွေအမြု‌တေမဂ္ဂဇင်းတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေ၊ ဘာသာ စကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့်အ‌ရေးအသားများနှင့်ပတ်သက်‌သော ဆောင်းပါးများကို စုစည်း၍ နှစ်ကာလများစာ‌ပေက ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ်ထုတ်‌ဝေခဲ့‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်အမည်ကိုလည်း ‘စသည်၊ စသည်ဖြင့်…၊ စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အ‌ရေး အသားများ’ဟုအမည်‌ပေးထားသည်။

‘စသည်၊ စသည်ဖြင့်’စာအုပ်တွင် စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်းနှင့်ရသပညာ စသည့် ပညာရပ်ဆိုင်ရာများကို အ‌ထောက်အထားမဲ့၊ အကိုး အကားမဲ့ ‌ဖော်ပြသည့်အပြင် ‌သေချာ‌ရေးရာသည် သု‌တေသနပြုမှု မရှိဘဲနှင့် မိမိထင်မြင်ယူဆသည့် ထင်မြင်ယူဆချက်အတိုင်း မိမိနားလည်သည့် ‌ဘောင် တစ်ခုအတွင်းမှ ‌ရေးသား‌ဖော်ပြခဲ့သည့် စာတမ်းများနှင့်‌ဆောင်းပါးများ (ဆရာ)မြင့်သန်းက အကိုးအကားများဖြင့် ပြန်လည်‌ထောက်ပြရှင်းလင်းထား သည့် ‌ဆောင်းပါးများဖြစ်သည်။


‘စသည်၊ စသည်ဖြင့်’စာအုပ်တွင်


(၁)ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ ‌နောက်ခံသမိုင်းစာတမ်းအား ချဉ်းကပ်သုံးသပ်ခြင်း၊

(၂)ဝတ္ထုတို၊ မြန်မာ ဝတ္ထုတိုနှင့် စပ်ကြားအ‌ရေးအသား၊

(၃)သမိုင်းစာ၊ သမိုင်းဝတ္ထု ‌ရေကန်သာကြာတိုင်း‌အေး စသည် စသည်ဖြင့်၊

(၄)မြန်မာ ရသပညာဆိုတဲ့ ကိစ္စ၊

(၅) အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း၊

(၆)အနုပညာ၊ ရသပညာ၊ ကိုယ့်ကျင့်တရားနှင့်တန်ဖိုး၊

(၇)အနုပညာ၊ ခံစားချက်၊ ဂီတနှင့်ရသပညာ၊

(၈)သူများဇာတ်‌ကောင်၊ ကိုယ့်ဇာတ်‌ကောင်နှင့်လက်လွတ်စပယ် လုပ်ပိုင်ခွင့်၊

(၉)အနုပညာ၏ ဖန်တီးမှုနှင့်နည်းလမ်း

စ‌သော‌ဆောင်းပါးကိုးပုဒ်ကို ‌ဖော်ပြထားသည်။

(၁) ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ ‌နောက်ခံသမိုင်းစာတမ်းအား ချဉ်းကပ်သုံးသပ်ခြင်း ‌ဆောင်းပါးသည် ချစ်စံဝင်း‌ရေးသားခဲ့သည့် စာတမ်းဖြစ်‌သော ‘ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ‌ နောက်ခံသမိုင်း’နှင့်ပတ်သက်၍ အားနည်းချက်များကို ‌ဖော်ထုတ်‌ရေးသားပြထား‌သော ‌ဆောင်းပါးဖြစ် သည်။ ထိုစာတမ်းနှင့်ပတ်သက်၍ ‘ကျွန်‌တော်၏ ပုဂ္ဂလိကအမြင်သက်သက်အရ ထိုစာတမ်းဟု ကင်ပွန်း တပ်ထား‌သော စာတမ်းအ‌ပေါ် ‌ယေဘုယျ‌ကောက်ချက်‌ပေးရ‌သော် ‘‘ရသပညာ’’နှင့်စပ်လျဉ်း၍လည်း‌ ကောင်း၊ ဂီတဆိုင်ရာ၊ သဘင်ပညာဆိုင်ရာ ရသပညာနှင့် စပ်လျဉ်း၍‌သော်လည်း‌ကောင်း သို့မဟုတ် မြန်မာတို့၏ ဂီတနှင့်သဘင်ပညာရပ်ဆိုင်ရာ ရသပညာသမိုင်းနှင့်လည်း‌ကောင်း ‘‘လုံးဝ’’ဆက်နွယ်မှုမရှိ‌သော အ‌ရေးအသားတစ်ခုဟူ၍သာ မြင်သည်။ ထို့အပြင် ရသပညာ၏ အ‌ကြောင်းရင်း အတွင်းကျကျ၊ အရင်း အမြစ်စသည်တို့ (Indepth ကို ဆိုလိုသည်) စိုးစဉ်းမျှမသိဘဲ ‌ရေးသားထား‌သော အ‌ရေးအသားမျိုးသာဖြစ်‌ကြောင်း ‌ပေါ်လွင်လှသည်။ ‘‘ရသ’’နှင့်‘‘အရသာ’’ကို မကွဲဘဲ ထင်မိထင်ရာ ‌တွေးကာ‌ရေးထား‌ သော အ‌ရေးအသားသာ ဖြစ်‌ကြောင်း သိသာသည်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထား သည်။

(၂) ဝတ္ထုတို၊ မြန်မာဝတ္ထုတိုနှင့် စပ်ကြားအ‌ရေးအသား‌ ဆောင်းပါးသည် ဝတ္ထုတိုအ‌ရေးအသားစတင်ခဲ့ပုံ၊ ဝတ္ထုတိုဟု အမျိုးအစားခွဲခြားပုံ၊ မြန်မာ ဝတ္ထုတိုတို့နှင့်ပတ်သက်သည် ယူဆချက်များနှင့်သုံးသပ်ချက်များ၊ ဝတ္ထုတိုနှင့်အခြား‌သော စာ‌ပေအမျိုးအစားများအကြား အမျိုးအစားခွဲခြားရန် ခက်ခဲရသည့်အ‌ကြောင်းအရာများ စသည်တို့နှင့်ပတ်သက်၍ ‌ရေးသားထား‌သော ‌ဆောင်းပါးဖြစ်သည်။ ထို‌ဆောင်းပါးတွင် စာ‌ပေအမျိုးအစားခွဲခြားသည်နှင့် ပတ်သက်၍ ‘ရံဖန်ရံခါ အ‌ရေးအသားတစ်ခုကို ဖတ်ရှုရာတွင် အမျိုးအစားသတ်မှတ်ထားသည့်အတိုင်း ဖတ်မည်‌လော။ ဖတ်သူက သူ၏သိမှတ်ခံစား နားလည်းနိုင်သည့်အတိုင်း ဖတ်မည်‌လော ဆိုသည်မှာ စဉ်းစားစရာဖြစ်လာပြန်သည်။ ဤကိစ္စမှာ လူပုဂ္ဂိုလ်အသီးသီး၌ တည်‌နေ‌သော သီးခြားအပြုအမှု၊ စွမ်းရည်များဖြစ်သည်။ အ‌ရေးအသားများကို ဖတ်ရှုရာတွင် သာယာသူ၊ ကျွမ်းကျင်သူများ‌လောက်ကသာ သူဖတ်ရှု‌သော အ‌ရေးအသားကို ဤသည်မှာ ဝတ္ထုတို‌လော၊ ‌ဆောင်းပါး‌ လော၊ အက်‌ဆေး‌လောဟု ‌တွေးကြ‌ပေမည်။ သာမန်စာဖတ်သူ အများစုအဖို့မှာ (တစ်ဦးတစ်‌ယောက်‌ယောက်က) အမျိုးအစား ခွဲထားသည့်အတိုင်း လက်ခံကာ ဖတ်ရှုကြမည်ဟု ထင်သည်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၃) သမိုင်းစာ၊ သမိုင်းဝတ္ထု ‌ရေကန်သာကြာတိုင်း‌အေး စသည် စသည်ဖြင့်‌ ဆောင်းပါးသည် The Glass Palace ဝတ္ထုကို စာ‌ရေးဆရာ‌နေဝင်းမြင့်က ဘာသာပြန်‌ရေးသားသည့် ‘‌ရေကန်သာကြာတိုင်း‌အေး’ဝတ္ထုနှင့်ပတ်သက်၍ ‌ဝေဖန်ကြသည်များကို ပြန်လည်‌ထောက်ပြထား‌သော ‌ဆောင်းပါးဖြစ်သည်။ ထို‌ဆောင်းပါးတွင် သမိုင်းဆိုင်ရာစာ‌ပေအမျိုးအစားနှင့်သမိုင်း‌နောက်ခံဝတ္ထုတို့သည် မတူညီဘဲ ကွဲပြား‌ကြောင်း၊ သမိုင်းစာဖတ်ခြင်းနှင့်ဝတ္ထုဖတ်ခြင်း တို့သည်လည်း မတူညီ‌ကြောင်း၊ သမိုင်း‌နောက်ခံဝတ္ထုများကို သမိုင်းဆိုင်ရာအ‌ထောက်အထားများ၊ ‌ပေတံများဖြင့် လိုက်လံတိုင်းတာ၍ မဖြစ်နိုင်‌ကြောင်းနှင့် မူရင်းဘာသာစကားမှ မိခင်ဘာသာစကားသို့ ဘာသာပြန်ဆိုရာတွင် ကြုံ‌တွေ့ရသည့် ကိစ္စများ၊ သ‌ဘောထားများကို ‌ရေးသားထား‌သော ‌ဆောင်းပါး ဖြစ်သည်။ ထို‌ဆောင်းပါးတွင် ‘‌ရေကန်သာကြာတိုင်း‌အေး’ဝတ္ထုနှင့်ပတ်သက်၍ ‘‌နေဝင်းမြင့် ဘာသာပြန်ထား‌သော ‌ရေကန်သာကြာတိုင်‌အေးကို ဖတ် ပြီး‌နောက် ဘဝင်မကျဟု ဆိုကြသူများအ‌နေဖြင့် ကိုယ့်ဘာသာ ဘာသာပြန်၊ ကိုယ့်ဘာသာ ပုံနှိထုတ်‌ဝေကာ၊ ကိုယ့်ဘာသာ ဘဝင်ကျစွာဖြင့် ဖတ်ကြလျှင် အ‌ကောင်းဆုံးဖြစ်‌ပေ‌တော့မည်ဟု ကျွန်‌တော် မြင်မိသည်’ဟု (ဆရာ)မြင့်သန်းက ‌ရေးသားထားသည်။

(၄) မြန်မာ ရသပညာဆိုတဲ့ ကိစ္စ‌ ဆောင်းပါးသည် မြန်မာ့ရသပညာရပ်နှင့်ပတ်သက်၍ အ‌ထောက်အထားမဲ့၊ အကိုးအကားမဲ့ဖြင့် ပညာရပ်ဆိုင်ရာကိစ္စ များကို ပညာရပ်ဆိုင်ရာချဉ်းကပ်နည်းဖြင့် စနစ်ကျနစွာချဉ်းကပ်ခြင်းမရှိဘဲ ထင်ရာမြင်ရာများကို ‌ရေးသားထားသည်နှင့်ပတ်သက်၍ ‌ရေးသားထားသော‌ ဆောင်းပါးဖြစ်သည်။ ထို‌ဆောင်းပါးတွင် ရသပညာကို ဝါဒဖြန့်ချိခြင်းအတွက် အသုံးမပြုသင့်သည်နှင့်ပတ်သက်၍ ‘ရသပညာတည်းဟူ‌သော ပညာရပ်မှာ လူမျိုး‌ရေးပဋိပက္ခကို ဦးတည်၍ လည်း‌ကောင်း၊ ‌ဒေသဆိုင်ရာ ညီညွတ်မှုကို ပျက်ပြား‌စေရန် ဦးတည်၍ လည်း‌ကောင်း၊ လက်ကြိတ်ထိုး ‌စေ့‌ဆော်ရန်အတွက် ကိရိယာတန်ဆာပလာတစ်ခုအဖြစ် သုံးရန်မသင့်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၅) အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း‌ ဆောင်းပါးသည် ဖန်တီးမှုအနုပညာရပ်ကို မိမိ၏ သိမှုနယ်ပယ်အတွင်းမှမိမိ သိရှိ ထားသည့် စံလွဲများဖြင့် ချဉ်းကပ်ခြင်း၊ ‌လေ့လာခြင်း၊ သုံးသပ်ခြင်းများနှင့် ပညာရပ်နယ်ပယ်တစ်ခုကို အဆုံးအစွန်အထိ ‌လေ့လာလိုက်စားခြင်းမရှိဘဲ ထင်ရာမြင်ရာ‌ပြောဆို‌ရေးသားကြသည်နှင့်ပတ်သက်၍ ‌ရေးသားထား‌သော‌ဆောင်းပါးဖြစ်သည်။ ထိုအချက်များနှင့်ပတ်သက်၍ ‘စင်စစ် စာ‌ပေကို ပညာရပ်တစ်ခုအဖြစ် ‌လေ့လာကာ ‌ဝေဖန်ဆန်းစစ်အကဲဖြတ်မည်ဆို‌သော စနစ်/စည်း တစ်စုံတရာ အတွင်းမှသာ ‌ဝေဖန်ဆန်းစစ်ခြင်း ပြုနိုင်‌ပေမည်။ မိမိအမြင်တစ်ခုတည်းကို အ‌ခြေခံကာ မပြုနိုင်။ ပြု‌သော် စနစ်တကျပြုခြင်း မမည်‌တော့။ စနစ်တကျမဟုတ်‌သော် တန်ဖိုးတစ်စုံတရာမရှိ’ဟု (ဆရာ) မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၆) အနုပညာ၊ ရသပညာ၊ ကိုယ့်ကျင့်တရားနှင့်တန်ဖိုး ‌ဆောင်းပါးသည် အနုပညာနှင့်ရသပညာကို ချဉ်းကပ်‌လေ့လာရာတွင် ကိုယ့်ကျင့်တရားဆိုင်ရာ များကို မလိုအပ်ဘဲထည့်သွင်း ‌ပြောဆို‌ရေးသားထား သည်များကို ‌ထောက်ပြ‌ချေဖျက်ထား‌သော ‌ဆောင်းပါတစ်ပုဒ်ဖြစ်သည်။ ထိုအချက်များနှင့်ပတ်သက်၍ ‘ငြိမ်းချမ်း‌နေ‌သော နိုင်ငံ၊ မည်သို့အရပ်၊ မည်သို့‌သောတိုင်း၊ နိုင်ငံများတွင်မဆို အနုပညာလက်ရာ ထုတ်လုပ်နိုင်မှုများ ရှိကြသည်ချည်း ဖြစ်သည်။ ညီညွတ်မှ၊ မညီညွတ်မှဟု လူ‌နေမှု ဘဝအ‌ခြေခံအသွင်များကို စံ တစ်စုံ တစ်ရာအဖြစ် လက်ခံကာ အနုပညာဖန်တီးမှုအ‌ပေါ် ‌ပေကြိုးဖြင့် တိုင်းတာ၍ မရ’ ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၇) အနုပညာ၊ ခံစားချက်၊ ဂီတနှင့်ရသပညာ‌ ဆောင်းပါးသည် ဂီတ၊ ရသပညာနှင့်အနုပညာရပ်များကို ဖန်တီးရာတွင် ခံစားမှုဖြင့်‌ရေးဖွဲ့သည်ဟု ‌ပြောဆိုကြသည့် အယူအဆနှင့်ပတ်သက်၍ ‌ရေးသားထား‌သော‌ ဆောင်းပါးဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ ‘ခံစား၍ ‌ဖော်ထုတ်ခြင်း(တစ်စုံတရာ ဖန်တီးလိုက်‌သော အပြုအမူ)တိုင်းသည် အနုပညာလက်ရာတစ်စုံတရာ(အနုပညာပစ္စည်းဟု ယူလို‌သော်ယူပါ) ဖြစ်လာနိုင်ပါမည်‌လော။ နမူနာပြဆို၍ ရှင်းလင်းပါရ‌စေ။ လူတစ်ဦးတစ်‌ယောက်၏ သိမှုအတိုင်းအတာ တစ်‌နေရာရာတွင် ထိန်းချုပ်ထားရ‌သော သို့မဟုတ် လက်ခံရယူထား‌သော အ‌ကြောင်း အရာ အချက်အလက် တစ်ခုသည် သူ၏ အသိထဲတွင် ခံစားချက်တစ်ရပ်အဖြစ် တည်‌နေခဲ့သည်ဟု ဆိုကြပါစို့။ တစ်‌နေ့‌သော် အ‌ကြောင်းတိုက်ဆိုင်မှု တစ်ခုခု‌ကြောင့် အမှတ်မထင်ဖြစ်‌စေ၊ ထင်ထင်မှတ်မှတ်ဖြင့် ဖြစ်‌စေ၊ သူ၏ ပါးစပ်မှ ‘ဒီ‌ခွေး‌ ကောင်‌တွေ လုပ်လိုက်ရင် ဒီလိုချည်းပဲ’ဟု ပွင့်အန် ကန် ထွက်လာသည် ဆိုကြပါစို့။ ထိုခံစားချက်ကို ‌ဖော်ထုတ်လိုက်ခြင်းသည် အနုပညာတစ်ရပ်ဖြစ်လာသည်ဟု ဆိုရပါမည်‌လော။ မဆိုနိုင်ပါ’ဟု (ဆရာ) မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။ ထို့အပြင် ‘ခံစားချက်ကို ‌ဖော်ထုတ်ဖန်တီးပြခြင်းဟု ဆိုသည်များအားလုံးကို အနုပညာဖြစ်သည်ဟု ယတိ ပြတ်မဆိုနိုင်‌ကြောင်းဖြစ်သည်’ဟုလည်း ထည့်သွင်း‌ရေးသားထား သည်။

(၈) သူများဇာတ်‌ကောင်၊ ကိုယ့်ဇာတ်‌ကောင်နှင့်လက်လွတ်စပယ် လုပ်ပိုင်ခွင့်‌ ဆောင်းပါးသည် (ဆရာ)မြသန်းတင့်‌ရေးသားခဲ့သည့် ‘ကျွန်‌တော်ဆက်၍ ‌ရေးချင်‌သော ဝတ္ထုများ’နှင့်ပတ်သက်၍ စာ‌ရေးဆရာ‌မောင်သန်း‌ဆွေ(ထားဝယ်)‌ရေးသားခဲ့‌သော‌ဆောင်းပါးများကို ပြန်လည်‌ထောက်ပြ‌ဝေဖန်ခဲ့‌သော ‌ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ထို‌ဆောင်းပါးတွင် (ဆရာ)မြသန်းတင့်၏ ‘ကျွန်‌တော်ဆက်၍ ‌ရေးချင်‌သော ဝတ္ထုများ’၏ မူလရည်ရွယ်ရင်း၊ ရှိရင်းစွဲ ဝတ္ထုများကို ထပ်မံ‌ရေးသားကြသည့် နိုင်ငံတကာမှ အဖြစ်အပျက်၊ မူ၊ မူပိုင်ခွင့်ဆိုင်ရာနှင့် (ဆရာ)မြသန်းတင့်၏ သ‌ဘောထားများကို တင်ပြထား‌သော ‌ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ‘ကျွန်‌တော် ဆက်‌ရေးချင်‌သော ဝတ္ထုများမှာ လက်တင်အ‌မေရိကန်စာ‌ရေးဆရာကြီးများ ‌ရေး‌လေ့ရှိ‌သော မယ်ဂျစ် ရီရယ် လစ်ဇင် Magic Realism ဆန်ဆန် အ‌ရေးအသားမျိုးသာဖြစ်သည်ဟု မြင်မိ သည်။ ‌ဘော(ရ)ဂဲ Jorge Luis Borge မားကက်(ဇ) Garcia Marquez တို့‌ရေးသားခဲ့ပုံ ဆန်ဆန်ဖြစ်သည်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။ ထို့အပြင် မူပိုင်ခွင့်ဆိုင်ရာများနှင့်ပတ်သက်၍ ‘မည်သည့် ဖန်တီးမှု အနုပညာသည်မဆို အခြားသူ တစ်ဦးဦး၏ ဖန်တီးမှုတစ်စုံတရာကို ဖန်တီးသူ၏ ခွင့်ပြုချက်မရှိဘဲ ကိုယ့်စိတ်ကိုယ့်သ‌ဘောဖြင့် ပြန်လည်ကာ သီးခြား ဖန်တီးမှုပြုခဲ့လျှင် (ဥပ‌ဒေက ခွင့်ပြု‌သော်)လုပ်နိုင်ပါသည်။ သို့ရာတွင် စင်စစ် ထိုသို့ ပြုမှုခြင်းကို ‌စေ့‌စေ့‌တွေးကြည့်လျှင် ‘ခိုးယူခြင်း’သာဖြစ်ပါသည်။ ကျွန်‌တော်စဉ်းစား၍မရ‌သော အချက်တစ်ခုမှာ အဘယ်‌ကြောင့် အခြားသူတစ်ဦးဦး၏ ဖန်တီးမှုကို အလွယ်တကူ ယူငင်သုံးစွဲခြင်းကို ‘လုပ်ပိုင်ခွင့်’အဖြစ် ရှုမြင်လက်ခံသည်မသိ’ဟုလည်း ထည့်သွင်း‌ရေးသားထားသည်။

(၉) အနုပညာ၏ ဖန်တီးမှုနှင့်နည်းလမ်း ‌ဆောင်းပါးသည် အမျိုးအမည်၊ အမျိုးအစားဖန်တီးမှုများနှင့်ပတ်သက်၍ ‌ရေးသားထား‌သော ‌ဆောင်းပါးဖြစ် သည်။ ထိုအချက်များနှင့်ပတ်သက်၍ ‘ရသပညာသည် အနုပညာဖန်တီးမှုအတွက် စည်းရိုးတား‌ပေးခြင်း သို့မဟုတ် စည်းရိုးရှိသည်ဟု အဆိုပြုခြင်းပါ‌လော။ မဟုတ်ပါ။ ဆရာစဉ်ဆက် လက်ခံလာခဲ့ခြင်းဟု အနက်ယူထား‌သော သမ္ပ ဇဉ်သည် အနုပညာဖန်တီးမှုအတွက် စည်းရိုး၊ ကန့်သတ်ချက်‌လော။ မဟုတ်ပါ။ သမ္ဋဇဉ်သည် အ‌ခြေခံနည်းလမ်း ‘မျှသာ’ ဖြစ်သည်ဟု ထည့်သွင်း‌ရေးသားခဲ့သည်။ ထို့အပြင် ‘အနုပညာဖန်တီးထုတ်လုပ်မှုတွင် နည်းပညာကိုသာ လက်ဆင့် ကမ်းနိုင်သည်။ အနုပညာဖန်တီးမှုမှာ လူတစ်ဦးချင်းစီ၏ ပုဂ္ဂလိက အားထုတ်မှုသာဖြစ်သည်။ အနုပညာသည် သိပ္ပံပညာကဲ့သို့ မူ‌သေစံကိုက် နည်းပညာတို့ဖြင့် တည်‌ဆောက်ထားသည် မဟုတ်’ဟုလည်း ထည့်သွင်း‌ရေးသားထားသည်။

ဟန်‌ဆန်း


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ပညာသိုက်

တိုက်စိုး
Book Review Image

မလိမ်တတ်မညာတတ်တဲ့လူတစ်ယောက်နှင့်အခြားဝတ္ထုတိုများ

မြင့်သန်း
Book Review Image

ခရီးပန်းတိုင်ရယ်လို့ မရှိ

ကိုတာ
Book Review Image

ဦးတင့်ဆွေ

ဦးတင့်ဆွေ
Book Review Image

စာကြည့်တိုက် ခရီးသည်

ဟိန်းလတ်
Book Review Image

ကြောက်စိတ်နဲ့ ကလေးတို့မနက်ဖြန် (သင့်ဘဝမျက်နှာဖုံးဆောင်းပါးများ)

မောင်သစ်ဆင်း
Book Review Image

အ​တွေး​နောက်​က အ​ရေး ( ​တောက်​တိုနှင်​့ မမည်​မရများ )

မြင့်သန်း
Book Review Image

စာအုပ်​များနှင်​့နှစ်​​ပေါင်​းများစွာ ၊ မင်​ခြစ်​​ကောက်​​ကြောင်​းများ

ကျော်ဝင်း
Book Review Image

ဗော်လဂါမှ ဂင်္ဂါသို့

ပါရဂူ
Book Review Image

စခန်​း​နော်​ လိုရာကွန်​့နိုင်​တဲ့

​မောင်​ထင်​
Book Review Image

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တွေးစရာ ဆောင်းပါးများ

ကျွန်း
Book Review Image

လင်​းယုန်မှတာရာ ( လင်​းယုန်​ဂျာနယ်​ပါ​ ဆောင်​းပါးများစုစည်​းမှု )

ဒဂုန်တာရာ
Book Review Image

​ဇော်​ဂျီ ၊ ကျွန်​​တော်​ နှင့် သီရိပစ္စယာအလွမ်း

မြသန်းတင့်
Book Review Image

​ခေတ်​စမ်​းပုံပြင်​များ ​(ခေါ်) ​ခေတ်​စမ်​းဝတၳုများ

မင်းသုဝဏ်
Book Review Image

အောက်​​မေ့တသအမှတ်​တရစာ

လူထုဒေါ်အမာ
Book Review Image

အနက်ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရများအဘိဓာန်

သန်းဝင်းလှိုင်
Book Review Image

၀င်းဖေ ၏ လွယ်အိတ် ၁+၂+၃

၀င်းဖေ
Book Review Image

လန်ဒန်-ရောမ၊ ဥရောပ

မသီတာ(စမ်းချောင်း)
Book Review Image

စိတ်​ဓာတ်​​တော်​လှန်​​ရေး

​ဒေါက်​တာ​အောင်​ခင်​
Book Review Image

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း

ဟန်ဇော်
Book Review Image

အဓိပ္ပာယ်မဲ့ပြဇာတ်

အောင်ခင်မြင့်
Book Review Image

ဗမာစာ တတ်ဖို့လိုတယ်

မောင်သာနိုး
Book Review Image

လူထု နှင့် နိုင်ငံရေး

မောင်စွမ်းရည်
Book Review Image

အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ

ဂျူး
Book Review Image

ကျွန်တော် တွေးမိသလိုရေးပါမည် အမှတ် ၂

မောင်အောင်မွန် ( ဝင်းအောင်ကြီး )
Book Review Image

ကျွန်တော်သည်မျောက်ကဆင်းသက်၏

ကိုတာ
Book Review Image

ပင်စင်နာတစ်ဦး၏ အတွေးအထင်

မောင်သော်က
Book Review Image

သုတေသနအားဖြင့် ထပ်မံပြောဆိုရန်လိုအပ်လာသဖြင့် တင်ပြခြင်း

ဒေါက်တာမြင့်ဇော်
Book Review Image

နေ့စဉ်မှတ်တမ်း

ဒဂုန်တာရာ
Book Review Image

နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လဲ

ဒဂုန်တာရာ
Book Review Image

ပြည်ပ ပညာရှင်များ နှင့် မြန်မာစကား၊ မြန်မာစာ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ပျူအစဆိုတဲ့ ရောဂါ

မောင်သာနိုး
Book Review Image

စင်ပေါ်မှာ စင်နောက်မှာ

​မောင်​​သော်​က
Book Review Image

တာရာမဂ္ဂဇင်း၏နိဂုံး

ဒဂုန်တာရာ
Book Review Image

ပန်းချီကို ဘယ်နည်းနဲ့ရေးကြမလဲ

ရန်ကုန် ဘဆွေ
Book Review Image

မအက္ခရာ ဝတ္ထုတိုများ

သိပ္ပံဗထွေး
Book Review Image

စာမျက်နှာ ၁၈

ရဲမိုး
Book Review Image

တောအကြောင်းတောင်အကြောင်း ၁,၂,၃

နတ်နွယ်
Book Review Image

ပြည်သူ့ဆုတောင်း နှင့် အခြားစာများ

ဂျာနယ်ကျော်မမလေး
Book Review Image

ကျွန်တော်ဘာ့ကြောင့် စာရေးရသလဲ

​မောင်​ထင်​
Book Review Image

စာပေသစ်၏ဆည်းဆာရောင်

ဒဂုန်တာရာ
Book Review Image

နွေဦးနှင့်နှင်းခဲပန်း

ဒဂုန်တာရာ
Book Review Image

ဆရာလွန်းက ခေတ်ပေါ်ဗမာစာပေရဲ့ မတုပနိုင်တဲ့ မစ္စတာမောင်မှိုင်း ဖြစ်လာပုံ

မောင်သာနိုး
Book Review Image

ဂျက်ဆီကာအတွက် အမှန်တရား

ဝင်းဇော်လတ်
Book Review Image

အညာဓလေ့ ရွာဓလေ့

ကိုလေးမြတ်
Book Review Image

ဘိလပ်ပညာတော်သင်ဘဝ

ကလောင်စုံ
Book Review Image

ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ်

ကလောင်စုံ
Book Review Image

စာကိုး စကားကိုး

တိုက်စိုး
Book Review Image

လူဖြစ်ရကျိုးနပ်ပါစေ

ရွှေဥဒေါင်း
Book Review Image

ဂနိုင့်ကျက်သရေစာပေဆောင်းပါးများ

နေဝင်းမြင့်
Book Review Image

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

စာကြည့်တိုက်သမား စကားအထွေထွေ

အရှင်မနောဟရ (မြစကြာ)
Book Review Image

သာမန်လူများ

ဒေါက်တာမြင့်ဇော်
Book Review Image

သဘောတူရင် လက်ခုပ်တီးဖို့ မမေ့ပါနဲ့

နောင်ကျော်
Book Review Image

လူထုဒေါ်အမာ ရဲ့ မိတ်ဆက် အမှာများ

လူထုဒေါ်အမာ
Book Review Image

လူသတ်ကွင်းများ၊ ဘိုပါ့နာ့

ဒေါက်တာမြင့်ဇော်
Book Review Image

အမှောင်ထဲမှာ သိခဲ့သည်များ

ဒေါက်တာမြင့်ဇော်
Book Review Image

ရွှေခေတ် ဂန္တဝင်မင်းသား မင်းသမီးများ

မောင်နေကြည်
Book Review Image

လူတစ်ယောက်ရဲ့ ကောင်းကင်များ

ဖိုးသော်တာ
Book Review Image

အမေရိကန် တက္ကသိုလ်၊ အမေရိကန်ကျောင်းသား

အောင်မိုးဝင်း
Book Review Image

စာကြည့်တိုက်ထဲက စကားပြန်

ဝင်းတင့်
Book Review Image

ရှေးဟောင်းနှောင်းဖြစ်

လူထုဒေါ်အမာ
Book Review Image

သောင်းပြောင်းထွေလာ ရေးချင်ရာရာ ( ပဉ္စမတွဲ )

လူထုဦးလှ
Book Review Image

စာပေဆွေးနွေးပွဲ

အထောက်တော်လှအောင်
Book Review Image

ရိုးရာမှသည် ခေတ်သစ်သို့

ဗဂျီအောင်စိုး
Book Review Image

အမှတ်တရ မိုင်တိုင်အမှတ် ၇.၀

ကလောင်စုံ
Book Review Image

ခရီး နိုင်ငံရေး

နေဝင်းမြင့်
Book Review Image

အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်

ထက်ရည် (Brand You)
Book Review Image

ပျော်ရွှင်ပါစေ

ဒေါက်တာဖြိုးသီဟ
Book Review Image

စဥ်းစားခြင်း

ဖေမြင့်
Book Review Image

မနက်စာအာဟာရ_၁

မွန်ဟော်စီ
Book Review Image

အဓိပ္ပာယ်ရှိသောဘ၀

ထက်ထက်ထွန်း(Waterfall)
Book Review Image

We must win

ပီတိ(ပေကြီး)
Book Review Image

ငါတို့အနာဂတ် ငါတို့ဖတ်စာ

ပီတိ(ပေကြီး)
Book Review Image

ပြည်သူတွေကိုသိစေချင်တဲ့ပြည်သူ့နီတိ

ပီတိ(ပေကြီး)
Book Review Image

ညီမလေးသို့ နှလုံးသားဓာတ်စာ

ပီတိ(ပေကြီး)
Book Review Image

သင့်စိတ်ကို လွတ်လပ်စေမယ့်အတွေးများ

ပီတိ(ပေကြီး)
Book Review Image

လူငယ်မောင်မယ်များနှင့်ဘာသာတရား

ပီတိ(ပေကြီး)
Book Review Image

မင်းကျန်းမာပျော်ရွှင်နေစေဖို့

ပီတိ(ပေကြီး)
Book Review Image

ဒီကောင်မလေး မဆိုးဘူး အမှတ်(၁)

မောင်အေးကို (ပေါင်တလည်)
Book Review Image

ဒီကောင်မလေး မဆိုးဘူး အမှတ်(၂)

မောင်အေးကို (ပေါင်တလည်)
Book Review Image

အကြမ်းထည်စိတ်ကူးအိပ်မက်တို့၏ ဆင့်ကဲအတွေးစများ

မောင်အေးကို (ပေါင်တလည်)
Book Review Image

တစ်စုံတစ်ယောက်ကို ချစ်ဖို့အတွက် တစ်စုံတစ်ယောက်ကို မုန်းရန်မလို

မိုးကျော်ဇင်
Book Review Image

ခိုင်မြံတွယ်တာနည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

လူငယ်လမ်းညွှန် ဘဝမီးရှူးတိုင်

ကြည်ရွှန်း
Book Review Image

ပညာရှိရာသို့ ခြေလှမ်းများစွာ

ကလောင်စုံ
Book Review Image

လူငယ်နှင့် ပရော်ဖက်ရှင်နယ်

ကလောင်စုံ
Book Review Image

မြိုင်မြိုင်ဆိုင်ဆိုင် စာရိပ်မြိုင်

ကလောင်စုံ
Book Review Image

လူမိုက်၊ လူ​တော်၊ ပညာရှိ

တူ​ဒေးအယ်ဒီတာအဖွဲ့